၁၈၂၁ ခုနှစ်တွင် အာသံဘုရင်ခံ (အာသံနယ်စား) စန္ဒရကန္တရှိန်သည် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှနယ်ချဲ့ သမား၏ ကြေးစား စစ်တပ်များ အကူအညီဖြင့် မြန်မာဘုရင် ဘကြီးတော်ဘုရားအား ထောင်ထား ခြားနားရာ၊ စစ်သူကြီးမဟာဗန္ဓုလ ဦးစီးကွပ်ကဲ၍ မြန်မာစစ်သည် (၇၀၀၀)ဖြင့် အာသံသို့ သွားရောက် တိုက်ခိုက် နှိမ်နှင်းခဲ့သည်။
ဤသို့ချီတက်ရာတွင် မဟာဗန္ဓုလ ဦးဆောင်သောတပ်များ မိုးကောင်းမှ ဆက်လက် မချီတက်မီပင် မိုးကောင်းအထက်မှ ကချင်ဂျိန်ဖေါ့တို့ နေထိုင်သည့် တောင်စား စော်ဘွားတို့က အမှုတော်ကို ကောင်းစွာ လိုက်လိုကြောင်း ဗိုလ်မှူးမင်းကြီး မဟာ ဗန္ဓုလထံ လျှောက်ထားခွင့် တောင်းကြရာ မဟာဗန္ဓုလ၏ ၀မ်းပန်းတသာ ခွင့်ပြုချက်အရ တောင်စား ဗိုလ်နေမျိုးသိန်ပရာဇာနှင့် ကချင်စစ်သည် (၁၀၀၀)ခန့် ပါဝင်ချီတက် တိုက်ခိုက်ခဲ့သည်။
စစ်သူကြီး မဟာဗန္ဓုလနှင့်အတူ အာသံသို့ လိုက်ပါအမှုထမ်းခဲ့သော ကချင် တိုင်းရင်းသား စစ်သည်များကို ဗိုလ်နေမျိုးသိန်ပရာဇာနှင့်အတူ ရှရော့လ၊ လဆန်တန်၊ လ၀မ်ဇော်လီ၊ လော့အွမ်ဇော်ရီ၊ အင်ဒိန်လော့အွမ်ဒူ၊ ဇော်ဂျာမစောဖြီ နှင့် လော့ခွမ် ဇော်တောင်တို့က ဦးဆောင်ခဲ့သည်။
ဗိုလ်နေမျိုးသိန်ပရာဇာသည် ဟူးကောင်းတနိုင်းနယ်မှ ကချင်အမျိုးသား ဒိုင်ဖာဒူဝါ ဒိုင်ဖာဂမ်ပင်ဖြစ်သည်။ ဒူဝါဒိုင်ဖာဂမ်အား အာသံနယ်စား စန္တရကန္တရှိန်ကို နှိမ်နှင်းရာ၌ ပါဝင်တိုက်ခိုက်ခဲ့သဖြင့် မြန်မာဘုရင်မှ စစ်သူကြီး အဆောင်အယောင်ဘွဲ့တံဆိပ်၊ ရွှေဒါး၊ ၀တ်စုံများကို ချီးမြှင့်ခဲ့ပါသည်။
ဒိုင်ဖာဒူဝါရရှိခဲ့သော စစ်သူကြီးအဆောင်အယောင်ဘွဲ့တံဆိပ်များမှာ -
(က) တောင်ရှည်ဝတ်စုံအင်္ကျီ (၁) ထည်
( ခ ) လက်ရုံးတော် (၂) ခု
( ဂ ) ဦးသျှောင် (၁) ခု
(ဃ) ကျောက်စိမ်းကွင်း(၂၅)ကွင်းပါပိုးကန့်လန့်ကာ (၁)ထည်
( င ) ရွှေဒါး (၁)လက် တို့ဖြစ်သည်။
ဒိုင်ဝါဒူဝါရရှိခဲ့သောဘွဲ့အမည်များမှာ -
1. Taunglon Thiha Kyaw Zawa
2. Saton Mani Nawyahta
3. Tanebung Naung Nawyahta
4. Ganda Thikdi
5. Taunglon Thiha Kyaw Htin
6. Sawbi Thura Nawyahta
7. Thiri Papbahta Taba Yaza
8. Thingba Thura Yaza
9. Maha Thiri Zeya Taba Yaza တို့ဖြစ်သည်။
စုံလင်ပြည့်စုံခြင်းမရှိသော်လည်း ကချင်တိုင်းရင်းရင်းသားမျိုးနွယ်စုများ၏ သမိုင်းထဲမှသူရဲကောင်းအဖြစ်ဂုဏ်ယူ၍ စုစည်း ဖော်ပြခြင်းသာဖြစ်ပါကြောင်း . . .
Research by Traditional Man ( Kachin )
Ref:
(1) ပညာရေးဌာနကြီး, တိုင်းရင်းသားလူမျိုးများ
၏နယ်ချဲ့ ဆန့် ကျင်ရေးသမိုင်း, မြန်မာနိုင်ငံ
ဆိုရှယ်လစ်လမ်းစဉ်ပါတီ,ပါတီစည်းရုံးရေး
ဗဟိုကော်မတီဌာနချုပ်, ၁၉၆၈ခု မေ ၁၃.
(2) B.D.Maran, Kachin Political Culture
Legacy, Kachin Research Journal
No. IV
0 comments:
Post a Comment