ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

ပုဒ်မ ၅၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်။

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ရဒေသ

(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ

(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုနးမြို့နယ်၊ ဆီဒဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး  ပအိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စစည်းပြီး ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ

(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခန်း)မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင်နှစ်ခုဖွဲ့ပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။















About exodus42

0 comments:

Post a Comment