ရယ်စရာလေးတွေ (၂)



ဘုရားသခင်ထံ ရေးတဲ့စာ
အသက် ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မုန့်ဝယ်စားချင်တာကြောင့် ပိုက်ဆံ ၅၀၀၀ လိုချင်တဲ့အတွက် ဘုရားသခင်ထံ မုန့်ဖိုးပေးဖို့ နေ့စဉ် ဆုတောင်းပါတယ်။ သူဆုတောင်းပေမဲ့ နေ့တွေသာ ကုန်သွားပြီးဘာမှ မထူးခြားပါဘူး။ နောက်ဆုံးတော့ ကောင်ကလေးဟာ ဘုရားသခင်ထံ စာရေးပြီး မုန့်ဖိုး ၅၀၀၀ တောင်းဖို့ ဆုံးဖြတ်လိုက်ကာ စာတစ်စောင်ရေးပါတယ်. စာထဲမှာ မုန့်ဖိုး ၅၀၀၀ လိုချင်တဲ့အကြောင်းရေးပြီးနောက် စာအိတ် ပေါ်မှာတော့ ဘုရားသခင်သို့ လို့ လိပ်စာရေးလိုက်ပါတယ်။
လိပ်စာအတိအကျမပါဘဲ ဘုရားသခင်သို့လို့ ရေးထားတဲ့ စာအိတ်ဟာ စာတိုက်ကို ရောက်သွားပြီးနောက် စာတိုက် ၀န်ထမ်းတွေက ဟာသတစ်ပုဒ်လို သဘောထားကာ အဆင့်ဆင့် လက်ဆင့်ကမ်းဖတ်ကြရင်း ၀န်ကြီးထံ ရောက်သွားခဲ့ပါတယ်။ ၀န်ကြီးကလည်း ကလေးငယ်ရဲ့ စာကို ဖတ်ရပြီးနောက် ရယ်မောကာ မကြာခင်က အသစ်တက်လာတဲ့ သမ္မတကြီး ရယ်စရာအဖြစ် ဖတ်ပါစေဟုဆိုကာ ၀န်ထမ်းတစ်ဦးအား ၄င်းစာကို သမ္မတအိမ်တော်ထံ ပို့လိုက်စေပါတယ်။ 

သမ္မတကြီးက ကလေးရဲ့ စာကိုဖတ်ပြီး သဘောတကျ ရယ်မောကာ သူ့ရဲ့ ၀န်ထမ်းတစ်ဦးကို စာရေးတဲ့ ကလေးငယ်ထံ ပိုက်ဆံ ၂၀၀၀ ပို့ပေးလိုက်ဖို့ ညွှန်ကြားလိုက်ပါတယ်။ သမ္မတကြီးက ပိုက်ဆံ ၅၀၀၀ ဆိုတာ ကလေးအတွက် များလွန်းတယ် လို့ စဉ်းစားမိပြီး အလဟဿ သုံးပစ်မှာစိုးတာကြောင့် ၂၀၀၀သာ ပို့ပေးဖို့ စိတ်ကူးရမိတာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ သမ္မတကြီးဆီက ပိုက်ဆံ ၂၀၀၀ ကို လက်ခံရရှိတဲ့အခါ ဘုရားသခင်က သူ့စာကြောင့် ဒီပိုက်ဆံကို ပို့လိုက်တယ်လို့ထင်ပြီး သိပ်ကို ပျော်ရွှင်သွားပါတယ်။ ဒါကြောင့်လည်း ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း စာတစ်စောင် ပြန်ရေးဖို့ စဉ်းစားမိကာ စာတစ်စောင် ပြန်ရေးလိုက်ပါတယ်။

"ဘုရားသခင်.. ကျွန်တော့်ထံ ပိုက်ဆံပို့ပေးလိုက်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..သို့သော်လည်း ဘုရားသခင် ပို့ပေးလိုက်တဲ့ ပိုက်ဆံ ၅၀၀၀ဟာ ကျွန်တော့်ထံ ၂၀၀၀ဘဲ ရောက်လာပါတယ်။ကျန်တဲ့ ပိုက်ဆံ ၃၀၀၀ကိုတော့ သမ္မတကြီးက အခွန်တော်အဖြစ် ကောက်ယူထားလိုက်ပါတယ်ခင်ဗျာ” တဲ့။ 

~~~~~~@@@~~~~~~~


အပြစ်

 ကောင်လေးနဲ့ သူ့အဖေဖြစ်သူတို့ဟာ အိမ်ရှေ့ကွပ်လပ်မှာ ဘောလုံးကစားနေကြပါတယ်.. ပျားတစ်ကောင် ပျံနေတာကို မြင်လိုက်တဲ့ကာင်လေးဟာ ပျားကို ကျောက်ခဲတွေ တုတ်တွေနဲ့ ကောက်ပေါက်ပြီး လိုက်လံ မောင်းထုတ်ပါတယ်..
 
သူ့အဖေက “ သား ဒီလိုမလုပ်နဲ့လ .. ဒါက ပျားရည် ထုတ်ပေးတဲ့ပျားလေ.... ဒီပျားက သားကို ဘာမှ လုပ်တာမဟုတ်ဘူး...  နောက်ကို ဒီလိုမလုပ်ရဘူး.. အခု ပျားကို လုပ်တဲ့ အပြစ်အတွက် သား တစ်ပတ်တိတိ ပျားရည်မစားဘဲ နေရမယ်.. ”
 
မကြာခင်မှာဘဲ ကောင်လေးဟာ လိပ်ပြာလေးတစ်ကောင်ကို တွေ့ပြန်ရော။ ဒါနဲ့ လိပ်ပြာလေးကို ကျောက်ခဲတွေ တုတ်တွေနဲ့ ပေါက်ပြီး လိုက်လံ မောင်းထုတ်ပြန်ပါတယ်..
 
ကောင်လေးအဖေက “သား....  လိပ်ပြာဆိုတာ သားကို ဘာမှ လုပ်တာမဟုတ်ဘူး.. ဘာလို့ဒီလို လုပ်ရတာလဲ… ဒီအပြစ်အတွက် သား တစ်ပတ်တိတိ ထောပတ်မစားရဘူး ”
 
နောက်နေ့မနက်မှာတော့ ထောပတ်လဲမစား ပျားရည်ကိုလဲ မတို့မထိဘဲ ပေါင်မုန့် အလွတ်ကိုသာ ကောင်လေးက စားနေပါတယ်.. အဲဒီချိန်မှာ ဘီဒို တစ်ခုအောက်က ပိုးဟပ်တစ်ကောင် ထွက်လာတာနဲ့ ကောင်လေးရဲ့ မိခင်ဖြစ်သူက တုတ်နဲ့ ခြောက်ပြီး မောင်းထုတ်ပါတယ်.. အဲဒီတော့ ကောင်လေးက သူ့အဖေကိုပြောလိုက်ပါတယ်..
 
“အဖေ ဒီကိစ္စ အပြစ်ရှိကြောင်း အမေ့ကို အဖေပြောမလား.. သားဘဲ ပြောလိုက်ရမလား ” တဲ့

 ~~~~~~@@@~~~~~~~

ကုလားအုတ် အကောင်တစ်ရာ


အမေရိက ကနေ အစ္စရေးကို အလည်ရောက်နေတဲ့ မောရစ်စ်နဲ့ သူ့ဇနီးဟာ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ရှေ့မှာထိုင်ရင်း အတူလာတဲ့ အခြားခရီးသည်တွေ ရောက်အလာကို စောင့်ဆိုင်းနေပါတယ်..  ဒီအချိန်မှာ အာရပ် အရောင်းသမားတစ်ဦးဟာ ရောင်းချစရာ ပစ္စည်းတစ်ချို့တစ်လေကို သယ်ပိုးပြီး သူတို့၂ယောက်ဆီ ရောက်လာကာ သူ့ထံက ပစ္စည်းတွေကို ၀ယ်ယူဖို့ ပြောဆိုရောင်းချပါတယ်.. သို့သ်ာလည်း ပစ္စည်းတစ်ခုတစ်လေကိုမှ မောရစ်စ်တို့က မ၀ယ်ယူပါဘူးတဲ့.. ဒီတော့ အာရပ်က မောရစ်စ်ကို “ ဘယ်က လာသလဲ ”လို့ မေးပါတယ်..


အမေရိကလို့ မောရစ်ကပြန်ဖြေတော့ ဆံပင်အနက်ရောင်၊ သံလွင်သီးရောင် အသားအရေရှိတဲ့ မောရစ်စ်ရဲ့ ဇနီးကိုကြည့်ပြီး  “သူကတော့ အမေရိကမှ မဟုတ်ဘူးထင်တယ်” .. လို့ မေးပြန်ပါတယ်..


 သူ့ဇနီးဖြစ်သူက “ဟုတ်ကဲ့ ကျွန်မ အမေရိက က မဟုတ်ပါဘူး” လို့ ဖြေပါတယ်..


 “ဒါက ခင်ဗျားယောက်ျားလား” လို့ မောရစ်ဘက်ကို လက်ညိုးညွှန်လိုက်ကာ မေးပြန်ပါတယ်..


 ဒီတော့ အမျိုးသမီးက “ဟုတ်တယ် ကျွန်မယောက်ျားပါ”လို့ ဖြေပါတယ်..


အာရပ်က မောရစ်စ်ဘက် လှည့်လိုက်ပြီး “ခင်ဗျား သူ့ကိုရောင်းမယ်ဆိုရင် ကျွန်တော် သူ့အတွက် ကုလားအုတ် အကောင်တစ်ရာ ပေးချေပါ့မယ်.. ” လို့ပြောလိုက်ပါတယ်. ဒီတော့ မောရစ်ဟာ အချိန်တော်တော်ကြာ စဉ်းစားနေပြီးမှ “ သူက ရောင်းဖို့မဟုတ်ပါဘူး ” လို့ ပြန်ပြောလိုက်ပါတယ်။


မောရစ်စ်စကားကြားတော့ အာရပ်လည်း လှည့်ထွက်သွားပါတယ်.. ဒီမှာတင်မောရစ်စ်ရဲ့ မိန်းမက ဒေါသဖြစ်ဖြစ်နဲ့ “ရှင် ဒီအဖြေပေးဖို့ ဘာကြောင့် ဒီလောက်စဉ်းစားနေတာလဲ” လို့မေးလိုက်ပါတယ်..


ဒီတော့မောရစ်စ်က “အား ငါက ဒီကုလားအုတ် အကောင်တစ်ရာကို သယ်ပြီး ဘယ်လိုအိမ်ပြန်မလဲလို့ စဉ်းစားနေလို့ပါ ” တဲ့။

~~~~~~@@@~~~~~~~

 အင်တာဗျူး
မိန်းခလေးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာ အလုပ်သွားလျှောက်ပါတယ်.. ကုမ္ပဏီပိုင်ရှင်က သူမကို အင်တာဗျူးလုပ်ပြီး  မေးခွန်းတွေ မေးလိုက်ပါတယ်..

 သူဌေး။                   ။ မင်းမှာ ရည်းစားရှိသလား

မိန်းခလေး။              ။ ဟုတ်ကဲ့..   ရှိပါတယ်..

သူဌေး။                   ။ သူက ဒီနိုင်ငံတွင်းမှာဘဲ အလုပ်လုပ်သလား

မိန်းခလေး။              ။ မဟုတ်ပါဘူးရှင်.. ကျွန်မရည်းစားက နိုင်ငံခြားမှာ အလုပ်လုပ်တာပါ..

သူဌေး။                   ။ ကောင်းပြီ. ဒါဆိုရင် ကုမ္ပဏီက မင်းကို အလုပ်မခန့်နိုင်ပါဘူး

မိန်းခလေး။              ။ ဘာဖြစ်လို့လဲရှင်

သူဌေး။                   ။ မင်းကြောင့် နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် ငွေကုန်ကြေးကျ များမဲ့ အခြေအနေကို
                              ကုမ္ပဏီက ခွင့်မပြုနိုင်ပါဘူး..

 (မိန်းခလေးများ အလုပ်အင်တာဗျူး ဖြေတဲ့ခါ  နိုင်ငံခြားမှာ ရည်းစားရှိနေရင် ယောင်လို့တောင် မပြောမိစေနဲ့နော်)

~~~~~~@@@~~~~~~~

မှတ်ဥာဏ်ကောင်းစေတဲ့ ကျောင်း

အသက်အရွယ်ကြီးကြီး စုံတွဲတစ်တွဲဟာ မှတ်ဥာဏ်စွမ်းအားတွေ ကျဆင်းကုန်တာနဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်ပးတဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်ပြီး သင်တန်းတက်ကြပါတယ်..


သင်တန်းတက်လို့ ရက်အနည်းငယ်ကြာတဲ့ အခါမှာ အဖိုးအိုဟာ အိမ်အပြင်ကိုထွက်ပြီး အိမ်နီးချင်းတစ်ဦးနဲ့ စကားစမြည်ပြောဆိုနေပါတယ်..


 “ခင်ဗျားတို့ သင်တန်းဆရာရဲ့ နံမည်က ဘယ်သူလဲဗျ ” အိမ်နီးချင်းက မေးပါတယ်..


“အင်း နေဦး ကျုပ်စဉ်းစားပါရစေဦး.. ခင်ဗျားသိလား ပန်းတစ်မျိုးဗျာ.. အနံ့လေးက မွှေးတယ်.. တော်တော်လဲလှတယ်. ဒါပေမဲ့ သူ့ရိုးတံမှာ ဆူးတွေနဲ့လဗျာ…”


 အိမ်နီးချင်းက “နှင်းဆီပန်း လေဗျာ ” လို့ပန်ဖြေတယ်..


“အား ဟုတ်တယ် နှင်းဆီ..”  လို့ ရေရွတ်ပြီး အိမ်ထဲကိုလှည့်ကာ “ ဟေ့ မနှင်းဆီ .. ငါတို့ သင်တန်းကျောင်းက ဆရာရဲ့ နံမည်က ဘယ်သူလဲကွ ” လို့ အိမ်ထဲက မိန်းမဖြစ်သူကို လှမ်းမေးလိုက်ပါတော့တယ်…


( တော်တော် ဆိုးပါလား.. မိန်းမနာမည်တောင် ဒီလောက် ဆက်စပ် စဉ်းစားယူနေရတယ်.. ) :
 ~~~~~~@@@~~~~~~~


မြို့သား

 
တစ်ခါက တောရွာတစ်ရွာမှာရှိတဲ့ လယ်သမားကြီးတစ်ယောက်က  မြို့ကနေရောက်လာတဲ့ သူ့တူကို တောရွာမှာ ရှိတဲ့ ကြက်၊ ၀က်၊ နွား၊ မွေးမြူရေးလုပ်ငန်းတွေ လယ်ကွင်းတွေ၊ စတာတွေကို လိုက်ပြပါတယ်… ဒါတွေကိုဘဲ ကြည့်နေရတာ ၃ရက်လောက်ရောက်တော့ မြို့သားက ပျင်းလာပါတယ်.. ဒီတော့ ဦးလေးဖြစ်သူက မြို့သားသူ့တူ အပျင်းပြေအောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစာပါတယ်..


နောက်ဆုံး အကြံတစ်ခု ရလာတာနဲ့ သူ့တူကို “ ငါ့တူ ဦးလေးဆီမှာ သေနတ်တစ်လက် ရှိတယ်.. အဲဒါယူပြီး သေနတ်ပစ် ထွက်ပါလားကွ.. အိမ်က ခွေးတစ်ကောင် ခေါ်သွား” လို့ ပြောလိုက်ပါတယ်..  ဦးလေးစကားကြားတော့ မြို့သားက ၀မ်းသာအားရဖြစ်သွားပြီး သေနတ်ကို ဆွဲကာ ခွေးတစ်ကောင်ခေါ်ပြီး ထွက်သွားပါတယ်..

တစ်နာရီလောက်အကြာမှာ မြို့သား ပြန်ရောက်လာတော့ ဦးလေးက “ ဘယ်လိုလဲငါ့တူ.. အပျင်းပြေရဲ့လား သေနတ်ပစ်ထွက်ရတာ ပျော်ရဲ့လား” လို့ မေးလိုက်ရာ မြို့သားက “ဟာ သိပ်ပျော်ဖို့ကောင်းတာဘဲ.. ကျွန်တော်တော့ သဘောကျတယ်..  ဦးလေးဆီမှာ နောက်ထပ် ခွေးဘယ်နှကောင် ကျန်သေးလဲ.. ကျွန်တော် နေ့တိုင်း သေနတ်ပစ် ထွက်မယ်ဗျ” လို့ ပြောလိုက်ပါတယ်..

About exodus42

0 comments:

Post a Comment