ကြွားစရာမရှိတော့လည်း ရှာကြံပြီး ကြွားရတာပေါ့နော်

Dear Seng,
အစစအရာရာ အဆင်ပြေဖို့ အမြဲ ဆုတောင်းလျက်ပါ… နောင်းနောင် စာမရေးဖြစ်တာတော် အနည်းငယ် ကြာခဲ့ပြီပေါ့နော်… ဒါနဲ့ နောင်းနောင် ဘာအကြောင်းရေးရင် ကောင်းမလဲဆိုပြီး စဉ်းစားရင်း “ ဆရာမ အမွန်း မင်္ဂလာဆောင်တဲ့ရက်မှာ ဆိုင်းကို သတိုးသမီးအရံအဖြင့်နဲ့ အနားမှာ ရှိစေချင်တယ်” ဆိုတဲ့ စကားလေးကို သတိရလိုက်မိတယ်… ဒါနဲ့ ဒီအကြောင်း ရေးဖြစ်ခဲ့တယ် ဆိုပါတော့…


တကယ်လို့ နောင်းနောင်ရဲ့ဘဝမှာ သတိုးသားအရံအဖြင့် (၄) ကြိမ်ပါဝင်ခဲ့ဖူးတယ် ဆိုရင် ဆိုင်းယုံမလား ….? ဒါမှ မဟုတ် မဖြစ်နိုင်ပါဘူး…ဆိုတဲ့ အတွေးလေးနဲ့ ရယ်နေမှာလား? ဟဲ…ဟဲ… ကြွားစရာမရှိတော့လည်း ဒီလိုဘဲ ရှာကြံပြီးကို ကြွားရတာပေါ့နော်…ဆိုင်… ကဲ…ကြွားလက်စနဲ့ နောင်းနောင် ဆက်ကြွားလိုက်အုံးမယ် ခွင့်ပြုတယ် မဟုတ်လား?…. ပထမဦးဆုံး အနေနဲ့ အကိုဝမ်းကွဲရဲ့ မင်္ဂလာပွဲမှာ ဈေးဦးပေါက်ခဲ့တယ် ဆိုပါတော့။ ဒုတိယ အကြိမ်ကြပြန်တော့ ကိုကြီးရဲ့ မင်္ဂလာပွဲမှာ ပါဝင်ခဲ့တယ်…  ကိုယ့်မိသားစု အရေးဆိုတော့လည်း ဒီလိုဘဲ ကျရာကဏ္ဍကနေ ပါဝင်ရတာပေါ့နော်… ကျန်တဲ့မင်္ဂလာပွဲတွေကျတော့ တကယ်အကူအညီလိုအပ်နေလို့ ကူညီဖြစ်ခဲ့တာပါ။ 

အန်တီ့သမီးလေး မင်္ဂလာဆောင်တုန်းက အမှတ်တရ ဓါတ်ပုံ


တတိယအကြိမ်းမှာတော့ ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက် မင်္ဂလာဆောင်တုန်းက ပါဝင်ကူညီခဲ့တယ်… သမီးရည်းစား ဘဝမှာ နယ်ကျွန်ခဲ့တော့ မင်္ဂလာဆောင်တဲ့အခါ ကိုယ်ဝန်ကြီးနဲ့ပေါ့… အဲဒီချိန်တုန်းက နောင်းနောင်က ရပ်ကွက်ထဲမှာ လူငယ်ခေါင်းဆောင်အဖြင့် ပါဝင်ဆက်ကပ်နေတဲ့ အချိန်ပေါ့… ဒါကြောင့် မင်္ဂလာမဆောင်ခင် ကောင်မလေးရဲ့ မိခင်က နောင်းနောင်ဆီကို လာပြီး အကူအညီတောင်းခံခဲ့တယ်… “ သားလေး D.ခွန်နောင်ရယ်… အန်တီကို ကူညီပါအုံး… အိမ်က မင်းရဲ့ညီမလေးပေါ့ ပြောစကားနားမထောင်ဘူး… အခု သူ့မှာ ကိုယ်ဝန်သုံးလ ရှိနေပြီ… ဒါကြောင့် မိဘဝတ်တရားနဲ့အညီ မင်္ဂလာပွဲကို မဖြစ်မနေ အမြန်ဆုံး စီစဉ်ပေးရတော့မယ်… အန်တီတော့ ရှက်လွန်းလို့သေတော့မယ်… ဒီလို မသန့်မရှင်းနဲ့ဆိုတော့ သူများကို အကူအညီတောင်းခံဖို့ရော အားနာတယ်… ဘယ်သူကရော ကူညီချင်မှာလဲ? နောက်ပြီ သတင်းပြန့်ကုန်မှာရောဆိုးတယ်… ဒါကြောင့် ခွန်နောင်ကို အန်တီ တိုးတိုးတိတ်တိတ်နဲ့ အားကိုးတကြီး အကူအညီလာတောင်းတာပါ….” အင်...နော်..... သူများကိုကြတော့ အကူအညီတောင်ဖို့ အားနာတယ်... နောင်းနောင်ကိုကြတော့ မအားနာဘူးပေါ့... ဒီအန်တီတစ်ယောက် ပြောရက်လိုက်တာ... နောင်းနောင်ရဲ့ ဘဝကတော့လည်း လိုတဲ့အခါ သုံးပြီ မလိုအပ်တဲ့အခါ စွန့်ပစ်လိုက်တဲ့ ပလားစတိတ်အိတ်နဲ့များ တူနေပြီလားလို့ ခံစားမိတယ်... ဟဲ...ဟဲ ... ရယ်စရာအနေနဲ့ ပြောတာပါ.... ဒါနဲ့တိုးတိုးတိတ်တိတ်နဲ့ အားကိုးတကြီး အကူအညီလာတောင်းတယ်ဆိုတော့ အန်တီတစ်ယောက် တော်တော်လည်း ရှက်နေတယ်ဆိုတာ နောင်းနောင် သတိထားမိတယ်… နောက်ပြီ ကိုယ့်ကို ချစ်လို့၊ ခင်လို့၊ ဘယ်သူမ မကူညီချင်ပေမဲ့ နောင်းနောင်လေးတော့ ကူညီမှာဘဲဆိုတဲ့ အားကိုးစိတ်နဲ့ အကူအညီလာတောင်တာရော ဖြစ်ကောင်းဖြစ်နိုင်တယ်.... နောက်ပြီ ကိုယ်က လူငယ်ခေါင်းဆောင်၊ ခေါင်းရှောင်လို့တော့ အဆင်မပြေနိုင်ဘူး… ဒီမင်္ဂလာပွဲမှာ တကယ်ဘဲ အကူအညီ လိုအပ်နေခဲ့တယ်ဆိုပြီး ခံစားမိခဲ့တယ်... ဒါကြောင့် နောင်းနောင်ကူညီဖြစ်ခဲ့တာပါ… နောက်ဆုံးဂိတ် အနေနဲ့တော့ ထိုင်းနိုင်ငံမှာ ကချင်ကောင်လေးတစ်ယောက် မင်္ဂလာဆောင်တုန်းက ကူညီဖြစ်ခဲ့တာပါ…. ဟဲ..ဟဲ..  ကြွားစရာလေးတွေတော့ ကုန်သွားပြီဆိုတော့....  ယနေ့ထုတ်လွင့်မှု အစီအစဉ် ပြီးဆုံးကြောင်း  ကြေငြာအပ်ပါတယ်.... အခုလို မျက်စိအညောင်းခံပြီး ဖက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ထပ်မံကြေငြာအပ်ပါတယ်.... 

ဘုရားသခင်ထံတော်မှ အသစ်သော ကောင်းကြီးမင်္ဂလာ အစဉ်အမြဲ ခံစားရပါစေလို့ ဆုတောင်းရင်း ဝေးတစ်နေရာမှ သတိရနေသူ နောင်းနောင်



About exodus42

0 comments:

Post a Comment