စိတ်ရဲ့ပြူတင်းပေါက်

အိမ်ထောင်ကျကာစ လင်မယားအသစ်ကလေး တစ်စုံဟာ  နေရာသစ်က တိုက်ခန်း အသစ်လေးတစ်ခုကို ပြောင်းရွေ့လာကြပါတယ်။ သူတို့နေရတဲ့တိုက်ခန်းအသစ်ဟာ ပြင်ပ ၀န်းကျင်ကို ကောင်းကောင်း ကြည့်မြင်နိုင်တဲ့  မှန်ပြူတင်းပေါက်တွေ ရှိနေခဲ့ပါတယ်။ 

 
နောက်တစ်နေ့မနက် သူတို့နှစ်ယောက် မနက်စာ စားနေချိန်မှာ ထမင်းစားခန်းရဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ တစ်ဖက် အိမ်က ခြံဝင်းထဲမှာ အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားတာ တွေ့လိုက်ရပါတယ်။

အဲဒီအ၀တ်တွေကိုကြည့်ပြီး အမျိုးသမီးလေးက “အ၀တ်တွေကြည့်ရတာ စင်တဲ့ပုံလည်းမရဘူး။ အဲဒီအ၀တ်တွေကို လျှော်တဲ့ မိန်းမဟာ အ၀တ်လည်း ကောင်းကောင်း မလျှော်တတ်ဘူးထင်တယ်။ ဒါမှမဟုတ် သူတို့သုံးတဲ့ ဆပ်ပြာမကောင်းလို့လား မသိဘူး” ဆိုတဲ့ မှတ်ချက် ချပါတယ်။ 


တစ်ဖက် အိမ်ကလည်း နေ့စဉ်နေ့တိုင်း အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားသလို မိန်းခလေးဟာလည်း  အဲဒီပြူတင်းပေါက်ကနေ ကြည့်မိတိုင်း သူတို့လျှာ်တဲ့ အ၀တ်တွေ မစင်တဲ့အကြောင်း၊ အ၀တ် မလျှော်တတ်ကြောင်း၊ ဆပ်ပြာမကောင်းကြောင်း စတဲ့မှတ်ချက်တွေကို ချတတ်ပါတယ်။ 

နောက်တစ်နေ့ မနက်စားစားချိန်မှာတော့ ထုံးစံအတိုင်း မိန်းခလေးဟာ တစ်ဖက် ခြံဝင်းထဲကို ကြည့်လိုက်ပြန်ပါတယ်။


“ဟယ်..  ကိုယ်ရေ ဒီနေ့တော့ ထူးထူးခြားခြားတော်..  ဟိုဖက်တိုက်ခန်းက အ၀တ်တွေ လျှော်ထားတာ ပြောင်စင်နေပါလား။ ဆပ်ပြာကောင်းကောင်း သုံးပြီထင်တယ်.. ကိုယ်ရော မြင်ရလား အ၀တ်တွေ ပြောင်အောင် လျှော်ထားတာကိုလေ..” လို့ အံ့သြတကြီး ပြောလိုက်ရင်းက  သူ့ အမျိုးသားကို လှမ်းမေးလိုက်ပါတယ်။


ဒီတော့ မိန်းခလေးရဲ့ အမျိုးသားက “ အော်.. အဲဒါ ပြောဖို့ မေ့နတာ။ ကိုယ် ဒီမနက် စောစောနိုးတာနဲ့ အိမ်ရဲ့ ပြူတင်းပေါက်မှန်တွေကို သေချာဆေးကြော သန့်စင်ထားလိုက်တယ်။ တကယ်က ဟိုဖက်အိမ်က မိန်းမ အ၀တ်လျှော်တာ မစင်လို့ မဟုတ်ပါဘူး။ ကိုယ်တို့ပြူတင်းပေါက်မှန်က ညစ်ပေနေလို့ပါ” လို့ ပြန်ပြောလိုက်ပါတယ်။
 
 ~~~~~~~~~~~~@@@~~~~~~~~~~~~~~~
 
တကယ်တော့ တစ်ဖက်သားကို ကြည့်တဲ့အခါ ကြည်ကြည်လင်လင် မြင်နိုင်ဖို့ဆိုရင် မိမိရဲ့ အတွင်းစိတ်ဖြစ်တဲ့ ပြူတင်းပေါက်လေးဟာလည်း သန့်ရှင်းကြည်လင်နေမှသာ ကြည်ကြည် လင်လင် မြင်ရမှာ ဖြစ်ပါတယ်။ မကြည်လင်နေတဲ့ စိတ်အခံနဲ့ လူတစ်ယောက်ကို ကြည့်တဲ့အခါ အမြင်မှန်ကို မြင်နိုင်ဖို့ မလွယ်ကူပါဘူး။ မိမိရဲ့ အတွင်းစိတ် ပြူတင်းပေါက်တွေ ညစ်နွမ်းနေတာကို သတိမထားမိဘဲ သူတစ်ပါးကို  မှတ်ချက်အမှားတွေ ကောက်ချက်အလွှဲတွေ ဘယ်နှကြိမ်များ ချနေမိခဲ့ပြီလဲ မသိဘူးနော်.. ဒါကြောင့် အရာရာကို ကြည်လင်ပီသစွာ မြင်နိုင်ဖို့ ပထမဦးဆုံး မိမိရဲ့ စိတ်ပြူတင်းပေါက်တွေကို သန့်ရှင်းရေး လုပ်သင့်ပါတယ်...

About exodus42

0 comments:

Post a Comment