ကမ္ဘာမြေကို သွေးအများဆုံ စွန်းစေခဲ့သူ မွန်ဂို ဧကရာဇ် ဂျင်ဂစ်ခန် နှင့် နက္ခတ် ပညာ (၁)

မွန်ဂို ဧကရာဇ် ဂျင်ဂစ်ခန် 

အချိန်သည်ကား မွန်ဂို ကုန်းမြေမြင့် တောင်တန်း တွင် နေထိုင်သူများ အဘို့- အေးမြသော ဆောင်းဒဏ်ကို အရိုးခိုက်အောင် ခံစားကြရသည့်- စက်တင်ဘာလ ကာလ ည တစ်ည ဖြစ်တော့၏။
ဖြစ်ချင်တော့- အစွန်းရောက် သော မွန်ဂို ရာသီဥတု၏ အရိုးခိုက်အောင် အေးမြသည့် ဆောင်းလေ တစ်သုန်သုန် တိုက်နေသည် သာ မက - ယနေ့ည အဘို့မှာမူ- လမင်း၏ ချမ်းမြေ့သော လွှမ်းမိုးမှု အလင်းရောင် ကိုပါ မြင်တွေ့ခွင့်မရသည့် လကွယ်နေ့ညလည်း ဖြစ်ပြန်၏။

တစ်နည်းအားဖြင့်- ဆောင်းကာလ လကွယ်ည၏ သန်းခေါင် မတိုင်မီ လေး-

မိုးတိမ်များ ကင်းစင်သော မွန်ဂိုတောင်တန်းများ တွင် လရောင်၏ လွှမ်းမိုးမှု ကင်းမဲ့ ပျောက်ဆုံးနေခြင်းကြောင့်- အခြားသော ကြယ်၊ နက္ခတ် တာရာများကို အခြားခြား သော နေ့များနှင့် များစွာ ပိုသာလျှက်-ယနေ့ည တွင် မြင်တွေ့ရသည် ဟုဆိုနိုင်တော့၏။

အချိန်သည်ကား မွန်ဂို ကုန်းမြေမြင့် တောင်တန်းတွင် နေထိုင်သူများအဘို့ အေးမြသော ဆောင်းဒဏ်ကို အရိုးခိုက်အောင် ခံစားကြရသည့်  စက်တင်ဘာလ ကာလ ညတစ်ည ဖြစ်တော့၏၊ ဖြစ်ချင့်တော့ အစွန်းရောက်သော မွန်ဂို ရာသီဥတု၏ အရိုးခိုက်အောင် အေးမြသည့် ဆောင်းလေ တစ်သုန်သုန် တိုက်နေသည်သာမက ယနေ့ည အဘို့မှာမူ လမင်း၏ ချမ်းမြေ့သော လွှမ်းမိုးမှုအလင်းရောင်ကိုပါ မြင်တွေ့ခွင့်မရသည့် လကွယ်နေ့ညလည်း ဖြစ်ပြန်၏။

တစ်နည်းအားဖြင့် ဆောင်းကာလ လကွယ်ည၏ သန်းခေါင်း မတိုင်မီလေး မိုးတိမ်များ ကင်းစင်သော မွန်ဂိုတောင်တန်းများတွင် လရောင်၏ လွှမ်းမိုးမှူ ကင်းမဲ့ ပျောက်ဆုံးနေခြင်းကြောင့် အခြားသော ကြယ်၊ နက္ခတ် တာရာများကို အခြားခြားသော နေ့များနှင့် များစွာ ပိုသာလျှက် ယနေ့ညတွင် မြင်တွေ့ရသည်ဟု ဆိုနိုင်တော့၏။

အထက်ပါ ကြယ်၊နက္ခတ်တာရာတို့တွင် လုံးဝ မပါဝင်ပဲ ကောင်းကင်ယံတွင် ထူးခြားစွာ ပျောက်ဆူံးတေသည်များကတော့ တနင်္ဂနွေမှ စနေအဆုံး ဂြိုလ် ၇ လုံးတို့ပင် ဖြစ်ကြ၏။ 

နေမင်း၊ လမင်း ဆိုသော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ ဆိုသော နေ့ ၇ နေ့ကို အစိုးရသော ဂြိုလ်မင်း ၇ နှစ်လုံးတို့သည် မိုးကုတ် စက်ဝိုင်းအောက်တွင် ရောက်နေသဖြင့် ယခုအခိုက်တွင် မမြင်ရနိုင်။ တိုက်ဆိုင်လွန်းသည်က ထို ၇ လုံးသော ဂြိုလ်အားလုံးတို့သည် ယခု ကာလတွင် မိုးကုတ်စက်ဝိုင်းအောက်ဘက် ရောက်နေသော ကန်ရာသီတွင် တည်လျှကျ တိတိ ကျကျ အားဖြင့်ဆိုရပြန်သော် အင်္ဂါနှင့် ဗုဒ္ဓဟူးတို့သည် ကန်ရာသီ စိတြ နက္ခတ်၊ ဂျာန်ဂြိုလ် ၅ လုံးတို့သည် ကန်ရာသီ ဟဿတ နက္ခတ် တို့တွင် တစ်ပြိုင်နက် တည်ရှိနေခိုက် တစ်နည်းအားဖြင့် ဆိုပြန်လျှင်လည်း ထိုဂြိုဟ်တို့သည်- အံသာများ အလွန်နီးစပ်စွာ ပူးကပ်နေခြင်းကြောင့်- ဂြိုဟ်များ အချင်းချင်း အားပြိုင် စစ်ထိုးနေသည်ဟု ခေါ်တတ်ကြသော ဂြဟယုဒ္ဓ အချိန် ပုံမှန်အားဖြင့် ဂြိုဟ် ၂ လုံး၊ ၃ လုံးမျှသာ အားပြိုင်ရတတ်သော်လည်း ယခု ယနေ့ တွင်တော့ ရှိရှိသမျှ သော ဂြိုဟ်များ အားလုံးလိုလို အားပြိုင် စစ်ထိုးနေကြချိန်။ လူသား ကလေးငယ် တစ်ယောက် ကမ္ဘာမြေပြင်သို့ ရှင်သန် ရောက်ရှိခဲ့၏။

ထပ်မံ၍ ထူးခြားသည်ကလည်း မွေးဖွားလာသော ကလေးငယ်သည် ရဲရဲနီသော သွေးခဲ တစ်ခုကို လက်တွင် ဆုပ်ကိုင်လျှက် မိခင်၏ ၀မ်းဗိုက်မှသည် ပြင်ပ လောက ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

ထပ်မံ၍ ဆိုရပြန်လျှင်လည်း ထိုနေ့သည်ကား 

ပုံမှန် လကွယ်ညမျိုး မဟုတ်
နေကြတ်သော- နေ့၏ လကွယ်ည 

နေတစ်ခုတည်း ကြတ် သည်မဟုတ် များစွာသော ဂြိုဟ်တို့သည် လောင်ဂျီတွဒ် မျှသာ မက Declination ခေါ် လတ္တီတွဒ်အားဖြင့်လည်း ကမ္ဘာနှင့် တစ်တန်းတည်း နီးနီး ကျရောက် နေခဲ့သဖြင့် သာမာန် ဂြဟ ယုဒ္ဓ ခေါ် ပုံမှန် ဂြိုဟ်စစ်ထိုးချင်းမျိုး မဟုတ်ပဲ အထူး ဂြဟ ယုဒ္ဓ ဟုပင် ခေါ်တွင် ရမည် ဖြစ်၏။ (Alignment for Conjuction and Opposition ဇယားဖြင့် ဖေါ်ပြထားသည်ကို လေ့လာနိုင်ပါသည်။) တာတာ လူမျိုးစု - တစ်စု၏ ခေါင်းဆောင် တစ်ဦး ဖြစ်သော- “ယဆုခယ်” မှ မွေးလာသော ထိုကလေးငယ်ဟာ “တမူးဂျင်” ဟု အမည်ပေးခဲ့ကြ၏။

ထိုကလေးငယ်သည် နောင် နှစ်ထောင်ပေါင်း များစွာအထိ ကမ္ဘာပေါ်ရှိ လူမျိုးအားလုံးမှ “ဂျင်ဂစ်ခန်” ဟု သိရှိသွားကြရသော

တစ်နည်းအားဖြင့် ထိုစဉ်ကာလက ကမ္ဘာ့လူဦးရေ၏ အပုံ ၂၀ ပုံ တစ်ပုံ တစ်နည်းအားဖြင့် လူဦးရေ ၅ ရာခိုင်နှုန်း ခန့်ကို အသက်ပျောက်စေခဲ့သော
မဟာ အလက်ဇန္ဒား ဘုရင်၏ အင်ပိုင်ယာ၏ ၄ ဆ။
အနှစ် ၄၀၀ တည်ဆောက်ခဲ့ရသော ရောမ အင်ပိုင်ယာ၏ ၂ ဆ ကျယ်ပြန့်သော အင်ပိုင်ယာကို အနှစ် ၂၀ ကျော်အတွင်း တည်ဆောက်ခဲ့သည့်
မွန်ဂို စစ်ဘုရင်ကြီး ဖြစ်လာမည် ဟု မွန်ဂို မိသားစုဝင်များက ထိုအချိန်က မသိရှိခဲ့ရ။

သို့သော် အချို့သော ကောင်းကင် နက္ခတ် ပညာကို တတ်ကျွမ်း နားလည်ကြသော အာရပ်၊ စပိန်၊ ဂရိ၊ ရောမ နှင့် စစ္စလီ နက္ခတ်ပညာရှင် အချို့တို့သည် ကမ္ဘာပေါ်တွင် ကြီးမားသော အန္တရာယ် မုန်တိုင်းကြီး တစ်ရပ် ကျရောက်မည်။ ထိုကာလသည် ဂြိုဟ်များ အားလုံး တူရာသီ အနီး အနားတွင် တစ်ပြိုင်နက် စုစည်းတည်နေသော ကာလပိုင်း ဖြစ်မည်ဟု ဟောပြော ခဲ့ကြ၏။

ပါရှန်း လူမျိုး နက္ခတ်ပညာရှင် Al'hakim သည် ယေရှုခရစ်တော် ဖွားမြင်မည့်အကြောင်း၊ တမန်တော် မိုဟာမက် ပေါ်ပေါက်မည့် အကြောင်းများကိုလည်း နှစ်ပေါင်းများစွာကပင် ကြိုတင် ဟောပြောခဲ့သွားဘူးသေး၏။

ဂျင်ဂစ်ခန် နှင့် ပါးရှန်း ဘုရင်
အကယ်၍ သင်သည် အီရန် နိုင်ငံသား တစ်ဦး  ယခင်အခေါ် အားဖြင့် ပါးရှန်း နိုင်ငံသား တစ်ဦး နှင့် စကားစမည် ပြောဖြစ်မည် ဆိုပါအံ့..

ယခုခေတ် အခေါ် အီရန်၊ တစ်ချိန်က ပါးရှန်း နိုင်ငံတော်အား ရက်ရက်စက်စက် ချေမှုန်းခဲ့ရာတွင် လူပေါင်း သိန်းနှင့် ချီ၍ သတ်ဖြတ်ခဲ့ရာတွင် အရှင်လတ်လတ် မျက်လုံး ဖေါက်ထုတ်၊ ခေါင်းဖြတ်ပြီးနောက် ဦးခေါင်းမဲ့ ကိုယ်ခန္ဓာများကို သံချွန်ကြီးများပေါ်တွင် တန်းလန်း တစို့ ထိုးလျှက် အများအား ကြောက်လန့်စေမှု ကို ဖြစ်စေခဲ့သော ဂျင်ဂစ်ခန်၏ အကြောင်းများကို ကြားရ နိုင်ပါလိမ့်မည်။

ပါရှန်းပြည်အား တိုက်ခိုက် ချေမှုန်းရာတွင် ကိုလိုနီ ဒေသ ကျူးကျော်လိုခြင်းထက် ရန်ကြွေး တုန့်ပြန်ခြင်းက အဓိက အကြောင်း ဖြစ်သည်ဟု ဆိုနိုင်၏။

သက္ကရာဇ် ၁၂၁၈-ခုနှစ်တွင် တရုပ်ပြည် မြောက်ပိုင်းကို အောင်နိုင်ခဲ့သော ဂျင်ဂစ်ခန် သည် ပါးရှန်း နန်းဆက် ဖြစ်သော ခ၀ါ ရစ်ဇမစ် နန်းဆက်၏ ဘုရင် ရှားအလာ အဒ္ဒင် မုဟမ္မဒ် ထံသို့  ကုန်သွယ်ရေး တမာန်များ ပို့လွှတ်ခဲ့၏။ 

ထိုစဉ်က ယခု အီရန် နိုင်ငံ၊ ဥဇဘက် ကစ္စတန် နိုင်ငံ၊ တာ့်က်မန်စ္စတမ် နိုင်ငံများကို လွှမ်းမိုး အုပ်စိုးနေသော ရှားဘုရင်သည် ကုန်သွယ်ရေး တမာန်များအား သူလျှိုဟု မသင်္ကာဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူအား သေဒဏ်ပေး၍ အခြားသော ကုန်သည်များအား မုတ်ဆိပ်ရိတ်ပြီး မွန်ဂို ဒေသသို့ ပြည်နှင်ဒဏ်ပေး ပြန်ပို့လိုက်၏။ မိမိ၏ ရန်ကြွေး၊ မိမိ၏ အတ္တမာနကို ထိပါးသော အရှက်ကျွေး၊ မိမိအား တစ်ပါးသူက ပြုခဲ့ဘူးသော ကျေးဇူးကြွေး တို့ကို တုန့်ပြန်ရမှ ကျေနပ်တတ်သော ဂျင်ဂစ်ခန်သည် ပါရှား ပြည်သို့ အလုံးအရင်း နှင့် ၀င်ရောက် ထိုးဖေါက်လာတော့၏။

သက်ဆိုင်ရာ မြို့များသို့ ရောက်လာပါက အညံ့ခံမလား စစ်ယှဉ် မလား ဟု ရာဇသံ ပေးလျှက် အညံ့ခံမည် ဆိုလျှငအသက် ချမ်းသာပေး၍ အညံ့မခံ သော မြို့များတွင်မူ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး မကျန် ရက်ရက်စက်စက် သတ်ပစ်ခဲ့၏။ သို့ရာတွင် သူ၏ ကတိတည်ကြောင်း ကိုတော့ အညံ့ခံခဲ့သော ယာ့ဇ်တ် နှင့် ရှီရက်ဇ် မြို့များကို ချမ်းသာပေးခဲ့ခြင်းက သက်သေခံခဲ့၏။

ယခု အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့၏ ခေါင်းဆောင် ဖြစ်သူက ပါရှားပြည်၏ ရှားဘုရင် အား- ယခင်ကပင် မသင့်မြတ်သူ ဖြစ်သဖြင့်- မွန်ဂိုတို့ဖြင့်- မဟာမိတ် ပြုရန် ကြိုးစား၏။ သူကြိုးစားပုံမှာ ခရူးဆိတ် စစ်ပွဲကြီး အတွင်းက ဖမ်းဆီး ရမိထားသော ခရစ်ယာန် ဘာသာရေး တပ်သား သုံ့ပန်း များအား ဂျင်ဂစ်ခန်ထံသို့ လက်ဆောင် ပဏ္ဏာပြု မိတ်ဖွဲ့ခြင်း ဖြစ်၏။ မိမိတွင် ကြီးမားသော စစ်အင်အားရှိထားပြီး အခြား လူပို မလိုသော ဂျင်ဂစ်ခန် အနေဖြင့် သုံ့ပန်း စစ်သည်များအား အလိုမရှိသောကြောင့် ၄င်းတို့အား သက်ဆိုင်ရာ ဥရောပ နိုင်ငံများသို့ ပြန်ပို့ပေးလိုက်၏။

ပါးရှန်းတို့၏ ခ၀ါ ရစ်ဇမစ် နန်းဆက်ကြီးအား ဖျက်ဆီးပစ်ရန်မှာ ဂျင်ဂစ်ခန် အတွက် ၂-နှစ် မျှပင် မကြာလိုက်။
ထို့နောက်တွင်တော့ ဂျော်ဂျီယာ၊ ကရိုင်းမီးယား၊ ဘူလ်ဂေးရီးယား၊ အိန္ဒိယ နှင့် တရုပ်ပြည် တစ်နိုင်ငံလုံး မွန်ဂိုလက်အောက် ရောက်သွားပြီး ဂျင်ဂစ်ခန်၏ အင်ပိုင်ရာသည် တရုပ်ပြည်မှသည် Black Sea ခေါ် ပင်လယ်နက် ဒေသ အထိ ခြေဆန့် ခဲ့တော့၏။

ဂျစ်ဂစ်ခန်၏ မွန်ဂိုတပ်ကြီးသည် သဲကန္တာရတွင် အပင်များ စိုက်ပျိုး နိုင်ရန် လုပ်ဆောင် ထားသော ပါးရှားတို့၏ အင်မတန် အဆင့်မြင့်သည့် မြေအောက် ရေပေး စိုက်ပျိုးရေး စနစ်ကြီးပါ တစ်ပါတည်း ဖျက်ဆီးသွားခဲ့ သဖြင့်- ငတ်မွတ် ခေါင်းပါးသော ဒုဗ္ဘိကန္တာရ ကပ်ကြီးကိုပါ နောင် နှစ် ၁၀၀ လောက် အထိ ပါးရှား နိုင်ငံတွင် ဖြစ်သွား စေခဲ့၏။

မွန်ဂိုတပ်၏ သတ်ဖြတ်မှုကြောင့် လည်းကောင်း ငတ်မွတ်ခေါင်းပါးမှု ကြီးကြောင့် လည်းကောင်း ပါးရှား လူဦးရေ ၂ သန်းခွဲ ခန့်မှ သည် ၂ သိန်းခွဲ အထိ လျော့ကျသွားခဲ့ရသည် ဆို၏။

ပါးရှားပြည်အား ဖျက်ဆီးချေမှုန်းခဲ့ရာတွင် ရာဇ၀င် တွင်ကျန်ရစ်ခဲ့သည့် ဂျင်ဂစ်ခန်၏ စကားမှာမူ

“I am the Scourge of God! If you had not committed great sins, God would not have sent a punishment like me among you.”“ငါသည်ကား- ဘုရားသခင်မှ ဆုံးမရန် စေလွှတ်လိုက်သူ ဖြစ်၏။ သင်တို့တွင် မကောင်းမှု များ ကြီးကျယ်စွာ မလုပ်ထားပါက ဘုရားသခင်သည်- ငါကဲ့သို့ ဆုံးမ မည့်သူကို သင်တို့ထံ လွှတ်လိုက်မည် မဟုတ်.. ”ဟု ပင် ဖြစ်တော့၏။ ပါးရှားပြည်ကြီးအား ဖျက်ဆီးခဲ့ပြီး- ၁၀ နှစ် မကြာခင်မှာပင်- ဂျင်ဂစ်ခန် သေဆုံး ခဲ့ရ၏။


ဂျင်ဂစ်ခန်၏ နောက်ဆုံးခရီး
ပါးရှားပြည်ကြီးအား ဖျက်ဆီးခဲ့ပြီး ၁၀ နှစ် မကြာခင်မှာပင် ဂျင်ဂစ်ခန် သေဆုံးခဲ့ရ၏။ သေဆုံးပုံကို ပြောကြပုံ အမျိုးမျိုးရှိရာတွင် မှတ်တမ်းများ အနေဖြင့် -

  • မြင်းပေါ်မှ လိမ့်ကျသော ဒဏ်ကြောင့် တစ်ဖြေးချင်း သေဆုံးရသည် ဟူ၍လည်းကောင်း
  • အဆုတ် အအေးမိသော ရောဂါကြောင့် ဖြစ်သည်ဟူ၍ လည်းကောင်း
  • သူဖမ်းထားသော တရုပ်မင်းသမီး တစ်ပါးက သူမ၏ အင်္ကျီတွင်း ဝှက်ယူလာသော ဓါးမြှောင်ဖြင့် ဂျင်ဂစ်ခန်၏ ငယ်ပါအား လှီးဖြတ် ပစ်လိုက်သဖြင့်
 ဟူ၍လည်းကောင်း ဟူ၍ အမျိုးမျိုး ကွဲလွဲနေကြ၏။

ဂျင်ဂစ်ခန်၏ ဇာတာအား နက္ခတ်ပညာ ရှုထောင့်မှ လေ့လာခြင်း
ဆရာကြီး ဘီဗွီရာမာန်သည် သူ၏ ထင်ရှားသော စာအုပ် တစ်အုပ်ဖြစ်သည့် "Notable Horoscope" စာအုပ်တွင် ဂျင်ဂစ်ခန်၏ ဇာတာ အကြောင်း လေ့လာခဲ့သည်။


သမိုင်းမှတ်တမ်းများအရ ကွဲလွဲမှုများ ရှိနေသောကြောင့် မိုးတား(စာရေးသူ) အမြင်ဖြင့် တွက်ယူထားသော ရက်စွဲနှင့် ဆရာကြီး ဘီဗွီရာမာန် အသုံးပြုသော ရက်စွဲ မွေးချိန်မှာ ကွာခြားမှုရှိသော်လည်း ၎င်း၏ စာအုပ်တွင်လည်း ဆရာကြီးသည် ဇာတာရှင်အား ကရက​​ ဟူပင် ယူဆထားခြင်း ဖြစ်၏။

မိုးတား(စာရေးသူ)မှ အသုံးပြုသော မွေးနေ့မှာ ယခုခေတ်သုံး ဂရီဂိုရီယမ် ပြက္ခဒိန် အားဖြင့် ၁၁၈၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်၊ တစ်နည်းအားဖြင့်ဆိုသော ဂျူလီယန် ပြက္ခဒိန် အားဖြင့် စက်တင်ဘာလ ၁၄ ရက်၊ တနင်္ဂနွေဖြစ်ပြီး ဆရာကြီး ရာမာန် အနေဖြင့်၁၁၈၆ ခုနှစ် စက်တင်ဘာလ ၁၆၊ ၁၅ ရက် နံနက် ၁:၃၀ ဟု ယူဆပါသည်။ နက္ခတ်ပညာ သုတေသီများအတွက် အဓိက လမ်းညွှန်မှုများ၊ အချက်အလက်များ စုဆောင်းမျှဝေသည့် http://www.astro.com/astro-databank/Khan, _Genghis ဆိုက်မှလည်း ဂျူလီယန် ပြက္ခဒိန် အားဖြင့် စက်တင်ဘာလ ၁၄ ရက်၊ ည ၁၁:50 ဟု ပြဆိုထားပါသည်။

မိုးတား(စာရေးသူ) အနေဖြင့်မူ ဇာတာရှင်၏ ဖြစ်ရပ်များနှင့် ညှိနှိုင်းပြီး ည ၁၁:၅၀ အစား ည ၁၁:၅၈ ( သန်းခေါင်မတိုင်မီ ၂ မိနစ်) အနေဖြင့် ပြန်လည် ညှိယူပါသည်။

ဂျင်ဂစ်ခန်နှင့် ကာလသပ္ပယောဂ
ပြီးခဲ့သော ဆောင်းပါးများစွာတို့တွင် 




About exodus42

0 comments:

Post a Comment