Dear Seng,
ဘာတွေလုပ်နေတာလဲ? အဆင်ပြေနေရဲ့လား နောင်းနောင် သတိရနေတယ်... စားအရမ်းများတယ် စိတ်ညစ်တယ် ရယ်စရာလေးတွေပို့ပေလို့ နောင်းနောင်ကို မပူဆာတော့ဘူးပေါ့... တကယ်မခေါ်တော့ဘူးပေါ့... နောင်းနောင် စိတ်ပူနေတာကို မသိချင် ဟန်ဆောင်နေတာပေါ့ ဟုတ်လား? နောင်းနောင်တို့ မဲဆောက်မြို့မှာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ အနာငြိမ်း ဆုတောင်းပွဲကြီး မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တယ်... နားမကြားတဲ့သူတွေ နားတွေကြားလို့၊ မျက်စိမမြင်တဲ့လူတွေ မျက်စိပွင့်လို့ နောက်ပြီ မသန်းမစွမ်းတဲ့ သူတွေက လမ်းတွေထလျှောက်လို့ပေါ့... တကယ်ကို ဘုရားရှင်ရဲ့ အံ့သြဖွယ် နမိတ်လက္ခနာများကို မြင်တွေ့ခဲ့ရတယ်... အထူးသဖြင့်တော့ မယုံကြည်သူတွေ အများအပြားက ခရစ်တော်ကို ယုံကြည်လက်ခံလာကြတာကို မြင်ရတော့ အရမ်းဝမ်းသာ တာဘဲ... အနာငြိမ်းဆုတောင်းပေးတဲ့ ဆရာတော်တွေကို ကြည့်ပြီး အရမ်းအားကျမိတယ်... ဆိုင်းကိုလည်း နောင်းနောင် ဒီလိုဖြစ်စေချင်လိုက်တာ... ဒီလိုဖြစ်လာဖို့လည်း နောင်းနောင်မျှော်လင့်တယ်... ဒါကြောင့် နောင်းနောင်ရဲ့ စိတ်ထဲကနေပြီ ဆိုင်းအတွက် အကြိမ်ကြိမ် ဆုတောင်းပေနေမိတယ်... ဒါနဲ့ ဆိုင်း နောင်းနောင်ကို အခုလို ဘာလို့ ရှောင်နေရတာလဲ? ဘာလို့ ကိုယ့်ကိုကိုယ် နှိပ်စက်နေရတာလဲ? ဒီလိုလုပ်ခြင်းအားဖြင့် နောင်းနောင်ရဲ့ ယုံကြည်ချက်တွေ လမ်းလွဲသွားလိမ့်မယ်လို့ ယုံကြည်တာပေါ့... နောင်းနောင်ရဲ့ ယုံကြည်ချက်ကို မထိခိုက်နိုင်ပါဘူး... ဆိုင်းဟာ ဘုရားပေတဲ့ ကောင်းချီးမင်္ဂလာလို့ဘဲခံယူထားတဲ့အတွက် ဘယ်လိုအခြေအနေမျိုမှာ မဆို ပိုလို့သာ ကျေးဇူးတော်ချီးမွမ်းမှာပါ.. ယုံကြည်သူသားသမီးတိုင်းဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားကို ချီးမွမ်းနိုင်ရမယ်တဲ့လေ... ဘုရားဟာ ဒို့တွေရဲ့ ယုံကြည်ချက်ကို အမြဲ စမ်းစစ်နေတယ်... အခုလည်း နောင်းနောင်ရဲ့ ယုံကြည်ချက်ကို စမ်းစစ်နေတယ်လို့ဘဲ ခံယူထားတယ်... ဘုရားသခင်ရဲ့ လက်တော်ထဲမှာ အပ်နှံထားတဲ့အရာကို ဘယ်သူမှ လုယူလို့မရဘူးတဲ့... ဒို့တွေရဲ့ ချစ်ခြင်းအပေါ် ဘုရားရှင်သာ၍ ကောင်းချီပေးဖို့နဲ့ ဘုရားရဲ့ အလိုတော် အတိုင်းဖြစ်ဖို့ ဒို့နှစ်ယောက် ပို၍ ဆုတောင်းကြမယ်နော်... ဒါနဲ့ နောင်းနောင် မနက်ဖြန် ခရီထွက်ဖို့ရှိတယ်... တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ်... ဆိုင်းကျန်းမာရေး ဂရုစိုက်နော်... စာကိုအကြွေးမထားနဲ့နော်... ပြန်လာရင် စင်အောင်ဆိုင်မှာ ဆာဖြေ အတူတူသွားစားကြမယ်နော်... ဆိုင်းကို နောင်းနောင် ချစ်တယ်...
ဘုရားသခင်ထံတော်မှ စိတ်နှလုံး ရွှင်လန်းသောအခွင့်ကို ရရှိခံစားနိုင်ပါစေ... ဆိုင်းကို ချစ်တဲ့နောင်းနောင်
0 comments:
Post a Comment