ဆိုင်း အရမ်းပင်ပန်းနေလား?

Dear Seng,
      မနေ့ကရော ဆိုင်းနဲ့ နောင်းနောင် စကား ကောင်းကောင်း မပြောဖြစ်ခဲ့ဘူး....နော်!!!! ဒီနေ့ရော connection မကောင်းတော့ ဆိုင်းကို အားပေးစကားလေး တစ်ခွန်းတောင်း မပြောနိုင်ခဲ့ဘူး... တကယ် ဝမ်းနည်းမိတယ်... ဆိုင်း အရမ်းပင်ပန်းနေလား? ကြိုးစားထားနော်... ဆိုင်း လိုအပ်တဲ့အချိန်/ အကူအညီတွေ၊ အရာအားလုံးကို အပြစ်တစုံတရာ ရှာဖွေခြင်း မရှိဘဲ  ရက်ရက်ရောရော ပေးနေတဲ့ ဘုရားသခင်ထံ လိုအပ်နေတဲ့ အကူအညီတွေ တောင်းခံဖို့ မမေ့နဲ့နော်.... ဘုရားသခင်က ဆိုင်းအတွက် ကတိတော် ထားရှိတယ်... " ငါ့ကိုခေါ်လော့၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။" အဖဘုရားသခင်ဟာ သားတော်ရဲ့ ဆုတောင်းသံအားလုံးကို နားညောင်းတော်မူသကဲ့သို့ ဆိုင်းလဲဘဲ သားတော်ယေရှုရဲ့ နာမတော်အားဖြင့် ဆုတောင်းရင် ဆိုင်းရဲ့ ဆုတောင်းသံအားလုံးကို ဘုရားသခင်က နားညောင်းတော်မူမှာပါ...
              အမေက နောင်းနောင်ကိုပြောတယ်... ဆိုင်ဟာ အရပ်မြင့်မြင့်၊ ကိုယ်လုံးထွားထွား......  ပြီးတော့ အသားရော တိတ်မဖြူဘူး အနေတော်ဘဲ အရမ်းကြည့်လို့ကောင်းတယ် ဆိုပြီပြောတယ်.....


အမြဲသတိရနေသူ နောင်းနောင်

About exodus42

0 comments:

Post a Comment