စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းတို့ကို စကားပြောနေတဲ့ ပန်းချီကားလေးတွေရဲ့ ဇာတ်လမ်းလေး အကြောင်း ပြောပြချင်ပါတယ်.. အောက်မှာ ရှိတဲ့ ပန်းချီကားလေးတွေကို တစ်ပုံချင်း ကြည့်ကြရအောင်နော်..
ပန်းချီကားလေးတွေကို ကြည့်ရတာ ဘာတွေထူးခြားနေတယ်လို့ ထင်ပါသလဲ.... နံမည်ကျော် ပန်းချီဆရာ တစ်ယောက်ရဲ့ အဖိုးတန် ပန်းချီကား တွေလောက် လှပ ဆွဲဆောင်မှုမရှိဘူး၊ တန်ဖိုးရှိမဲ့ပုံ မရဘူးလို့ ထင်စရာများဖြစ်နေမလား။ ဒါပေမဲ့လို့ အဲဒီပန်းချီ ကားတွေကနေ ကျွန်မတို့သိခွင့် ရလိုက်တာကတော့ ဒီပန်းချီကားတွေ ဖြစ်မြောက်လာအောင် ၊ ကျွန်မတို့လို မျက်စိမြင်တဲ့လူတွေ မြင်တွေ့ခံစားခွင့် ရအောင် ဖန်တီးပေးလိုက်တဲ့ ပန်းချီဆရာရဲ့ ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်..
ဒီပန်းချီကားတွေက ဘာတွေကို ပြောပြနေလို့ပါလဲ….
မေးချင်စရာပါနော်….
တစ်ခြားတော့ မဟုတ်ပါဘူး။
အခုမြင်တွေ့ရတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့တဲ့သူဟာ မျက်စိမမြင်တဲ့ပန်းချီဆရာ တစ်ဦး ဖြစ်ပါတယ်။ သူ့နံမည်က ဒီမီထရီ ပါ။. မျက်စိမမြင်တဲ့သူတစ်ယောက်က ဒီလို အရောင်တွေနဲ့ ကစားရတဲ့ ပန်းချီဆွဲခြင်း အနုပညာကို ကျွမ်းကျင်ပိုင်နိုင်နေခဲ့တာ ထူးဆန်း အံ့သြစဖွယ် ပါဘဲနော်.. တကယ်တမ်းတော့ ဒီမီထရီဟာ မွေးတုန်း ကတည်းက မျက်စိမမြင်တာ မဟုတ်ပါဘူး။ သူရဲ့ မျက်စိ အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းရင်းလေးက သူ့မိခင် ရုရှနိုင်ငံအတွက် အလုပ်လုပ် ပေးနေချိန်က စခဲ့ပါတယ်.. ဒီမီထရီတို့အဖွဲ့ဟာ ယူကရိန်း တောနက်ကြီးထဲမှာ ဒုတိယကမ္ဘာစစ် တုန်းက ပျောက်ဆုံး စာရင်းထဲ ပါဝင်နေတဲ့ ရုရှ စစ်သားများကို အသက်ရှင် ကျန်ရစ်နေနိုင်သေးတဲ့ မျှော်လင့်ချက်တွေနဲ့ လိုက်လံရှာဖွေကြပါတယ်.. အဲဒီ ရှာဖွေတဲ့ ခရီးစဉ်မှာဘဲ လွန်ခဲ့တဲ့ အနှစ်၅၀က နာဇီ ဂျာမဏီတွေရဲ့ မိုင်းကွင်းဟောင်းကို အဖြတ်မှာ မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ မိုင်းတစ်ခု ထပေါက်ကွဲပြီး သူရဲ့ အမြင်အာရုံ နှစ်ဘက်လုံး ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါတယ်…
အခုမြင်တွေ့ရတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့တဲ့သူဟာ မျက်စိမမြင်တဲ့ပန်းချီဆရာ တစ်ဦး ဖြစ်ပါတယ်။ သူ့နံမည်က ဒီမီထရီ ပါ။. မျက်စိမမြင်တဲ့သူတစ်ယောက်က ဒီလို အရောင်တွေနဲ့ ကစားရတဲ့ ပန်းချီဆွဲခြင်း အနုပညာကို ကျွမ်းကျင်ပိုင်နိုင်နေခဲ့တာ ထူးဆန်း အံ့သြစဖွယ် ပါဘဲနော်.. တကယ်တမ်းတော့ ဒီမီထရီဟာ မွေးတုန်း ကတည်းက မျက်စိမမြင်တာ မဟုတ်ပါဘူး။ သူရဲ့ မျက်စိ အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းရင်းလေးက သူ့မိခင် ရုရှနိုင်ငံအတွက် အလုပ်လုပ် ပေးနေချိန်က စခဲ့ပါတယ်.. ဒီမီထရီတို့အဖွဲ့ဟာ ယူကရိန်း တောနက်ကြီးထဲမှာ ဒုတိယကမ္ဘာစစ် တုန်းက ပျောက်ဆုံး စာရင်းထဲ ပါဝင်နေတဲ့ ရုရှ စစ်သားများကို အသက်ရှင် ကျန်ရစ်နေနိုင်သေးတဲ့ မျှော်လင့်ချက်တွေနဲ့ လိုက်လံရှာဖွေကြပါတယ်.. အဲဒီ ရှာဖွေတဲ့ ခရီးစဉ်မှာဘဲ လွန်ခဲ့တဲ့ အနှစ်၅၀က နာဇီ ဂျာမဏီတွေရဲ့ မိုင်းကွင်းဟောင်းကို အဖြတ်မှာ မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ မိုင်းတစ်ခု ထပေါက်ကွဲပြီး သူရဲ့ အမြင်အာရုံ နှစ်ဘက်လုံး ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါတယ်…
သူဟာ မျက်စိမကွယ်ခင်က ပြည်တွင်း ပန်းချီဆရာများကြားမှာ အများက အသိအမှတ်ပြု ခံထားရတဲ့ ထူးချွန်တဲ့ အနုပညာရှင် ပန်းချီးဆရာတစ်ဦးပါ… ပြီးတော့ သူ့ပန်းချီ လက်ရာတွေကလဲ အခု မြင်တွေ့နေရတဲ့ လက်ရာမျိုး မဟုတ်ခဲ့ပါဘူး… သူ့မျက်စိ အမြင် အာရုံလဲ ကွယ်ပျောက်ရော.. သူဟာ အရာရာကို ဆုံးရှုံးသွားတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ ရပါတယ်… လှပသက်ဝင်တဲ့ ပန်းချီကားတွေကို ဆွဲတတ်တဲ့ သူဟာ မျက်စိမမြင်ရတော့ဘူး ဆိုတဲ့အခါမှာတော့ ဘာဆိုဘာမှ မလုပ်နိုင်တော့တဲ့ လူတစ်ယောက် ၊ လူ့လောကအတွက် ဘယ်နေရာမှ အသုံးမ၀င် တော့တဲ့ လူတစ်ယောက် အဖြစ်နဲ့ သူ့ကိုယ်သူ စိတ်ဓာတ်ကျ အားငယ်ပြီး အသက် ရှင်သန်ချင်တဲ့ စိတ်တောင် မရှိသလောက် ဖြစ်သွားခဲ့ရပါတယ်.. စိတ်ဓာတ်ကျလွန်းလို့ သူ့ကိုယ်သူ သတ်သေဖို့တောင် စဉ်းစားမိပါသေးတယ်.
အဲဒီလို ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်က ဖုန်းဆက်လာပါတယ်.. စိတ်ဓါတ်ကျ အားငယ်နေတဲ့ ဒီမီထရီကို အားပေးတဲ့အနေနဲ့ သူ အရင်က ဆွဲခဲ့တဲ့ ပန်းချီကားတွေကို စုစည်းပြီး ပြပွဲလေးတစ်ခု လုပ်ပေးမယ်လို့ အကြောင်းကြားခြင်းဘဲ ဖြစ်ပါတယ်…. သူက လက်ခံလိုက်တယ်လေ.. ပြီးတော့ ပြပွဲလုပ်ဖို့ အချိန် နည်းနည်းရသေးတဲ့အတွက် ပန်းချီကားအသစ်တွေ ပြန်ဆွဲဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်... မျက်စိ မမြင်ပေမဲ့ ပန်းချီကားတွေကို ကြိုစားပြီး မဖြစ်ဖြစ်အောင် ပြန်ဆွဲမယ်ဆိုတဲ့ စိတ်အားထက်သန်မှု တွေနဲ့ပေါ့။ မကြာခင်ပြုလုပ်မဲ့ သူ့ပန်းချီပြပွဲမှာ အမြင်အာရုံ ဆုံးရှုံးခဲ့ရသော်လည်း သူဟာ ပန်းချီဆရာ အဖြစ်ရှိနေဆဲ ရှိသေးကြောင်းကို လူတွေသိအောင် ၊ကမ္ဘာကြီးတစ်ခုလုံး သိသွားအောင် ပြသခွင့် ရချင်နေတယ်.. အဲဒါကို သူက "ဘယ်လောက် ဝေးကွာ ခက်ခဲတဲ့ ခရီးကြမ်း ဖြစ်ပါစေ.. ခြေလှမ်းလေး တစ်လှမ်းချင်းစီသာ စလှမ်းပါ။ ခရီးဆုံးကို မလွဲမသွေ ရောက်မှာပါ" လို့ သက်သေပြခြင်း တစ်ခုပါဘဲ။
ပန်းချီ စဆွဲဆွဲချင်းမှာတော့ သူ့အတွက် အရမ်းကို အခက်အခဲတွေ့ခဲ့ရပါတယ်.. ဘာကိုမှလဲ မဆွဲနိုင်ဘဲ အရင် မျက်စိကောင်းစဉ်က ဆွဲခဲ့တဲ့၊ ဆွဲဟန်တွေကသာ သူ့ကို လွမ်းမိုးလို့ နေခဲ့ပါတယ်.. ဒါပေမဲ့ နာရီပေါင်းများစွာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ တို့နဲ့ ကြိုးစား လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ သူ့ဘ၀အသစ်ရဲ့ ပထမဆုံးသော ပန်းချီကားကို မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်…
အခုချိန်မှာတော့ သူမျက်စိကွယ်ပြီးတဲ့ နောက်ပိုင်း ဆွဲခဲ့တဲ့ ပန်းချီကားအရေအတွက်ဟာ ၂၅၀ ရှိလာပြီ ဖြစ်ပါတယ်.. အဲဒီထဲကမှ သူ့ရဲ့ အချို့သော ပန်းချီကားများဟာ အနုပညာ အဆင့်အတန်း အလွန် မြင့်မားသော လက်ရာ ဖြစ်ကြောင်း အနုပညာ အကဲဖြတ်သူများရဲ့ အသိ အမှတ်ပြုခြင်းကို လက်ခံ ရရှိထားပါတယ်… ရုရှနိုင်ငံမှာ အနုပညာပစ္စည်း စုဆောင်းသူများ၊ နိုင်ငံခြားမှ ပန်းချီ ချစ်သူများက သူ့ရဲ့ ပန်းချီကားတွေကို နှစ်နှစ်သက်သက် လက်ခံပြီး ၀ယ်ယူ စုဆောင်း နေကြရပါပြီ.. သူရေးဆွဲတဲ့ ပန်းချီကားတွေကို ကြည့်လိုက်ရင် ဒီမီထရီဟာ ဘယ်လို လူမျိုး ဖြစ်တယ်ဆိုတာ ပြန်ပြီး ပြောပြ နေသလိုပါဘဲ... သူဟာ လွယ်လွယ်နဲ့ အရှုံးမပေး၊ ဇွဲမလျော့တတ်သူမှန်း သူ့ပန်းချီကားတွေက စကားသက်သေ ပြလို့နေတယ် မဟုတ်ပါလား။
“ကျွန်တော်ဟာ ဒီမီထရီရဲ့ ပန်းချီကားတွေကို မြင်လိုက်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ရှက်လာမိတယ်ဗျာ… ကျွန်တော်တို့ဘ၀မှာ လောကကြီးက မတရား ပါဘူး.. မမျှတပါဘူး.. ဘ၀ဟာ ခက်ခဲ ကြမ်းတမ်း လွန်းပါတယ် လို့ ညီးညူပြီး လောကကြီးကိုရော၊ ကိုယ့်ဘ၀ကိုပါ ဘယ်လောက်ဘဲ မကျေမနပ် ဖြစ်နေဦးတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် ၊ လောကရဲ့အလှအပ ကိုတော့ မြင်တွေ့ခွင့်ရနေပါသေးတယ်.. ဒါပေမဲ့ ဒီမီထရီ ကတော့ မြင်တွေ့ခွင့် မရနိုင်တာ့ပါဘူး… ဒါနဲ့တောင် သူဟာ လောကကြီးကို မကျေမနပ် အပြစ်တင် ညီးတွားမနေဘဲ သူလုပ်စရာရှိတဲ့ အလုပ်ကို ကြိုးကြိုး စားစား လုပ်နေခဲ့ပါတယ်.. သူ့ရဲ့ပန်းချီကားတွေဟာ သူရင်းနှီး ကျွမ်းဝင်ခဲ့ဖူးတဲ့ သူရင်းနှီးတဲ့ သူရင်းနှီးလာနိုင်တဲ့ ကမ္ဘာ လောက ကြီးရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်.. မျက်စိအလင်းရနေတဲ့ ကျွန်တော်တို့ဟာ ဒီမီထရီ မမြင်တွေ့ရတဲ့ လောကကြီးရဲ့ အလှအပတွေကို တန်ဖိုး ထားရကောင်းမှန်း နားမလည်ခဲ့ကြပါဘူး… မျက်စိမြင်နေရက်နဲ့ ကြိုးစားရကောင်းမှန်း အားထုတ်ရကောင်းမှန်း မသိခဲ့ကြပါဘူး…. မျက်စိ မမြင် နိုင်ရှာတော့တဲ့ ဒီမီထရီကတော့ ကျွန်တော်တို့လို မျက်စိကောင်းနေသူတွေအတွက် ကြီးကျယ် ထင်ရှားတဲ့ အနုပညာရှင်ကြီး ဖြစ်နေဆဲပါ… သူရဲ့ ပန်းချီဆွဲဟန်က မျက်စိမြင်ချိန်ကနဲ့မတူ ပြောင်းလဲသွားခဲ့ပေမဲ့ သူဟာ ထက်ရှတဲ့ အရောင် စပ်သူ၊ ထူးချွန်တဲ့ ရေးဆွဲနည်းတွေကို ပိုင်ဆိုင်သူ တစ်ဦးဖြစ်နေပါပြီ.. ”
ဒီစကားလေးကိုတော့ ရုရှနိုင်ငံ Kharkov အနုပညာ ပြတိုက်မှ မန်နေဂျာချုပ် Valentina Myzgina က ဒီမီထရီနဲ့ စပ်လျှဉ်းပြီး ပြောခဲ့ခြင်းပါ.....
-----------------------------------------------
ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ကျွန်မတို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ကြပါစို့လား.... လက်ထဲမှာ ပိုက်ဆံ မရှိတဲ့အခါ၊ အလုပ်အကိုင် အဆင်မပြေတဲ့အခါ၊ အခက်အခဲ အနည်းအပါး ကြုံလာတဲ့အခါ၊ ပစ္စည်းဥစ္စာ ဆုံးရှုံး ပျက်စီးသွားတဲ့ အခါ၊ “ငါ့လောက် ကံဆိုးတဲ့သူရှိသေးရဲ့လား..... ဘာလို့များ ကံတရားက ငါ့ကို ဒီလောက် ရက်စက်ရတာလဲ၊ ငါသိပ်ကံဆိုးတာဘဲ။ လောကကြီးက မတရားဘူး” စသဖြင့် ငြီးတွားနေရင်း စိတ်ဓာတ် ကျခဲ့ဖူးမှာပါနော်... အဲလိုချိန်မျိုးမှာ ဒီမီထရီရဲ့ ဘ၀နဲ့ သူ့ရဲ့ အားထုတ်ကြိုးပမ်းမှုတို့ကို သတိရလိုက်ပါ.. မျက်စိ အလင်း မရသူ ဖြစ်ရက်နဲ့ ဘ၀ကို အရှုံးမပေးဘဲ အောင်မြင်သူ တစ်ယောက် ဖြစ်လာနိုင်သေးရင် ခြေလက်အင်္ဂါ စုံအလင်နဲ့ မျက်စိလည်းမြင်၊ နားလည်းကြားနေရတဲ့ ကျွန်မတို့တွေကရော အခက်အခဲတွေကို လက်တွေ့ဖြေရှင်းနိုင်သူတစ်ယောက်၊ အောင်မြင်သူတစ်ယောက် ဘာကြောင့်များ မဖြစ်နိုင်ရမှာလဲနော်... ထိုင်ပြီး ငြီးငြူ စိတ်ဆင်းရဲနေမဲ့ အစား ဘာကို အကောင်းဆုံး လုပ်နိုင်မလဲလို့ ရှာဖွေရင်း မိမိရဲ့ အစွမ်းအစကို ဖော်ထုတ်ကြမယ်ဆိုရင် ခြေတစ်လှမ်းချင်း လှမ်းတာနဲ့ အတူတူဘဲ ဖြစ်မှာပါ။ ကျွန်မတို့ဟာ ဒီမီထရီလောက် ကံမဆိုးသေးပါဘူး... ဒီစာတွေကို ဖတ်နိုင်တဲ့ မျက်စိအလင်းကို ပိုင်ဆိုင် နေပါသေးတယ်။
Funzug.com မှ Paintings, with a Touching Story ကို နှစ်ခြိုက်စွာ ဘာသာပြန် မျှဝေပါသည်။
0 comments:
Post a Comment