To/ Dear Seng

To,      
Daer Seng,                       
    သာယာပျော်ရွှင်သော တနင်္ဂနွေနေ့လေးဖြစ်ပါစေလို့ ရှေ့ဦးစွာ ဆန္ဒပြုလိုက်ပါတယ်… တစ်ချိန်က နောင်းနောင်ကို တစ်စုံတစ်ယောက်သော သူကို စောင့်ရင်း နဲ့သော်လည်းကောင်း၊ ဆိုင်းအတွက် စိတ်ထွက်ပေါက်တစ်ခု အနေနဲ့သော်လည်းကောင်း ဆိုင်း နောင်းနောင်ကို ခင်မင်ခဲ့တယ်ဆိုပါတော့… ဆိုင်းရဲ့စာအရလေး… ဒါက လူ့သဘာဝဘဲလေး ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပေါ့။ ဆိုင်း ဘယ်လိုသဘောနဲ့ နောင်းနောင်ကို ခင်မင်ခဲ့သည်ဖြစ်စေ ဒီနေ့ဒီချိန်ထိ နောင်းနောင်အတွက်တော့ ဘာတစ်ခုမှ နှစ်နာခဲ့တယ်ဆိုလို့ မရှိခဲ့တာတော့ အမှန်ပါဘဲ။ အခုလို ဆိုင်းရဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့  ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာလို့ ကြေနပ်ပျော်ရွှင်မိတယ်၊ ဆိုင်း စိတ်ညစ်နေတဲ့အချိန်မျိုးမှာ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ ထင်မှတ်မထားဘဲ ကူညီခဲ့မိသလို ဖြစ်ခဲတဲ့ ဖြစ်စဉ်တွေရယ် တာတွေအားလုံးအတွက်ပေါ့။ နောက်လည်း ပြောပြချင်တာလေးတွေကို ရင်ဖွင့်ပြောပြဖို့ မမေ့နေ့နော်။  ဆိုင်းဟာ နောင်းနောင်ဘဝထဲကို ပျော်ရွှင်မူတွေကိုသာ ယူဆောင်ပေးခဲ့သူပါ။ ဆိုင်းအကြောင်းကိုတွေးမိတိုင်း ပျော်ရွှင်မူကိုသာ နောင်းနောင်ခံစားခဲ့ရတယ်။ ဒါကြောင့်လဲဘဲ အခုတစ်လော ချစ်သော အဖေ၊ အမေနဲ့ မိသားစုတွေထက် ဆိုင်းကို ပိုလို့သတိရနေသလိုဘဲ။  နောက်ပြီး အိပ်ယာထတာနဲ့ ဆိုင်းရဲ့အကြောင်းတွေ ခေါင်းထဲဝင်လာစမြဲဘဲလေး။ ဒါကြောင့် ဆိုင်း တစ်နေ့တာ ကောင်းမွန်စွာ သွားလာနိုင်ဖို့ ဘုရားကို အမြဲဆုတောင် မေတ္တာပို့နေခဲမိပါတယ်။ ဆိုင်းဟာ နောင်းနောင်အတွက် ဘုရားပေးတဲ့ လက်ဆောင်လေးပါ။ ဆိုင်းဟာ နောင်းနောင်ရဲ့နှလုံးသားထဲမှာ အမြဲလေးစား၊ အာကျ နေမိတဲ့ မိန်းကလေးပါ။ ဒါနဲ့ ဆိုင်းရေးမဲ့စာအုပ်နဲ့ ပတ်သက်ပြီးတော့ outline ရေးပြီးသွားရင် ပို့ပေးဖို့မမေ့နဲ့နော်။ ဆိုင်းနဲ့ပတ်သတ်တဲ့အရာတွေဟာ နောင်းနောင် ဦးစားပေးလုပ်ဆောင်တဲ့ အလုပ်ဖြစ်နေလို့ပါ။ ဗုဒ္ဓအကြောင်း ရှာကူမယ်လေး။                          

အမြဲသတိရနေတဲ့အတွက် အမြဲတမ်းသတိရနေသူ လို့ဘဲ ရေးခွင့်ပြုပါနော်…..


About exodus42

0 comments:

Post a Comment