ချစ်သောမိသားစုအားလုံး အစစအရာရာ အဆင်ပြေလျက် စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်မာခြင်းနှင့် ပြည့်စုံကြပါစေလို့ ရှေ့ဦးစွာ ဆန္ဒပြုလိုက်ပါတယ်။
နောင်းနောင် ကျေးဇူးတော်သက်သက်ဖြင့် (၂၈.၂.၂၀၁၂)ရက်နေ့တွင် လိုရာခရီးဖြစ်တဲ့ မလေးရှားကိုကောင်းမွန်စွာ ရောက်ရှိခဲ့တယ်... လမ်းခရီးအတွင်း အနည်းငယ်တော့ ပင်ပန်းခဲ့တာပေါ့နော်.. အမေပြောပြောနေနဲ့ ဟော လူလိမ်၊ လူကောက် ပွဲစားတွေရဲ့ ငွေညစ် လိမ်လည်မှုကြောင့် နှစ်ရက်နဲ့ နှစ်ည မရပ်မနားဘဲ တောလမ်းလျှောက်ဖြစ်ခဲ့တယ်... လောကမှာ လူလိမ်၊ လူကောက်တွေ ပေါတာမဆန်းပေမဲ့ ကိုယ်တိုင်အလိမ်ခံရတော့ စိတ်ထဲခံစားရတာ မကောင်းဘူး။ လမ်းမပေါက်တဲ့ အဲဒီတောကြီထဲမှာ လမင်းရဲ့ မိန်ဖျော့ဖျော့ အလင်းရောင်ကို အမှီပြုလျက် ခရီးနင်းခဲ့ပုံက ရုပ်ရှင် ဇာတ်ဝင်ခန်းထဲ သရုပ်ဆောင်နေရတဲ့ အတိုင်းဘဲ... မျက်မမြင်ကို ကမ္ဘာတစ်ပတ် လမ်းလျောက်ခိုင်းသလိုမျိုး မှောင်မိုက်နေတဲ့ တောကြီး၊ ညကြီးထဲမှာ ဒုက္ခတွေရောက်လို့ပေါ့... ဟိုခလုပ်တိုက် ဒီခလုပ်တိုက်နဲ့ ခြေထောက်တွေက ပွမ်းပဲ့နာကျင် ကိုက်ခဲ့ပေမဲ့ မရပ်မနားဘဲ ခရီးနှင်းခဲ့ရတယ်။ တောကြီးထဲမှာဆိုတော့ သိတဲ့အတိုင်းဘဲ ချောင်းဖြတ်လိုက်၊ တောင်တက်လိုက်နဲ့ ကိုယ်အပူချိန်က ပုံမှန်မဟုတ်ဘူးတော့ သူငယ်ချင်းအချို့က ဖျားကြပြီပေါ့... ဖျားမှာပေါ့ လမ်းခရီးထဲမှာ ချောင်းရေဘဲသောက်၊ ပြီးတော့ မာမားခေါက်ဆွဲခြောက် ၂ ထုတ်လောက်နဲ့ ဘယ်လိုမှ အာဟာရ မဖြစ်နိုင်ဘူးလည်... ကုန်းဆုံးသွားတဲ့ အားအင်တွေ ပြန်မဖြည့်နိုင်တော့ ဖျားကုန်ကြတာပေါ့.. လမ်းခရီးကြမ်းတော့ နောင်တရတဲသူ၊ ငိုတဲ့သူနဲ့ ဖျားတဲ့သူ အစုံပေါ့။ ဒါပေမဲ့ အမေ့သားတော့ လမ်းခရီးထဲမှာ တခါမှ ငိုဖို့မပြောနဲ့ ညှီးဖို့တောင် သတိမရခဲ့ပါဘူး... အဟုတ်ပြောတာနော်... တောင်ပေါ်သားဘဲ ဒီအခက်အခဲလောက်တော့ အမေ့သားစာမဖွဲ့ပါဘူး.... ဟုတ်တယ်ဟုတ်...????
၂ ရက် ၂ ည လမ်းလျှောက်ခဲ့ပြီး လမ်းခုလပ်ပေါ် ခတ္တခဏအနာယူနေစဉ် "တီး..တီး..တီ.." ဆိုတဲ့ ကားဟွမ်းသီးသံနဲ့အတူ ၂ ခန်းတွဲ HIlUX ကားအမျိုးအစား ကားတစ်စီ အနားမှာ ရောက်ရှိလာတယ်။ "အားလုံးကားပေါ်တက်၊ မြန်မြန်တက်တက်" ဆိုတဲ့အသံနဲ့အတူပေါ့... ကားသံ ကြားလိုက်တာနဲ့ ဇိမ်ရှိရှိကာစီးရတော့မယ် ဆိုတဲ့အတွေးနဲ့ ကခုန်မတတ် ဝမ်းသာစိတ်နဲ့ ကားပေါ်ကို သူ့ထက်ငါ အလုအယှက် တက်ခဲ့မိတယ်။ ဒါပေမဲ့ ဒီတကြိမ်လည်း စိတ်ကူနဲ့လေ့တွေ့ တထပ်တည်း မကြခဲ့ပြန်ဘူး။ ကားပေါ်မှာ ဇိမ်ရှိရှိ စီးဖို့မပြောနဲ့ အသက်တောင် အလုအယှက် ဝအောင် မနည်းရှုခဲ့ရတယ်။ ကားရှေ့ခန်း ကျင်းကျင်းလည်းထဲမှာ လူအယောက် ၂၃ တင်တယ်ဆိုတာ ကြားလို့မှ ကောင်းသေးရဲ့လား? လူကို ကုန်ပစ္စည်များ ထင်လားမသိဘူး.. တစ်ယောက်ပေါ်တစ်ယောက် ထပ်လို့ပေါ့။ ပြောဖို့မေ့တော့မလို့ မှန်ရော အလုံပိတ် ထားသေးတာနော်... မသေတာ ကံကောင်းတယ်လို့ ပြောရမလားဘဲ။ ဘယ်လိုအခက်အခဲ ရှိခဲ့ရှိခဲ့ မလေးရှားကို ကောင်းမွန်စွာ ရောက်ရှိခဲ့တဲ့အတွက် အတိုင်းထက်မလွန်ဝမ်းသာ ပျော်ရွှင်လျက် ကျေးဇူးတော်ကို ထော်မပြုနေမိတယ်။ မိသားစုအားလုံး၊ ဆရာ/မ များနှင့်အတူ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံး ဆုတောင်းမေတ္တာပို့ ပေးတဲ့အတွက် ခံစားရတဲ့ ဆုကျေးဇူးလို့ဘဲ နောင်းနောင် ခံယူတယ်။
ဒါကြောင့် ကျေးဇူးတင်ထိုက်တဲ့ သူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မိတ်ဆွေများအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်နဲ့ တလုံးတဝတည်း ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း....
အဝေးတစ်နေရာမှ
နောင်းနောင်

0 comments:
Post a Comment