နောင်းနောင် ပြောပြဖို့တခုရှိတယ် သိလား? ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး.. စိတ်ပျက်မိတဲ့နေ့လေးရယ်လို့ နောင်းနောင်မဆိုလိုပေမဲ့ ပျော်ရွှင်မူနဲ့ လုံးဝကြီး လွဲချော်ခဲ့တဲ့ နေ့တစ်နေ့လို့တော့ ပြောချင်တယ်။ ဧပရီ ၃၀ ရက်နေ့က မလေးရှားမှာ Public Holiday ကျတယ်လေး… ဒါကြောင့် အဲဒီနေ့မှာ မလေးရှားရောက်ရှိနေတဲ့ ကချင် နှစ်ခြင်းလူငယ်များဟာလည်း လူငယ် မိတ်သာဟာယ စုံညီပွဲခေါ် (Ramma ganawn mazum hpawng) ကို Puhtajara ဧရိယာအတွင်းရှိ သာယာလှပတဲ့ သဘာဝဘဲမဲ့တော် ဥယာဉ်ကြီးထဲမှာ ပြုလုပ်မယ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒီသတင်း နောင်းနောင်အစောကြီးက သိနေခဲ့တယ်။ လူငယ်ခေါင်းဆောင်က အစောကြီး ကျော်ငြာထားတာလေ နှစ်ခြင်းလူငယ်အစည်းအဝေးမှာပေါ့။
ဒီမှာက လူတိုင်းလိုလို ကိုယ့်အလုပ်နဲ့ကို တစ်ချိန်လုံး လုံးပန်းနေရတော့ ကခုလူမျိုး ကချင်းနှစ်ခြင်းလူငယ်တွေ စုံစုံညီညီနဲ့ မိတ်သာဟာယဖွဲ့နိုင်ဖို့ဆိုတာ ရတောင့်ရခဲတဲ့ အခွင့်ရေးပေါ့။ ဒါကြောင့် အဲဒီလူငယ်မိတ်သာဟာယ အစည်းအဝေးပွဲကြီးကို တက်ရောက်ဖို့ နောင်းနောင် ဆန္ဒတွေအရမ်းပြင်းပြခဲ့တယ်။ နောင်းနောင်ရဲ့ အခန်းဖေါ်တွေအားလုံးလည်း လိုက်မယ်ဆိုတော့ သူငယ်ချင်းတွေအားလုံး စုစုစည်းစည်းနဲ့ တကယ်ကို ပျော်ရွှင်စရားကောင်းမဲ့ နေ့လေးဖြစ်လာလိမ့်မယ်လို့ နောင်းနောင်တွေးရင်း ပျော်နေခဲ့တယ်။ ခက်တာက အဲဒီနေ့မှာ နောင်းနောင် အလုပ်ဝင်ရမှာလေ… ဧပရီ ၃၀ ရက်နေ့မှာ နောင်းနောင်ရဲ့ off day မှမဟုတ်တာ။ ဒါပေမဲ့ အဲဒီမိတ်သာဟာယ အစည်းအဝေးပွဲကို လက်လွတ်ဆုံးရှုံးမဲ့ အဖြစ်မျိုးနဲ့ရော အကြုံချင်ဘူးပေါ့။ ဒါနဲ့ သူငယ်ချင်း တစ်ယောက်ကို နောင်းနောင်ရဲ့ကိုယ်စား အလုပ်ဝင်ပေးဖို့ အကူအညီတောင်းခံခဲ့တယ်။ သူငယ်ချင်းလည်း “ အင်ပေါ့ နင်သွားချင်တယ်ဆိုရင်သွားပေါ့” ဆိုပြီး အသာတကြည် လိုက်ရောခဲ့တယ်။ နောင်းနောင် အကူအညီ တောင်းခံတဲ့သူငယ်ချင်းက ပေါင်းသင်းရ ခက်ခဲတဲ့သူလေ… ဒါကြောင့် လွယ်လွယ်နဲ့ နားချနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ အခုလိုမျိုး အသာတကြည် သဘောတူတော့ နောင်းနောင်စိတ်ထဲမှာ ယုံယခက်ခက်နဲ့ ဒွိဟစိတ်ဖြစ်ပေါ်ခဲ့မိတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ လူငယ်မိတ်သာဟာယ အစည်းအဝေးကို တက်ရောက်ဖို့အခွင့်အရေးက ပိုမိုလင်းလက်ခဲ့ပြီပေါ့။ ဒါကြောင့် နောင်းနောင် ပျော်ရွှင်နေမူတွေနဲ့အတူ စိုးရိမ်စိတ်တွေပါ ရောနှောနေခဲ့တယ်။ စိုးရိမ်တာက သူငယ်ချင်းရဲ့ စိတ်ပြောင်းသွားကိုပေါ့။ ဒါကြောင့် သူကို နောင်းနောင်အကြိမ်ကြိမ် အသိပေးတယ် "ဧပရီ ၃၀ ရက်နေ့မှာ နောင်းနောင်ကိုယ်စား အလုပ်ဝင်ပေးဖို့ မမေ့နဲ့နော်... နင်းတကယ်ကူညီမယ်ဆိုတာ သေချာပြီဆိုရင် မနက်ဖြန် နောင်းနောင် မိတ်ဟာရအစည်းအဝေးသွားဖို့ သူငယ်ချင်းတွေနဲ့အတူ နာမည်စာရင်း သွားထည့်တော့မယ်နော်.." နာမည်စားရင်းထည့်ပြီး ပြန်တော့လည်း သူငယ်ချင်းရယ် နောင်းနောင် နာမည်စာရင်း ထည့်ထားလိုက်ပြီနော်ဆိုပြီ ထပ်ပြီး အသိပေးလိုက်သေးတယ်။ အဲဒီအချိန်ထိတော့ အဆင်ပြေနေတာပဲ။ ဒါပေမဲ့ သွားမဲ့ တစ်ညအလိုမှာ နောင်းနောင်က သူငယ်ချင်းရယ် မနက်ဖြန် ကျနော့အတွက် အလုပ်ဝင်ပေးဖို့ မမေ့နဲ့နော်လို့ ပြောတော့ ငါမနက်ဖြန်နင်အတွက် အလုပ်မဝင်ပေးနိုင်တော့ဘူး။ လူငယ်မိတ်သာဟာယကို ကျနော်လည်းဘဲ သွားချင်တယ်လို့ ပြောတော့တာဘဲ.. နောင်းနောင်က သူငယ်ချင်း ကျနော့်ကိုနောက်နေတာလားလို့ အံ့သြစွာနဲ့ဘဲ မေးမိခဲ့တယ်။ " ဟာ.... ဘာတွေလာပြောနေတာလဲ? မနက်ဖြန်ငါမအားဘူး " လို့သူက အသံကျယ်ကြီးနဲ့ ပြန်အော်ခဲ့တယ်။ ဒါနဲ့ဘဲ နောင်းနောင်အရမ်းကို ဝမ်းနည်းခဲ့တယ်။ အရမ်းလည်းဘဲ စိတ်ဓာတ်ကျခဲ့တယ်။ စိတ်ရောတိုတာပေါ့နော်... အဆင်မပြောဘူးဆိုလည်း စောစောပြောပေါ့ အခုဟာက အနက်ဖြန်လို သွားခါနီးမှ ဆိုပြီး စိတ်ထဲမှာ စိတ်တိုနေတာပေါ့။ တကယ်လို့ နှောက်နေတာဆိုရင်လည်းဘဲ ဒီလိုတော့ မနှောက်ပါနဲ့လားလို့ စိတ်ထဲကနေပြီး တတွတ်တွတ် ပြောနေခဲ့မိတယ်။
သူအလုပ်ဆင်းပြီး တိတ်မကြားခင်မှာ နောင်းနောင် သူကို ဖုန်းဆက်ပြီး နောက်တစ်ခေါက် ပြန်မေးကြည့်တယ် "တကယ်မကူညီနိုင်တော့ဘူးလား သူငယ်ချင်း.." သူက တက္ကစီပေါ်ရောက်နေပြီလေ… ဒါကြောင့် သူက “နင်း ဘာတွေပြောနေတာလည်း ငါဘာမှ မကြားရဘူး” ဆိုပြီး အသံဗြဲကြီးနဲ့ တုံးပြန်ခဲ့တယ်။ တက္ကစီပေါ်မှာဘဲဖြစ်ဖြစ် ဖုန်းဆက်လို့အဆင်ပြေပါတယ်... ဘာမှ နောင်းနောင်ရဲ့ အသံမကြားစရာ အကြောင်းမရှိဘူး... ဒါပေမဲ့ သူက သက်သက်မဲ့ ညစ်ချင်းလို့ အဲဒီလို အသံဗြဲကြီးနဲ့ ပြန်ပြောခဲ့တာပေါ့။ အဲဒီလို အသံဗြဲကြီးနဲ့ ပြန်ခေါ်ခဲ့တော့ နောင်းနောင် စိတ်ကိုရှော့လိုက်ပြီး ဖုန်းချလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်သေးဘူးပေါ့ ဒါနဲ့ သူငယ်ချင်း အချန်းကို တစ်ခေါက်လောက် ဖုန်းဆက်ပြန်ဆက်ပြီး မေးကြည့်ပေးဖို့ မနက်ဖြန်နောင်းနောင်အတွက် တကယ်ဘဲ အလုပ်မဆင်းပေးနိုင်တော့ဘူးလား? ဆိုပြီး နောက်တစ်ခါ မေးကြည့်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ အချန်းဖုန်းဆက်ပြီး မေးပြန်တော့လည်း ငါဘယ်နှစ်ခါပြောရမှာလဲ ငါနင်းတို့ကို ကချင်ဘာသာစကားနဲ့ဘဲပြောတာလည်း… ဘာလဲ ကချင်စကား နားမလည်းဘူးလား ဆိုပြီးပြန်အော်ခဲ့ပြန်ရော… ဒါနဲ့ သူငယ်ချင်း အချန်းတောင် တော်တော်လေး သူကိုစိတ်တိုသွားလိုက်တာ…သိလား… အင်ပေါ့လေ… သူမကူညီနိုင်ဘူးဆိုတော့လည်း ဘယ်တတ်နိုင်တော့မှာလဲ ဆိုပြီး စိတ်ကိုရှော့၊ လေပူလေး မုတ်ထုတ်ပြီး ဝမ်းနည်းတဲ့ စိတ်တွေနဲ့အတူ အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ အခန်းဖေါ်သူငယ်ချင်းတွေကို နောင်းနောင် မနက်ဖြန် သူငယ်ချင်းတွေနဲ့အတူ မလိုက်နိုင်တဲ့အကြောင်း ပြောတော့ သူငယ်ချင်းတွေလည်းဘဲ စိတ်မကောင်းဖြစ်ကြတာပေါ့။ သူငယ်ချင်းတွေအားလုံးနဲ့ ပျော်ပျော်ပါးပါး တစ်အုတ်ကြီးသွားကြမယ့် အစီအစဉ်မှာ မပါဝင်နိုင်တော့တဲ့အတွက် နောင်းနောင်လည်းဘဲ ခံစားရတယ်၊ ဝမ်းနည်းတယ်။ နောက်တစ်နေ့ မနက်မှာ သူငယ်ချင်းတွေက လူငယ်မိတ်သာဟာယ သွားဖို့ ပြင်ဆင်တဲ့အချိန်မှာ နောင်းနောင်ကတော့ အိတ်တစ်လုံးနဲ့ သူငယ်ချင်းတို့ရေး နောင်းနောင် အလုပ်သွားတော့မယ်နော် ဆိုပြီး နုတ်ဆက်ရင်း ရထားဘူးတာရှိရာတို့ ထွက်ခွာခဲ့တယ်။ ဒီနေ့ပြုလုပ်မဲ့ လူငယ်မိတ်သာဟာယပွဲကြီးဟာ ဘယ်လောက်ထိ ပျော်စရာကောင်းတယ် ဆိုတာကိုတော့ သူငယ်ချင်းတွေ နောင်းနောင်ကို လာကြွားမှဘဲ သိရတော့မယ်.......

0 comments:
Post a Comment