ဧဝကိုက်ခဲ့တဲ့ ပန်းသီးတစ်ကိုက်ကို
"အချစ်"လို့ဆိုခဲ့ကြရင်
ငါ့အတွက် မင်းပေးခဲ့တဲ့ ပန်းသီးတစ်လုံးကို
ဘယ်လိုတင်စားရမလဲ ကောင်လေးရယ်....
တစ်ကိုက်ဆိုရင် အချစ်၊ နှစ်ကိုက်ဆိုရင် မေတ္တာ
သုံးကိုက်ဆိုရင် အကြင်နာ၊ လေးကိုက်ဆိုရင် ထာဝရ
.......၊ .........၊ ..... လို့ မှတ်ယူခဲ့တဲ့ငါ
အခုတော့......
အလွမ်းအရိုးတွေ
နှလုံးသားမှာ နင်နေခဲ့ပေါ့ကွယ်.........
နင်ကျွေးတဲ့ အချစ်ပန်းသီးကို ငါမစားမိခဲ့ရင် ငါ့နှလုံးသားမှာလည်း အလွမ်းတွေ နင်ခဲ့မှာမဟုတ်ပါဘူး.... ဒါပေမဲ့ ငါကျေနပ်ပါတယ်......
....................................@@@@@@@@@@@@........................................
မွေးနေ့လက်ဆောင်
ပေးပို့သောမွေးနေ့လက်ဆောင်
၁ဝဝ%အချစ် အသဲချိုချဉ်
ပါဝင်သောပစ္စည်း = စစ်မှန်ခြင်း၊ သတိရလွမ်းဆွတ်ခြင်း
သက်တမ်းကုန်ဆုံးရက် = တစ်သက်တာ
ရရှိနိုင်သောအာဟာရ = နွေးထွေးကြည်နူးခြင်း၊ ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း
၁ဝဝ%အချစ် အသဲချိုချဉ်
ပါဝင်သောပစ္စည်း = စစ်မှန်ခြင်း၊ သတိရလွမ်းဆွတ်ခြင်း
သက်တမ်းကုန်ဆုံးရက် = တစ်သက်တာ
ရရှိနိုင်သောအာဟာရ = နွေးထွေးကြည်နူးခြင်း၊ ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း
နိုင်နိုင်စနေ
အတောင်စုံလို့ အမြင့်ကို ပျံခဲ့တာမဟုတ်သလို
အစာဝလို့ ဌာနကို ပျံလိုတာမဟုတ်ဘူး
“ဘယ်နေရာကလာရင် ဘယ်နေရာကို ပြန်ရမယ်”တဲ့
အိမ်ကပဲ လာခဲ့ပါတယ်
အိမ်ကိုပဲ အရောက်ပြန်မှာပါ။
မွေးရပ်မြေက ရာသီတွေ သာယာရဲ့လား?
လေထုတွေ ညစ်ညှမ်းဆဲလား?
သူငယ်ချင်းတွေ အရင်လို ဖြူစင်သေးလား?
ကြိုဆိုမှုတွေ နွေးထွေးပါ့မလား?
ဘာပဲဖြစ်ဖြစ်...
မပြည့်တပြည့် အသိဥာဏ်နဲ့
ဘောင်ဘင်ခတ်နေတဲ့ ဦးနှောက်တစ်ခုကိုထုပ်ပိုး
ငါ ... အိမ်ပြန်ဖို့ အချိန်တန်ခဲ့ပြီ။
.......................@@@@@@@@@@........................
တို့နှစ်ယောက်ကို
စည်းတစ်ကြောင်းနဲ့ ခြားထားသလို
တို့နှစ်ယောက်ကိုကြိုးတစ်ချောင်းနဲ့ ချည်ထားတယ်။
စည်းက သေးပေမယ့်
ငါတို့ ကျော်လို့မရဘူးကြိုးက တိုပေမယ့်
ငါတို့ ပြေမသွားဘူး။
ကောင်လေးရေ....
စည်းတစ်ဖက်ခြားကကြိုးတစ်စကို
ဖြည်ချမသွားနဲ့ကွယ်
အထီးကျန်တဲ့ချောက်ထဲ
ငါ လဲကျမသွားရဲလို့ပါ....
.......................... <<<<<<<<>>>>>>>>>>...........................
အိမ်ပြန်ချိန်
အတောင်စုံလို့ အမြင့်ကို ပျံခဲ့တာမဟုတ်သလို
အစာဝလို့ ဌာနကို ပျံလိုတာမဟုတ်ဘူး
“ဘယ်နေရာကလာရင် ဘယ်နေရာကို ပြန်ရမယ်”တဲ့
အိမ်ကပဲ လာခဲ့ပါတယ်
အိမ်ကိုပဲ အရောက်ပြန်မှာပါ။
မွေးရပ်မြေက ရာသီတွေ သာယာရဲ့လား?
လေထုတွေ ညစ်ညှမ်းဆဲလား?
သူငယ်ချင်းတွေ အရင်လို ဖြူစင်သေးလား?
ကြိုဆိုမှုတွေ နွေးထွေးပါ့မလား?
ဘာပဲဖြစ်ဖြစ်...
မပြည့်တပြည့် အသိဥာဏ်နဲ့
ဘောင်ဘင်ခတ်နေတဲ့ ဦးနှောက်တစ်ခုကိုထုပ်ပိုး
ငါ ... အိမ်ပြန်ဖို့ အချိန်တန်ခဲ့ပြီ။
.......................@@@@@@@@@@........................
စည်း နဲ့ ကြိုး
တို့နှစ်ယောက်ကို
စည်းတစ်ကြောင်းနဲ့ ခြားထားသလို
တို့နှစ်ယောက်ကိုကြိုးတစ်ချောင်းနဲ့ ချည်ထားတယ်။
စည်းက သေးပေမယ့်
ငါတို့ ကျော်လို့မရဘူးကြိုးက တိုပေမယ့်
ငါတို့ ပြေမသွားဘူး။
ကောင်လေးရေ....
စည်းတစ်ဖက်ခြားကကြိုးတစ်စကို
ဖြည်ချမသွားနဲ့ကွယ်
အထီးကျန်တဲ့ချောက်ထဲ
ငါ လဲကျမသွားရဲလို့ပါ....
0 comments:
Post a Comment