လွန်ခဲ့တဲ့ စနေနေ့မှာပေါ့…. နောင်းနောင်တို့ စားသောက်ဆိုင်မှာ မေလအတွက် လုပ်ငန်းခွင်ဝင် အချိန်ဇယား (timetable) ထုတ်ပြန်ကြေညာခဲ့စဉ် တချို့သော လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းများက ထုတ်ပြန်ကြေညာခဲ့တဲ့ အချိန်ဇယား(timetable) အပေါ် သဘောမကျတဲ့အတွက် Compelling တက်ကြတယ်။ Compelling တက်ရတဲ့အကြောင်းရင်းက တချို့လူတွေက မိမိရဲ့ အချိန်ပို(Overtime) အလုပ်ချိန် လျှော့သွားအတွက် ဖြစ်ပါတယ်။ အချိန်ပို အလုပ်ဆင်းချိန် လျှော့နည်းသွားတဲ့အတွက် အပိုဝင်ငွေပါ လျှော့ကျသွားမှာကို မလိုချင်တဲ့အတွက်ဖြစ်ပါတယ်။ အချို့ကျပြန်တော့ အချိန်ဇယားအတွင်း နံနက်အစေားကြီး သုံး/လေး ရက် ဆက်တိုက်ကျ တဲ့အတွက် ညှည်းသွားပြီး Compelling တက်ကြတာဖြစ်တယ်။ ဒါနဲ့ နောင်းနောင်လည်းဘဲ ဒီလောက်တောင် Compelling များတဲ့အချိန်ဇယားကို စိတ်ဝင်တစား ကြည့်လိုက်မိတော့ အချိန်ဇယားအတိုင်းဆိုရင် နောင်းနောင်လည်းဘဲ တစ်ပတ်မှာ အချိန်ပိုအလုပ် တစ်ရက်သာ ဆင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အံ့သြစရာဘဲ အချိန်ဇယား ကြည်နေစဉ် မန်နေဂျာ(Manager) က နောင်းနောင်ကို ခေါ်ပြီး “ဆိုင်း နင်အချိန်ပို အလုပ် ဆင်းပါလား… အပိုဝင်ငွေရတာပေါ့” ဆိုပြီး တိုက်တွန်းစကား ဆိုခဲ့တယ်။ နောင်းနောင်လည်း အံ့သြစွာနဲ့ အမြန်ဆုံး ခေါင်းညိတ်လိုက်မိတယ်။ ပြီးတော့ နုတ်ကလည်းဘဲ “ဟုတ်ကဲ… ကျနော်ဒီဆိုင်အတွက် အချိန်ပို အလုပ်ဆင်းပေး လိုပါတယ်” ဆိုပြီး အလျှင်အမြန်ဘဲ ပြောလိုက်မိတယ်။ “ကောင်းပြီ ဒါဆိုရင် Seng နောက်တစ်ပတ်ကနေစပြီး တစ်ပတ်မှာ နှစ်ရက် Dessert bar မှာ သင်တန်းဆင်းရမယ်…. Dessert Bar မှာရှိတဲ့ အစားအသောက်တွေ အားလုံး လုပ်တတ်ပြီဆိုတာနဲ့ ကြည့်ပြီး လခတိုးပေးမယ်”။ မန်နေဂျာထံမှ ယခုလို စကားမျိုး ကြားရတော့ အရမ်းဘဲ အံ့သြခဲ့မိတယ်။ နောင်းနောင်ထက် Senior ကျတဲ့ သူငယ်ချင်းများကိုတောင် အချိန်ပို အလုပ်ဆင်ချိန် လျှော့ချလိုက်တဲ့အပြင်၊ အချို့ကိုဆိုလျှင် အချိန်ပို အလုပ်ဆင်းခွင့်တောင် မပေးခဲ့ဘူး။ ဒါပေမဲ့ နောင်းနောင်ကိုတော့
မေလအတွက် လုပ်ငန်းခွင် အချိန်ဇယား (Timetable)

0 comments:
Post a Comment