ဘ၀အမောပြေစေဖို့ ဟာသလေးတွေ

Dear Seng,


               နောင်းနောင် ဆိုင်းအတွက် ဘ၀အမောပြေစေဖို့ ဟာသလေးတွေပို့ ပေးလိုက်တယ်...


မင်းလည်း တလှည့် ပြောဦးမှပေါ့


အိမ်ရှင်မ တယောက်သည် သူတောင်းစား နှစ်ယောက်ကို သနားသောအားဖြင့် အိမ်သို့ခေါ်ပြီး ယခုလို မေးသည်။
“ဘယ်သူ ထမင်း စားမလဲ”
သူတောင်းစား တယောက်က အမြန်ဖြေလိုက်သည်။
“ကျနော် စားမယ်”
“ငါးရော ဘယ်သူစားမလဲ”
၎င်း သူတောင်းစားကပင် “ကျနော် စားမယ်” ဟု အဖြေပေးသည်။
“ဒါဆို ထင်းတွေရော ဘယ်သူ ခွဲပေးမလဲ” ဟု အိမ်ရှင်မက မေးရာ …
စောစောက သူတောင်းစားသည် အခြား သူတောင်းစား ဘက်သို့လှည့်ကြည့်ပြီး ယခုလို ပြောလိုက်လေသတည်း။
“ဟေ့ … ငါချည်းဘဲ ပြောနေရတယ်။ မင်းလည်း တလှည့် ပြောဦးမှပေါ့”။


နောက်ဆုံးဆန္ဒ


“ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့
ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ.. ခင်ဗျားရဲ့ရောဂါဟာ
ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေချင်သလည်း”
ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။
“ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့
တွေ့ချင်တာပါပဲ ဆရာရယ်..”ဟူ၏။


ပိန်ဆေး
“ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်”
“တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ”
ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ”


သူ့နေရာသူပြန်သွား


" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "


ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..


တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . . မင်းဟာထမင်းမစားခင်မှာ
ဆုတောင်းလား. မတောင်းဘူးလား?
ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…


ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ
စမ်းပါဦးကွယ်..
ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ
မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ....


ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ
ကျောင်းသား။ ။ လပါဆရာမ
ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?
ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့
နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။


ဘယ်မှမသွားတဲ့မျက်နှာ


ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။
``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´
``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´


မေးနေကြပြီး


ကိုအောင်မင်း နှစ်ကြီးသမားထံ ဇနီးဖြစ်သူ ထောင်ဝင်စာလာတွေ့သည် ။
“ ကိုအောင်မင်း ရှင်ဒီကိုရောက်နေတာ ကြာလှပြီ ၊ ကလေးတွေလည်းကြီးကုန်ပြီး ၊ မေးခွန်းတွေလည်းမေးကုန်ကြပြီရှင် ”
“ ဘာလဲ သူတို့အဖေ ဘယ်မှာလဲလို့ မေးနေကြသလား ”
“ ဟင့်အင်း ရှင်ဓါးပြတိုက်လို့ရတဲ့ ပစ္စည်းတွေဘယ်မှာ ၀ှတ်ထားသလဲတဲ့ ” 


ဈေးဆစ်ကောင်းသူ


မောင်နုံတစ်ယောက်ဈေးဆိုင်တစ်ခုမှာ ဟေ့လူ ကျုပ်ကို အင်္ကျီတစ်ထည်လောက်ပြပါ။ ဒါလေးလှတယ်ဆရာ ၂၀၀ ကျပါတယ်။ ၁၀၀ ထားဗျာ။ ခဏအချေအတင်ပြောပြီးနောက် ယူဗျာ ၁၀၀ နဲ့။ နည်းနည်းများနေသေးတယ်ဗျာ ထပ်လျော့ပါဦး။ ဆိုင်ရှင်ကအနည်းငယ်စဉ်းစားပြီးနောက် ၈၀ဗျာ။ များနေသေးတယ်ဗျာ။ ၅၀ဗျာ။ကျုပ်မတတ်နိုင်လို့ပါဗျာ။ ၃၀ဗျာ။၂၀ဗျာ။၁၀ဗျာ။နဲ့လျော့လာတာ ၅ကျပ်အထိဈေးဆစ်လာတော့ ဆိုင်ရှင်ခမျာစိတ်အရမ်းတိုသွားပြီး ဟေ့လူ အဲဒီအကျီ် င်္အလကားယူသွားတော့ဗျာ။မောင်နုံက မကြည်လင်သောမျက်နှာဖြင့် ဆိုင်ရှင်ကိုကြည့်ပြီး အလာကားဆိုရင် နှစ်ထည်မရဘူးလား။ 


ဒါဆို မှားနေပြီ


“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ”
“အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ”
“ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ”


သူ နှုတ်မှာမဟုတ်လို့


“ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”
ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ်
“ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ”
“သိပါတယ်၊ နောက်နှစ်ချောင်း သုံးချောင်းနှုတ်ပြီးရင် ကိုက်တဲ့သွားဆီကို ရောက်ပါပြီ”


အပေါင်းအသင်းမှားသွားခြင်း


“မင်း ဘာကြောင့် ဒီလောက်တောင် မူးအောင်သောက်ရတာလဲ”
“အပေါင်းအသင်းမှားသွားလို့ပါ။ အရက်မသောက်တတ်သူတွေကို
အရက်ဆိုင်ခေါ်သွားမိခဲ့တော့ ကျွန်တော် တစ်ယောက်တည်း
ဒိုင်ခံသောက်ခဲရလို့ပါ”


အပိုအလုပ်တွေ
“ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
“ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးေ၇ထဲမှာ နေခဲ့တာလေ”


သူ့နေရာနဲ့သူ


“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”


တက်လမ်း မရှိလို့


“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ


မငိုပါနဲ့


“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”


ရင်တုန်ရခြင်း


doctor  :  ငယ်ငယ်ရွယ်နဲ့ ရင်တွေတုန်ပြီး မောပန်းတယ်ဆိုတော့
               မွေးရာပါ နှလုံးရောဂါရှိလို့လား. . .
လူနား    မဟုတ်ပါဘူး၊  ဆုငွေမက်ပြီး ကော်ဖီမစ်တွေ
               မချိမဆန့်အောင် ၀ယ်သောက်ရင်း ခုလို
               ရောဂါဖြစ်လာတာပါဆရာ. . .

About exodus42

0 comments:

Post a Comment