Project Management ဆိုတာ


) Project ဆိုတာ ဘာလဲ
Project Management Book of Knowledge 2013 မှာဆို Project ဆိုတာ အကောင်းဆုံးဖြစ်မဲ့ရလဒ်တစ်ခု (သို့) ထုတ်ကုန်တစ်ခု (သို့) ဝန်ဆောင်မှုတစ်ခုကို ပြုလုပ်လာနိုင်အောင်လို့ ယာယီကြိုးပမ်းအားထုတ်မှုတစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Project ဆိုတာ ပေးထားတဲ့အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အလုပ်တစ်ခုပြီးမြောက်အောင်လုပ်ခြင်း (သို့) ပစ္စည်းတစ်ခုကို တီထွင်ဖန်တီးခြင်းလို့လည်း မှတ် ထားနိုင်ပါတယ်။ ဥပမာအနေနဲ့ဆို အိမ်တစ်လုံး၊ တိုက်တစ်လုံးဆောက်တာ ပျော်ပွဲရွှင်ပွဲကျင်းပခြင်း (သို့) ကျောင်းကပေးလိုက်တဲ့ Assignment တစ်ခုပြုလုပ်တာ စာမေးပွဲအောင်ဖို့ကြိုးစားတာ သူငယ်ချင်းတွေနဲ့ ချိန်းပြီး ခရီးထွက်တာ စတဲ့လုပ်ငန်းစဉ်အားလုံးဟာ Project လုပ်နေတာပဲ ဖြစ်တယ်။

) Project Management ( PM ) ဆိုတာက
Project Management ( PM ) ဆိုတာ Project တွေကို စီမံခန့်ခွဲတဲ့ပညာလို့ အတိုချုံးမှတ်ထားနိုင်ပါတယ်။ Project တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဗဟုသုတ ကျွမ်းကျင်မှု ကိရိယာများနဲ့ နည်းပညာများကို အသုံး ချခြင်းကို PM ဟုခေါ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန် အရည်အသွေး၊ ကုန်ကျစရိတ် တို့အတွင်း Project တစ်ခုကို ပေးထားတဲ့ အရင်းအမြစ်များနဲ့ စီမံခန့်ခွဲခြင်းကို PM ဟုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဥပမာ - ဖုန်းအသစ်ထုတ်တဲ့ Project မှာ သတ်မှတ်ထားတဲ့အချိန်အတွင်းပြီးစီးအောင် သတ်မှတ်ထားတဲ့ Budget ထက်မပိုအောင်၊ Resource တွေဖြစ်တဲ့ Designer တွေ Engineer တွေ ဖုန်းထုတ်မယ့်ကုန်ကြမ်းတွေ Methodology (နည်းစနစ်) တွေ၊ IT (သတင်း အချက်အလက်နဲ့ နည်းပညာတွေ) - Creativity (တီထွင်ဖန်တီးနိုင်မှုစွမ်းတွေ) Motivation ( စိတ် ဓာတ်တက် ကြွစေတာတွေ ) စတာတွေကို အကျိူးရှိရှိ အသုံးချ နိုင်အောင်၊ လိုအပ်တဲ့အချက်တွေ Specification တွေ Detail တွေ အတိအကျဖြစ်အောင်၊ လိုချင်တဲ့ပုံ အတိုင်းထွက်လာအောင် PM ပညာကို အသုံးပြုရတာပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို PM ဆိုတာ ဘာလဲ အကြမ်းဖျင်း နားလည်လောက်ပြီထင်ပါတယ်။ PM ကို online ကနေတစ်ဆင့် လေ့လာချင်ရင် တော့ အခုပေးထားတဲ့ ဝက်ဘက်ဆိုက်တွေမှာ edX, Alison, Coursera, Simplilearn, Udemy တို့မှာ အခြေခံသွားရောက်လေ့လာနိုင်ပါတယ်။

) Project Management ရဲ့ လုပ်ငန်းစဉ်အပိုင်း () ပိုင်း
) Initiation - သင့်မသင့် ဆုံးဖြတ်ပြီး စတင်ခြင်း
) Planning - ကြိုတင်တွေးတော အစီအစဉ် ချမှတ်ခြင်း
) Execution - စီမံထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်း
) Monitoring and Controlling - လုပ်ငန်းအဆင်ပြေချောမွေ့မှုရှိမရှိ စောင့်ကြည့်တည့်မတ်ခြင်း
) Closing - အပြီးသတ်ခြင်း
ဆိုပြီး () ပိုင်းခွဲခြားနိုင်ပါတယ်။ တခြားခွဲနည်းတွေလည်း ရှိပေမယ့် ဒီနည်းဟာလွယ်သလို အသုံးလည်း ဝင်ပါ တယ်။ PMBOK စာအုပ်ရဲ့လမ်းညွှန်ချက်အရ Project တစ်ခုကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် အခုဖော်ပြပေးမယ့် လုပ်ငန်းစဉ် အပိုင်း () ပိုင်းဟာ မသိမဖြစ်လိုအပ်တဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်တယ်။ 

) Project Management ရဲ့ အဓိကအစိတ်အပိုင်းများမှာ

) Time ( သတ်မှတ်ချိန် )
) Cost ( ကုန်ကျစရိတ် )
) Scope ( လုပ်ငန်းတာဝန် )
) Quality ( အရည်အသွေး )
အခုဖော်ပြပေးလိုက်တဲ့ အဓိအစိတ်အပိုင်းများထဲမှ တစ်ခုခုကို တိုးမြှင့်လိုက်တာပဲ ဖြစ်စေ၊ လျော့ချလိုက်တာပဲ ဖြစ်စေ အဲ့လိုလုပ်ဆောင်မယ်ဆို ကျန်အရာများမှာပါ အကျိုးသက်ရောက်မှု ဖြစ်မှာပဲ ဖြစ်ပါတယ်။ ဥပမာ - Project တစ်ခုပြီးမြောက်ဖို့ အချိန်ကို လျော့ချလိုက်မယ်ဆို လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတာဝန်ပမာဏက လျော့ကျသွားမှာ ဖြစ်ပြီး Project ရဲ့ ကုန်ကျစရိတ်နဲ့ အရည်အသွေးပေါ်မှာပါ ဆက်ပြီး အကျိုးသက်ရောက်မှု ဖြစ်နိုင်ကောင်း ဖြစ်နိုင် ပါလိမ့်မယ်။

) Project Manager တစ်ယောက်ရဲ့တာဝန်များ
Project Manager တစ်ယောက်မှာ ကိုယ်လုပ်ဆောင်နေတဲ့ Project ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် သီးသန့်အခန့်ကဏ္ဍနေရာနဲ့ တာဝန်ယူများရှိပါတယ်။ Project Manager တစ်ယောက်အနေနဲ့ Project တစ်ခုကို အကောင်အထည်ဖော်ပြီး အသက်သွင်းဖို့လိုပါတယ်။ project ရေးဆွဲတဲ့အဖွဲ့အစည်းကို ဦးဆောင်ဦးရွက် ပြုနိုင် ရပါမယ်။ Project တစ်ခုကိုလုပ်ဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ကျွမ်းကျင်မှုများ၊ စီးပွားရေးလိုအပ်ချက်များ နဲ့ Project အမျိုးအစားအပေါ်ကို အခြေခံပြီး အလုပ်ကိုပြီးမြောက်အောင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ Project Manager တစ်ယောက်ရဲ့ အဓိက တာဝန်ကိုပြောပါဆိုရင်တော့ Integration Management လို့ပဲပြောရမှာပါ။ Integration Management ဆိုတာ အပေါ်မှာ ပြောခဲ့တဲ့ Project Management ရဲ့ အဓိကအစိတ်အပိုင်းများအပြင် အဲ့နောက်မှာမှ Resources တွေ၊ Constraints တွေ၊ Activities တွေနဲ့ Procedure စတာတွေကို ထည့်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။

) Project Manager တစ်ယောက်မှာ ရှိသင့်တဲ့ ကျွမ်းကျင်မှုများ
Project Manager များအနေနဲ့ ကိုယ်လုပ်ဆောင်နေတဲ့ Project တစ်ခုအပေါ် နားလည်သဘောပေါက်ဖို့လိုပြီး တာဝန်ယူနိုင်ရပါမယ်။ ဒါကြောင့် Project Manager တစ်ယောက်ဖြစ်ဖို့အတွက် အကောင်းမြင်ဝါဒရှိခြင်း ခေါင်း ဆောင်မှုစွမ်းရည်ရှိခြင်း စီမံကိန်းရေးဆွဲနိုင်ခြင်း၊ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်ရှိခြင်း၊ အချိန်စီမံခန့်ခွဲမှု အား ကောင်းခြင်း ညှိုနှိုင်းပြောဆိုဆွေးနွေးတတ်ခြင်း စိတ်ဖိစီးမှုဒဏ်ခံနိုင်ခြင်း၊ စီးပွားရေးအမြင်ရှိခြင်း စတဲ့ အသိ ပညာ၊ ဗဟုသုတ နည်းပညာ ကျွမ်းကျင်မှုတွေ များစွာပြည့်စုံကြွယ်ဝဖို့လိုအပ်ပါတယ်။ Project Manager တစ်ယောက်ရဲ့ အခန်းကဏ္ဍအနေနဲ့ ယနေ့တွင် Project Plan တစ်ခုကိုပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့အဆင့်ထိ ကျော်လွန်ပြီး လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။ Project Manager တစ်ယောက်အနေနဲ့ ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ရမှာဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်မှုတွေ ရှိဖို့လို အပ်ပါတယ်။

) Project Manager တစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်း
ဒီနေ့လို စီးပွားရေးအသက်ဝင်လှုပ်ရှားလာတဲ့ခေတ်မှာ PM ဟာ အရေးကြီးလာပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်း ငယ်ကစပြီး စီးပွားရေးလုပ်ငန်းအများစုက Project Management ရဲ့ အရေးပါမှုကို မြင်တွေ့လာကြပါတယ်။ နောက်ပြီး Industry တချို့ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်း စွမ်းအင်လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာ လက်လီရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း Manufacturing and Production အနုပညာနှင့်မီဒီယာ ဖက်ရှင်နှင့်ဒီဇိုင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုလုပ်ငန်း ပညာရေးဝန်ဆောင်မှုလုပ်ငန်း စတဲ့လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်တဲ့ Project Manager များစွာလိုအပ် လျက်ရှိတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှာတော့ စိတ်ပူစရာမရှိပါဘူးနော်။

Project Management ဘာသာရပ်အကြောင်း သိသင့်သလောက်သိသွားလောက်ပြီလို့ထင်ပါတယ်။ စိတ်ဝင်စား လို့ ဒီထက်ပိုပြီးလေ့လာချင်ရင်တော့ Project Management သင်တန်းတွေကိုတက်ရောက်ပြီး သင်ယူနိုင်ပါတယ်။ PM ဟာ အခုနောက်ပိုင်းခေတ်စားလာတဲ့ ဘာသာရပ်တစ်ခုလည်းဖြစ်ပြီး လုပ်ငန်းခွင်နယ်ပယ်များအတွက် သာမ က ဘဝအတွက် အရေးပါတဲ့ ပညာတစ်ခုဖြစ်တာကြောင့် ၂၁ ရာစုမှာနေထိုင်တဲ့လူတစ်ယောက်အနေနဲ့ သင်ယူ ထားနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံ သတင်းစာတွေထဲ ဖတ်ကြည့်လိုက်ရင်လည်း Project Management Skills ရှိတဲ့ လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဆောင်းပါးလေးဖတ်ပြီး ကိုယ့်ရဲ့အသက်မွေးဝမ်း ကြောင်းနယ်ပယ်အတွက် အကူအညီဖြစ်စေခဲ့ရင် တခြားသူတွေ ကိုလည်း မျှဝေပေးပါဦးနော်။ 

လူတိုင်းတတ်ထားသင့်တဲ့ Project Management သင်တန်းတွေ တက်ရောက်ဖို့ ရှာနေရင် (သို့) ခေတ်စားလာတဲ့ ပညာရပ်တွေအကြောင်း ဖတ်ရှုလေ့လာချင်တယ် ဆိုရင်တော့ သင်တန်းလမ်းညွှန် MyanLearn App ကို ဖုန်းထဲ ဒေါင်းထားဖို့လိုမယ်နော်။ App တစ်ခုတည်းမှာပဲ သင်တန်းကျောင်းမျိုးစုံကိုရှာနိုင်ပြီး ဗဟုသုတရဖွယ်ဆောင်းပါး တွေကိုလည်း ဖတ်ရှုနိုင်မှာမို့လို့ အခုပဲ ဒေါင်းထားလိုက်ရအောင်နော်။

 

About exodus42

0 comments:

Post a Comment