နောင်းနောင် ချစ်တဲ့ မိသားစု အားလုံး.. အားလုံး နောင်းနောင်ကို သတိရနေသလို နောင်းနောင်လည်းဘဲ အစဉ်သတိရလျက်ပါ။ နောင်းနောင် မလေးရှားကို ကောင်းမွန်းစွာ ရောက်ခဲ့ပေမဲ့ ကွဲပြားခြားနားတဲ့ ရာသီဥတုနဲ့ နေရာသစ်မှာ အထိုင်ကျအောင် ရုန်ကန်နေရဆဲပါ။ အမြန်ဆုံး အထိုင်ကျလိမ့်မယ်လို့တော့ မျှော်လင့်မိတယ်။
၃.၃.၂၀၁၂ ရက်နေ့ကစပြီး နောင်းနောင် အလုပ်စတင်ဝင်ဖြစ်ခဲ့တယ်။ ထိုင်းမှာနေတုန်းကလို Computer တစ်လုံးနဲ့ သက်တောင့်သက်ရှိတဲ့ ရုံးအလုပ်တော့မဟုတ်ဘူးပေါ့။ စားသောက်ဆိုင် တစ်ခုမှာ အလုပ်လုပ်ရတာပါ။ တစ်ပါတ်မှာ ၂ ရက်ကတော့ Drink bar မှာ အချိုရည်ဖျော်ဆရာအဖြင့်သော်၎င်း၊ ကျန် ၄ ရက်မှာတော့ ရှေ့ဆိုဒ်မှာ စားပွဲထိုးအဖြင့်သော်၎င်း လုပ်ရတာပါ။ ဆိုင် နာမည်က Rak Thai လို့ခေါ်ပြီး MID VILLEY CITY ဆိုတဲ့ PLAZA ထဲက စားသောက်ဆိုင် တစ်ဆိုင် ဆိုလည်း မမှားပါဘူး။ စားသောက်ဆိုင်ဆိုတော့ သိတယ်မဟုတ်လား??? အနဲနဲ့အများတော့ ပင်ပန်းမှာဆိုတာ အသေအချာဘဲပေါ့။ သက်တောင့်သက်သာတော့ ဘယ်ရှိမှာလဲ။ အခုနောင်းနောင် လုပ်တဲ့ Rak Thai ဆိုတဲ့ စားသောက်က ဆိုင်ကြီးဆိုတော့ ပိုဆိုတာပေါ့ ထင်ထားဒါထက်တောင် ပိုလို့ ပင်ပန်းတယ်လို့ ပြောရမလားဘဲ။
နောင်းနောင်က အခုမှဘဲ မလေးရှား စရောက်တယ်ဆိုတော့ အလုပ်ရွေးနေလို့တော့ မဖြစ်ဘူးပေါ့။ စားဖို့၊ သောက်ဖို့၊ နေဖို့ အသုံးစရိတ်က ရှိသေးတယ်မဟုတ်လား??? ဒါကြောင့် ရတဲ့အလုပ်ကို အရင်လုပ်တဲ့သဘောပေါ့။ ဒါပေမဲ့ ဒီအလုပ်ကို နောင်းနောင်သဘောကျပါတယ်။ အမြဲတမ်း လုပ်လုပ်ရှားရှားနဲ့ တက်တက်ကြွကြွရှိနေတော့ ကျန်းမာရေးနဲ့ရော ညီညွတ်တယ်လို့ ပြောရမလားဘဲ။ လွန်ခဲ့တဲ့ နှစ်တွေမှာ ကွန်ပျူတာ တစ်လုံးနဲ့ တစ်နေကုန် မိုးလင်းမိုးချုပ် ရုံးအလုပ်ဘဲ လုပ်ဖြစ်ခဲ့တော့ ကိုယ်လက်လုပ်ရှားမှု တိတ်မရှိဘူး။ ရုံးအလုပ်ဆိုတော့ သိတဲ့အတိုင်း ထိုင်းပြီးလုပ်ရတဲ့အလုပ်ဆိုတော့ ကြာလာရင် လူက ပျင်းကြောထချင် လာတယ်။ ဒါပေမဲ့ အခုရတဲ့အလုပ်က အမြဲတမ်း တက်တက်ကြွကြွ နိုးနိုးကြားကြားရှိနေရမယ်ဆိုတော့ ပျင်းကြေားထလို့ မရတော့ဘူးပေါ့.. ဒါကြောင့် ဒီအလုပ်က နောင်းနောင်ကို စိတ်သစ်၊ လူသစ်နဲ့ လန်းဆန်းတက်ကြွနေတဲ့ လူငယ်လေးတစ်ယောက် ဖြစ်လာအောင် ကူညီပေးလိမ့်မယ် ဖြစ်တဲ့အတွက် ကျေးနပ်တယ်။ နောင်းနောင်နဲ့ သင့်လျော်တဲ့ အလုပ်ဖြစ်လိမ့်မယ်လို့လည်း စိတ်ထဲမှာ ခံစားမိတယ်။ နောင်းနောင်အတွက် အကောင်းဆုံး ဘုရား ပြင်ဆင်ပေးတဲ့ အရာဆိုလည်း မမှားဘူးပေါ့။
နောင်းနောင် စာကို ဒီမှာဘဲ ရပ်တော့မယ်နော်… ပြောပြချင်တာတွေက များနေတော့ စာတောင် အရမ်းရှည်သွားပြီ… မျက်စိတွေတော့ ညှောင်နေတော့မှာဘဲ… မျက်စိအားတိုးဆေးတော့ နောက်မှဘဲ ဝယ်ပို့တော့မယ်နော်… ဟီး… အစဉ်ပြေတယ် မဟုတ်လား…
သတိရပေါင်းများစွာနဲ့ နောင်းနောင်
0 comments:
Post a Comment