Dear Seng,
သတိရပေါင်းများစွာနဲ့ နောင်းနောင် စာရေးလိုက်ပါတယ်။ အိပ်ယာထတိုင်း ဆိုင်း အစစအရာရာ အဆင် ပြေပါစေလို့ အမြဲ ဆုတောင်း ပေးနေပါတယ်။ နောင်းနောင်ကတော့လည်း တစ်နေ့တာ လုပ်ငန်းခွင်ကို ဝင်တဲ့အခါ အဆင်ပြေတဲ့အချိန် ရှိခဲ့သလို၊ အဆင်မပြေတဲ့ အချိန်မျိုးလည်း ရှိခဲ့တာပေါ့နော်။ ဘယ်လိုဘဲဖြစ်ဖြစ် အဆင်ပြေတဲ့ ရက်တွေမှာလည်း ဆိုင်းကို သတိရသလို၊ အဆင်မပြေတဲ့ ရက်တွေမှာလည်း ဆိုင်းကို ပိုလို့တောင် တမ်းတမိတယ်။ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့လာတဲ့အခါ နောင်းနောင်ရဲ့ အသိတရားထဲမှာ ဆိုင်းရဲ့အကြောင်းတွေ ဝင်လာတာနဲ့ ထူးဆန်းစွာ စိတ်ခွန်အားတွေရလာပြီး ပြန်လည် ပြုံးနိုင်ခဲ့တယ်။ တကယ်အံ့သြမိတယ်။
ဆိုင်းကို နောင်းနောင် ဘဝတစ်ခုလုံးအတွက် ရည်ရွယ်ပြီ သဘောကျတယ်တယ်လို့ ပြောခဲ့တာပါ။ ဆိုင်းကို နောင်းနောင် တန်ဖိုးထား ချစ်ခင်တလို မိသားစုတွေ အားလုံးဟာလည်းဘဲ ဆိုင်းကို တန်ဖိုးထား ချစ်ခင်ကြမှာပါ။ မိသားစုတွေအားလုံးရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဆိုင်းအပေါ် စုပြုံ ရောက်ရှိလာမယ်ဆိုတာ မလွှဲဧကန်ဘဲလေး။ ဒါကို နောင်းနောင် ယုံကြည်တလို ဆိုင်း ကိုလည်း ယုံကြည်စေချင်တယ်။ ဆိုင်းနဲ့ နောင်းနောင်တို့ရဲ့ အကြောင်းတွေ မိသားစုတွေကို ဖွင့်ပြော လိုက်တော့မယ်နော်?။ နောင်းနောင်မှာလည်း ပိုင်ဆိုင်တဲ့အရာဆိုလို့ ရိုးသားမူ တစ်ခုတည်းတာ ရှိတာပါ။ ဆိုင်းကို နောင်းနောင် တသက်လုံး တန်ဖိုးထား ချစ်ခင်သွားမှာပါ။ ဘုရားက ပြေားထားတယ်လေး “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။” “ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသော သူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။” ဒါကြောင့် ဒို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဘုရားဆီမှာ အပ်နှံကြမယ်။ ဘုရားသခင်ဆီက ကောင်းချီးတွေ တောင်းခံကြမယ်လေး။ ဘုရားသခင်က ဒို့နှစ်ယောက်ကို ကောင်းချီးပေးမှာပါ။
စာတောင် အရမ်းရှည်သွားပြီနော်။ တာတောင်မှ မနည်း stop လုပ်ယူရတယ်။ ပြောပြချင်တာက များနေလို့လည်း။ ဆိုင်း စာကြိုးစားနော်။ ဘုရားသခင် ထံတော်မှ ငြိမ်သက်ခြင်းဆုကျေးဇူး ခံစားရရှိပါစေ။

အဝေးတနေရာမှ အမြဲသတိရနေသူ နောင်းနောင်
0 comments:
Post a Comment