ထွက်မြောက်ရာလမ်းကို ပြင်ဆင်ပေးသောနေ့

ချစ်သောမိသားစုများအားလုံး ပျော်ရွှင်သော နေ့လေးဖြစ်ပါစေနော်... မိသားစုအားလုံးကို နောင်းနောင် ပြောပြချင်တာလေး တစ်ခုရှိတယ်... ခွင့်ပြုတယ် မဟုတ်လား..?  မရဘူးနော်... ခွင့်မပြုရင်ရော ပြောမှာဘဲ.... ဟဲ…ဟဲ…

လွန်ခဲ့တဲ့ (၃၀.၉.၂၀၁၁) နေ့လည်ပိုင်း (၃:၀၀) လောက်မှာပေါ့ နောင်းနောင်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ခု ဖြစ်မလာနိုင်တော့တဲ့အကြောင်း ဝမ်းနည်းစွာနဲ့ဘဲ သိခဲ့ရတယ်။ နောင်းနောင်လည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် ဝမ်းနည်းခဲ့တာပေါ့နော်။ ဒါပေမဲ့ ဘုရားသခင်ဟာ ဝမ်းနည်းနေတဲ့အချိန်မှာ နောင်းနောင်နဲ့အတူ ရှိနေခဲ့ပါတယ်။ ပြီးတော့ ထွက်မြောက်ရာ လမ်းကိုလည်း ပြင်ဆင်ပေးခဲ့ပါတယ်။ အဲဒီနေ့က ဝမ်းနည်းမှုတွေကို ထွေးပိုက်ရင်း တစ်နေ့တာကို ကုန်ဆုံးစေခဲ့တယ်။  ဒါပေမဲ့ ညနေပိုင်းရောက်တော့ မမျှော်လင့်ဘဲ “ခွန်နောင်းရယ် ငါယေရှုခရစ်တော်ကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလိုက်ပြီ ဆိုတဲ့ မင်္ဂလာစကားကို ကြားသိခွင့်ရခဲ့တယ်။ ဒီမင်္ဂလာစကားကိုတော့ မသီတာအေး ထံမှကြားရခြင်းဖြစ်ပါတယ်။ သူမဟာ နောင်းနောင်တို့ရုံးရဲ့ ချက်ပြုတ်ရေး တာဝန်ခံ တစ်ယောက်ဖြစ်သလို မယုံကြည်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် နောင်းနောင် အားတဲ့အချိန်တွေမှာဆိုရင် ခရစ်တော်အကြောင်း ကိုယ်သိသလောက် သူမကို ဝေမျှသက်သေခံခဲ့တယ်။ 

ဒါပေမဲ့ ယခုလိုမျိုး ကိုယ်က ဝမ်းနည်းနေတဲ့ အချိန်မျိုးမှာ သူမထံမှ ဒီလိုမင်္ဂလာ စကားကို ကြားရလိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးဖူးဘူး။ ဘုရားရဲ့ အကြံအစီတော်ဟာ ကြီးမြတ်ပါတယ်။ ကိုယ့်ကြောင့် တစ်စုံတစ်ယောက်က ခရစ်တော်ကို သိလာတယ် ယုံကြည်လက်ခံလာတယ်ဆိုလို့ နောင်းနောင်ရဲ့ဘဝမှာ ဒါဟာ ပထမဦးဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ အရမ်းလည်းဘဲ ပျော်ရွှင်မိတယ်။  ဒီလိုနဲ့ ဝမ်းနည်းနေတဲ့ ကျွန်တော့်ရဲ့ စိတ်နှလုံးသားထဲကို ပျော်ရွှင်မှုတွေက ပြန်လည် နေရာယူခဲ့တယ်။  ဘုရာက ထွက်မြောက်ရာ လမ်းကို ပြင်ဆင်ပေးတဲ့နေ့ပေါ့။

 သူမကို ဘုရားရှင်ထံ အရောက်ပို့ပေးဖို့၊ နှစ်ခြင်းမင်္ဂလာ ခံယူနိုင်ဖို့  ကျွန်တော် ဆန္ဒပြင်းပြခဲ့ပါတယ်။ (၁.၁၁.၂၀၁၁) ညနေ ၈:၀၀ နာရီဝန်းကျင်မှာ Maesot Grace church သင်အုပ်ဆရာ ဦးဆိုင်းဒူရဲ့ လက်ထဲမှာ သူမကို အပ်နှံခဲ့ပါတယ်။ ဆရာတော်ဟာ သူမကို ခရစ်တော်ရဲ့အကြောင်းတွေ ပြောပြတယ်။ နှစ်ခြင်းမင်္ဂလာ ခံရခြင်းအကြောင်းကို သူမကို အသေအချာ ရှင်းပြခဲ့တယ်။ ၆.၁၁.၂၀၁၁ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ Maesot Grace church ဘုရားကျောင်းမှာဘဲ မသီတာအေးဟာ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ပါတယ်။ သူမဟာ အခုလို နှစ်ခြင်းမင်္ဂလာ ခံယူခဲ့တယ်၊ ဘုရားသားဖြစ်ရတဲ့အခွင့်ကို ရရှိခဲ့တဲ့အတွက် နောင်းနောင် အရမ်းဘဲ ဝမ်းသာခဲ့တယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော် ကျယ်ပြန့်ဖို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင် အသုံးတော် ခံခွင့်ရတဲ့အတွက်လဲဘဲ ဂုဏ်ယူမိတယ်၊ ကျေးဇူးတော်ကိုလည်း ချီးမွမ်းမိတယ်။   


နှစ်ခြင်း မင်္ဂလာပွဲတော်ကို အပ်နှံဆုတောင်းနေစဉ်

မသီတာအေး နှစ်ခြင်းမင်္ဂလာ ခံယူနေ

Rev. David Han ပွဲတော် ပေးနေစဉ်

 Rev. David Han မှ မသီတာအေးအား နှစ်ခြင်းလက်မှတ်ပေးနေ

အသင်းသူ အသင်းသားများနဲ့ နောင်းနောင်( ညာစွန်ဆုံး)

မသီတာအေး ( အလယ်)နဲ့ အသင်းသူ အသင်းသားများ

 
 နောင်းနောင်ရဲ့ မိတ်ဆွေ အောင်အောင်ဖြစ်ပါတယ်။ နာဂလူမျိုးပေါ့..
သူ့ကို ဓါတ်ပုံရိုက်လို့တဲ့လေ လက်သီးထောင်ပြနေတယ်


မသီတာအေး ( ဘယ်အစွန်ဆုံး)နဲ့ အသင်းသူ အသင်းသားများ အမှတ်တရ

About exodus42

0 comments:

Post a Comment