Rev.Dr. U Kyaw Win Sermon Bangkok MCA 02.12.2007 ရက်နေ့တွင် ဟောပြောခဲ့သော တရားဒေသနာ...
အပိုင်း (၁) ကျိန်ခြင်းအမင်္ဂလာမှ လွတ်ခြင်း၊ ယနေ့ဘုရားသခင် ကျွန်တော်တို့ကို ဘာမှာသွားတာလဲ...? ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မခက်မည့်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့် အဘတို့ကို၎င်း၊ အဘတို့နှင့် သားတို့ကို၎င်း အသင့် အတင့်ဖြစ်စေမည်ဟု မိန့်တော်မှု၏။
အပိုင်း (၂) သားလောကမှာ ပိုက်ဆံရှာတာ ရှာလို့မကုန်ပါဘူး... မေမေသာ သေသွားပြီ ဆိုရင်တော့ မေမေရှိတဲ့အရပ်ကို လာပါနော်... ဒါပေမဲ့ သား... အကယ်၍ အမေသေသွားပြီး ဆိုတဲ့သတင်းကြားရင် သားဟာ ရောက်ရှိနေတဲ့နေရာမှာ ဧဝံဂေလိအတွက်သော်လည်း၊ လုပ်ဆောင်နေတယ်ဆိုရင် အဲဒီလုပ်ငန်း မပြီးမစီး ပြန်မလာနဲ့.... ယုံကြည်သူများဟာ အရာရာမှာ ကျေးဇူးတော်ချီးမွမ်းနိုင်သောသူ ဖြစ်ရမယ်...
အပိုင်း (၃) ဘုရားသခင်ရဲ့ အကွယ်အကာမရှိလျှင် အရာအားလုံးဟာ အချည်းအနှီးဘဲဖြစ်ပါတယ်...
အပိုင်း (၄) ဘုရားသခင်ဟာ မရှိလို့ ကျွန်တော်တို့ဆီကို တောင်းတာမဟုတ်ပါဘူး... ခင်ဗျားလျှူလိုက်တဲ့ အရာအပေါ် ဘုရားသခင်က အဲဒီအရာအပေါ် ထပ်ဆင့်ကောင်းချီးပို့ဖြစ်ပါတယ်... ပေးခြင်းတယ်၊ လျှူချင်တယ်ဆိုရင်တော့ စိတ်နှလုံးအပြည့်အဝနဲ့ အကောင်းဆုံးအရာကို သာပေးပါ...
အပိုင်း (၅) ယုံကြည်သူများက လျှူဒါန်းတဲ့ ဆယ်ဖို့တဖို့တွေကို ကျွန်တော်တို့က ကောင်းသော ဘဏ်ဒါထိန်းအဖြင့် ထိန်းပေးမှသာလျှင် ယုံကြည်သူရဲ့ငွေဟာ အဆပေါင်းများစွာဖြစ်လာမှာ... ကျွန်တော်တို့က ကောင်းသော ဘဏ်ဒါထိန်းမဟုတ်ဘဲနဲ့ မိမိအကြံစီနှင့် သုံးခဲ့မယ်ဆိုရင် အသင်းတော်လည်း ကောင်းချီးမခံစားရဘူး၊ ယုံကြည်သူလည်း ကောင်းချီးမခံစားရဘူး...
အပိုင်း (၆) နုတ်အားဖြင့် မပြစ်မှားဖို့ အရေးကြီးပါတယ်.. တကယ်ကို ခရစ်တော် ဘုရားကိုရရှိပြီ၊ ခရစ်တော်ဘုရားရဲ့ခွန်အား ဝိညာဉ် ကျွန်နော်တို့ နှလုံးသားထဲမှာ ရောက်ရှိလာမှ ခပ်သိန်းသော အရာတို့ကို သတ်နိုင်မည်ဖြစ်တယ်... ငါသည်ခရစ်တော်အားဖြင့် ခတ်သိန်းသော အရာတို့ကို သတ်စွမ်းနိုင်သည်။ ယေရှုခရစ်တော်အားဖြင့် သင်တို့အလိုရှိသမျှတို့ကို ပြည့်စုံစေလိမ့်မည်။
အပိုင်း (၇) ငါ့ထံသို့လာသောသူကို ငါအလျင်မပယ်ပါဘူး... လူတိုင်း ကျိန်ခြင်းအမင်္ဂလာမှ လွတ်ကင်းနိုင်ကြပါစေ... နောင်းနောင်
0 comments:
Post a Comment