ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၏
ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်(စ်)ဂုန်မော်
ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်(စ်)ဂုန်မော်
ကချင်စစ်ပွဲ တစ်နှစ်ကျော် ကြာမြင့်လာပြီးနောက် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တို့ကြား တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာလျက်ရှိချိန်တွင် ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်အား ၎င်းတို့ ထိန်းချုပ်ထားရာ ဒေသရှိ လိုင်ဇာမြို့ ကေအိုင်အေ ယာယီဌာနချုပ်တွင် ဇူလိုင်လ ၇ ရက်နေ့က မြန်မာတိုင်း(မ်)သတင်းထောက် နန်းတင်ထွေးက တွေ့ဆုံမေးမြန်းထားသည့် အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂) မှ ကော်နုတ်ချက်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုချိန်အထိ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ဖော်ပြောမှု မရှိသေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
"သူဟာ ကချင်စစ်ပွဲရဲ့ အဖြေမဟုတ်ပေမယ့် အဖြေရအောင် ဦးဆောင်မယ့် အစွမ်းအစ သူ့ဆီမှာရှိတယ်လို့ ယုံကြည်တယ်။ ခုချိန်ထိ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောတာမျိုးမရှိသေးတာကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံးရဲ့ စီမံကိန်းတွေအရ စဉ်းစားတဲ့ အခါမှာ ကချင်အရေးက ဘယ်အချိန်မှာဆွေးနွေးရမယ်ဆိုတဲ့ အပိုင်းကလည်း သူစဉ်းစားနေမှာပါ။ ဒီလိုပဲ ကျွန်တော်တို့မြင်ပါတယ်။"

0 comments:
Post a Comment