တစ်မြန်နေ့ (၃.၅.၁၂) ကပေါ့… နောင်းနောင် သူငယ်ချင်းတစ်ယောက်နဲ့အတူ KUALA LUMPUR မြို့ပေါ်မှာရှိတဲ့ ALOR ရပ်ကွက်တွင် ပြုလုပ်တဲ့ တိုက်ခန်းအပ်နှံ ဆုတောင်းပွဲအစီအစဉ် တစ်ခုကို တက်ရောက်ဖြစ်ခဲ့တယ်။ ဆိုလိုတာက တိုက်ခန်းငှားနေတဲ့သူတွေက တိုက်ခန်းအတွင်း နေထိုင်ချင်းမပြုမှီ ရှေ့ဦးစွာ ဘုရားသခင်ထံ ဆုတောင်းအပ်နှံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း စသည်တို့ကို ဆိုလိုတာပါ။ နောင်းနောင်နဲ့ ခင်လို့၊ ဆုတောင်ပွဲအစီအစဉ်အတွင် ပါဝင်ဖို့၊ လာစားဖို့ ခေါ်ဖိတ်ခြင်း ခံရလို့ သွားတာတော့မဟုတ်ဘူးနော်… တိုက်ခန်းငှားနေတဲ့ အဒေါ်ကြီးနဲ့ နောင်းနောင်နဲ့ အတူနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့က မောင်နှမတော်တယ်လေ… ဒါကြောင့် သွားဖြစ်ခဲ့တာပါ။ နောက်ပြီး ည ၁၁း၀၀ ကျော်နေပြီဆိုတော့ သူငယ်ချင်းက တစ်ယောက်ထဲ မသွားချင်ဘူး… အဖေါ်အဖြင့် လိုက်ကူပေးဖို့ နောင်းနောင်ကို အကူအညီတောင်းလာလို့ပါ။ သိတယ်မဟုတ်လား သူလိမ်မာကြီး မဟုတ်ပေမဲ့ သူများကို အားနာတတ်တဲ့ နောင်းနောင်ကတော့ အဖေါ်အဖြင့်နဲ့ လိုက်ကူဖို့ ခေါင်းညှိမ်လိုက်တာပေါ့ (စားရမှာဆိုတော့)။ ဒါနဲ့ ခဏတာ အဝတ်အစားတွေလဲပြီ သူငယ်ချင်းနှစ်ယောက် ဆုတောင်းပွဲရှိရာသို့ ထွက်ခွာလာခဲ့ကြတယ်။
ဆုတောင်းပွဲပြုလုပ်မဲ့ တိုက်ခန်းရှိတဲ့နေရာကို နောင်းနောင်တို့ နှစ်ယောက်စလုံးမသိဘူး။ ဒါပေမဲ့ ဆုတောင်းမဲ့ တိုက်တန်းက သိပေမဲ့ အခန်းကိုတော့ အသိအကျ မသိဘူးပေါ့။ ဒါနဲ့ သူငယ်ချင်းရဲ့ အဒေါ်ဖြစ်သူ တိုက်ခန်းငှားနေသူက နောင်းနောင်တို့နှစ်ယောက်ကို တိုက်ခန်းရှေ့မှာ စောင့်ကြိုနေခဲ့တယ်။ နောင်းနောင်တို့ ဆုတောင်းပွဲကို ရောက်တော့ ဆရာတော်က တရားဒေသနာ နာနေပြီပေါ့။ ဝင်လာတာနဲ့ သက်တူရွယ်တူ လူငယ်အချို့က ထိုင်ဖို့ ထိုင်ခုန်လေးတွေ ပြင်ဆင်ပေးကြတယ်။ နောင်းနောင်တို့နှစ်ယောက် ဆုတောင်းပွဲ တက်ရောက်တာနှောက်ကျတော့ တိတ်မကြာလိုက်ဘူး အစီအစဉ်ကပြီးလို့ ကျွေးမွေးဧည့်ခံမည့် အစီအစဉ် စတင်ပါတော့တယ်။ ဒီမှာက လူတိုင်း အလုပ်လုပ်ကြရတယ်လေ… ဒါကြောင့် အိမ်ရှင်တွေက ကုန်ခန်းသွားတဲ့ အားအင်တွင် ပြန်လည် ဖြည့်တင်းနိုင်အောင် အားရှိမဲ့အစားအစာတစ်ခုဖြစ်တဲ့ ကချင် ကြက်သားဆန်ပြုတ်ကို ဝလျှင်စွာ ကျွေးမွေးဧည့်ခံကြပါတယ်။ အစားအသောက်အတွက် ဆရာတော် ကျေးဇူးတော် ချီးမွမ်းပြီးတာနဲ့ နောင်းနောင်တို့ အဝ ဆွဲတော့တာပေါ့… ဒါပေမဲ့ နောင်းနောင်ကမှ မစားနိုင်တာ တစ်ပန်းကန်ဘဲ စားနိုင်ခဲ့တယ်။ ဒီလို စားနေရင်နဲ့မှ အမှတ်မထင် ဆယ်နှစ်လောက် ကွဲကွာခဲ့တဲ့ ငယ်ပေါင်းဖေါ် သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ Hpaudai Brang Seng နဲ့ အမှတ်မထင် ပြန်လည် ဆုံတွေ့ခဲ့တယ်။ မြင်မြင်ခြင်း နောင်းနောင်က သူ့ကို မှတ်မိပေမဲ့ မခေါ်ရဲဘူးဖြစ်နေတယ်။ “တူသလိုလိုဘဲ… ဒါပေမဲ့ ဟုတ်မှ ဟုတ်ပမလား… လို့” ဆိုတဲ့စိတ်တွေ ဒွိဟစိတ်တွေနဲ့ လွန်ဆွဲနေခဲ့တယ်။ အသိဥာဏ်က သေချာပါတယ် သူ့မှသူဘဲ ဆိုပြီး အချက်ပြလာတော့မှ နောင်းနောင် အဲဒီသူငယ်ချင်းကို သွားရောက်မိတ်ဆက်ဖြစ်ခဲ့တယ်… “ ယောက်္ဖကို ကျနော် သိနေသလိုလိုဘဲ နာမည်လေး တစ်စိတ်လောက် သိခွင့်ပြုပါလား”. အဲဒီအချိန်မှဘဲ သူက “နင်း မြစ်ကြီးနား မလိယာန်မှာ နေခဲ့ဘူးတယ် မဟုတ်လား? ဟော်အဒေါ်ကြီးရဲ့ သားငယ် ဟုတ်မယ်ထင်တယ်” ဆိုပြီ ကျနော့ကို မှတ်မိတဲ့အသွင်နဲ့ ပြန်ပြီ စကားဆိုခဲ့တယ်။ နောင်းနောင်လည်းဘဲ “ဟာ… နင်နောင်းနောင်ကို မှတ်မိတယ်” ဆိုပြီ ပျော်ရွှင်တဲ့ အပြုံးလေးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အားပါးတရ လက်ဆွဲနှတ်ဆက် ခဲ့ကြတယ်။ Hpaudai Brang Seng နဲ့ သူ့မိသားစုက မြစ်ကြီးနား လယ်ကုန်း ရပ်ကွက်မှာနေတယ်။ နောင်းနောင်တို့က မလိယာန် ရပ်ကွက်မှာနေတယ်… သူတို့က ကုန်းပေါ်မှာ နောင်းနောင်တို့က ကုန်းအောက်မှာပေါ့.. ဒါနဲ့ သူရော မြစ်ကြီနား အလယ်ကုန်းမှာရှိတဲ့ သူ့ညီကို မောင်းနှမတွေအကြောင်း မေးတော့ဒါပေါ့။ နောက်ပြီး နောင်းနောင်တို့ မိသားစု မောင်းနှမတွေကြောင်းကိုလည်း တရစက် မေးတော့တယ်… အခုမှ ပြန်တွေရတော့ နောင်းနောင်လည်း မမောနိုင် မပန်းနိုင် ပြန်ဖြေပေးရတာပေါ့… နောင်းနောင်တို့ ပြန်ခါနီတော့ သူနေတဲ့ တိုက်ခန်းဟာ အခုဆုတောင်းပွဲပြုလုပ်တဲ့အခန်းနဲ့ တစ်ခန်းကျော်မှာ နေထိုင်တဲ့အကြောင်း ပြောပြရုံသာမက လာမယ့် ဇူလှိုင်လောက်မှာ လက်ထက်တော့မယ့် ချစ်သူ (ဇနီးလောင်း) နဲ့ရော မိတ်ဆက်ပေးခဲ့တယ်… သူ့ရဲ့ ချစ်သူကတော့ ကြည့်ရတာ ဥာဏ်ထက်မြက်လိမ့်မယ်လို့ ယူဆမိတယ်… သူမ တရုတ်စာ သင်တဲ့ဆရာမပေါ့… သူမှရဲ့ စာသင်ပုံကို ကြည့်ပြီး နောင်းနောင်ခန့်မှန်းကြည့်တာပါ….
0 comments:
Post a Comment