Dear Seng,
ဒီတစ်နှစ်၊ နှစ်နှစ်လေးမှာပေါ့ ကန္တာရ ခရီကြမ်းကြီးကို ဖြတ်လျှောက်နေတဲ့ ခရီတည်တစ်ယောက် ရှိခဲ့ပါတယ်…. သူဟာ ဘယ်ရောက်လို့ ဘယ်မှာခရီးဆုံးမယ် မသိတဲ့ ဒီကန္တာရခရီး ကြမ်းကြီးမှာ အဖေါ်မပါတစ်ယောက်ထဲ လျှောက်လမ်းခဲ့တယ်။ အချိန်ကာလကြာလာတာနဲ့အမျှ မောပမ်းနွမ်းဟိုက်လို့နေပါပြီး… သူဟာ အစားအသောက်မစားရတဲ့ နေ့တွေက ထပ်ခဲ့ပြီမို့ အားအင်တွေကုန်ခန်းပြီး ခြေလက်တွေလဲ တုန်ရီနေလေပြီ။ လေတိုက်လို့ ယိုင်လဲမသွားအောင် သူ့ခများ ကိုယ်ခန္ဓာမှာရှိတဲ့ မရှိမဲ့ရှိမဲ့ အားတွေကိုစုပြီးတောင့်ခံနေရှာတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပေါ့ လူသားတစ်ယောက်ဟာ ဘယ်လောက် ထိခံနိုင်ပါ့မလဲ။ နောက်ဆုံးတော့ ခရီးသည်လေးဟာ ပူပြင်းလှတဲ့ ဒီကန္တာရကြမ်းပြင်ပေါ်ကို “ဖုန့်” ဆိုတဲ့အသံလေးနှင့်အတူ မှောက်ကျခဲ့ပြီပေါ့… ဒီအချိန်မှာ မမျှော်လင့်ဘဲ ခြေတစ်စုံဟာ သူ့ရဲ့ခေါင်းရင်းမှာ ရောက်လို့နေတာကို သတိပြုမိခဲ့တယ်… အားယူပြီးမော့ကြည့်လိုက်တော့ ယေရှုခရစ်တော် ပြုံးပြနေတာကို မြင်တွေ့ခဲ့တယ်… ယေရှုက ခရီးသည်ကို ညင်သာစွာထူမ၍ “ ငါ့သား မောပမ်းခဲ့ပြီပေါ့ ” ဆိုပြီး ပေကျန်နေတဲ့ ကိုယ်ခန္ဒာမှ ဖုန်မုန့်များကို ခါချရင်း ပြေားခဲ့တယ်, “သင့်ကို သည်းခံခြင်းပွားစေရန်နှင့် စေ့စပ်စုံလင်စေလို၍သာ စုံစမ်းနှောက်ယှက်ခြင်းကို တွေ့ကြုံစေခြင်းဖြစ်ပါတယ်။ ”ကိုယ့်သားကိုချစ်သောဖခင်ဟာ ကိုယ့်သားကို ဆုံးမတော် မူတတ်တယ်မဟုတ်လား…..။ “ငါ့သားအရမ်းဆာရောပေါ့” “ ရော့မုန့်တွေစားလိုက်အုံး… ဒီမုန့်က သားတစ်ခေါက်မှ မစားဖူးသေးတဲ့မုန့်ပေါ့။ နောက်ပြီး သားအရမ်းစားချင်နေတဲ့ အရသာအရှိဆုံးမုန့်လဲဖြစ်ပါတယ်” ဆိုပြီး သူမစားဖူးတဲ့ မုန့်ကိုကျွေးခဲ့တယ်… စားပြီးပြန်တော့လည်း “ရော့ ရေလေးသောက်လိုက်အုံး… သားရေအရမ်းဆာငတ် နေမယ်ဆိုတာကိုသိလို့ ရေတွေ အများကြီးယူခဲ့တယ်.. အဝသောက်နော်” ဆိုခဲ့ပြန်တယ်။ ဒါတွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ နောင်းနောင်ရဲ့ ဘဝမှန်ကို သရုပ်ဖော်ထားတာပါ။ ဆိုင်း နားလည်နိုင်အောင် အောက်မှာ အဓိပ္ပာယ် ရှင်းပြထားပါတယ်။
ဒီအဖြစ်အပျက်လေးထဲက ကန္တရ ခရီးသည်ဆိုတာ နောင်းနောင် ကိုယ်တိုင်းဘဲဖြစ်တယ်။ နောင်းနောင်ဟာ အိမ်ကနေထွက်လာခဲ့တယ် မရယ်ရာတဲ့ အိပ်မက်တစ်ခုကို စုတ်ကိုင်ရင်းပေါ့။ ဒါပေမဲ့ ဒီဘက်ရောက်လာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်ခဲ့တယ်။ စိတ်ညစ်စရာတွေ အဆင်မပြေမူတွေနဲ့ဘဲ ပြည့်နက်နေခဲ့တာပေါ့။ ဆုတွေလည်း တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ယုံကြည်ချက်အပေါ် ကိုယ်အားမရခဲ့ဘူး။ ဒါကြောင့် ဝိညာဉ်အစာ စားသုံးဖို့ လိုက်ရှာခဲ့မိတယ်။ ဒါပေမဲ့ နောင်းနောင်ရဲ့ ယုံကြည်မူကို ခိုင်မှာလာအောင် နောင်းနောင်ရဲ့နှလုံးသားကို တို့ထိ၊ ပို့ဆောင်ပေးမဲ့သူက မရှိခဲ့ဘူး။ အရာရာအစဉ်မပြေမူတွေနဲ့ နောင်းနောင် ဝမ်းနည်းပက်လက် လက်မြောက်ခဲ့ပြီပေါ့။ ဒါပေမဲ့ ဘုရားသခင်က ကောင်းမြတ်တော်မူပါတယ်။ နောက်ပြီး ကတိတော်လည်း ထားရှိတယ်လေး “ဘုရားသားတွေ မခံနိုင်မဲ့ စုံစမ်းနှောက်ယှက်ခြင်းမျိုး မရောက်စေဘူးဆိုတာပေါ့။” ဘုရားက နောင်းနောင်ကို ပြစ်မထားခဲ့ပါဘူး။ နောင်းနောင် မခံနိုင်တော့ဘူးဆိုတာသိတော့ စုံစမ်းခြင်းအမူကို ရပ်တန့်စေခဲ့ပါပြီ။ ဒါကို ဤကျမ်းချက်က သက်သေပြနေပါတယ်။ လူ၌ဖြစ်တတ်သော စုံစမ်းနှောက်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောက်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း၊ စုံစမ်းနှောင့်ယှက်ခြင်း အရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။ (၁ကော ၁၀း၁၃) ကတိတော်၏ အမှန်တရားကို နောင်းနောင် လက်တွေ့ ရယူခံစားခဲ့တယ်။ အရှောင်မိုင်းမိုင်းက ဆိုင်းနဲ့ မိတ်ဆက်ပေးခဲ့သလို ဆရာတူးမိုင်လေးဘဲ ဒီရုံးက လူကြီးတွေနဲ့ ဆက်သွယ်ပေးခဲ့တယ်။ ဆိုင်းနဲ့ခင်မင်ခွင့်ရခဲ့သလို ဒီရုံးမှာလည်း အလုပ်ရရှိခဲ့ပါတယ်။ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွါးစေတတ်သည်ဟု သိမှတ်လျက် အထူးထူး အပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။ (ယာကုပ် ၁း၂-၄) ဤကျမ်းချက်လေးအတိုင်း နောင်းနောင်တွေ့ကြုံခဲ့တဲ့ အခက်အခဲတွေ အဆင်မပြေမူတွေဟာ နောင်းနောင်ကို သည်းခံခြင်းတိုးပွားစေရန်နှင့် စေ့စပ်စုံလင်စေဖို့၊ ဘုရားက ချစ်လို့ ပို့ဆောင်တော်မူတယ်လို့ဘဲ ခံယူတယ်။ နောက်ပြီး ဘုရားက မွန်းကြပ်နေတဲ့ဘဝကနေ ပျော်ရွှင်သော ကမ္ဘာသစ်ဆီသို့ ခေါ်ဆောင်သွားဖို့ အကူအညီလိုနေတာကို သိတော်မူတယ်။ မိန်းကလေးဆိုရင် ပိုအဆင်ပြေမယ်ဆိုတာလဲဘဲ သိနေတယ်။ ဒါကြောင့် ဆိုင်းကိုပို့ဆောင်ပေးခဲ့တာပေါ့။ ဟုတ်ပါတယ် ဆိုင်းဟာ နောင်းနောင်ဘဝထဲကို ပျော်ရွှင်စရာ တပွေ့တပိုက်ကြီးကို ထွေးပိုက်ပြီးဝင်လာခဲ့တဲ့သူပါ။ ဆိုင်းရဲ့အကြောင်းကို တွေးမိတိုင်း ပျော်ရွှင်မူတွေကိုသာ နောင်းနောင်ခံစားခဲ့ရတယ်။ ဒီပျော်ရွှင်မူုတွေနဲ့ဘဲ အမြဲ တရက်သာ ကုန်ဆုံးသွားစေတယ်။ ဆိုင်းရဲ့အကြောင်းတွေးမိတိုင်း ဆိုင်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်မိတယ် ပျော်ရွှင်မူတွေကို ဆောင်ကြဉ်းပေးခဲ့တဲ့အတွက်ပေါ။
နောက်ပြီး အံ့သြစရာဘဲ နောင်းနောင်တို့ ရုံးနဲ့မနီးမဝေးလေးမှာ ဘုရားကျောင်းတစ်ခုရှိတယ်။ နောင်းနောင် ဆာလောင်ငတ်မွတ် တောင့်တနေတဲ့ ဘုရားရဲ့နုတ်ကပတ်တော်ကို ကြားနာနိုင်ဖို့ ဘုရားပို့ဆောင်တာဘဲပေါ့။ ဒီဘုရားကျောင်းဟာ ကိုးရီးယား မစ်ရှင်( Korea Mission ) ကျောင်းဖြစ်သော်လည်း ကျောင်းအုပ်ဆရာတော်က ကချင်လိုမျိုးဖြစ်နေလို့ပါဘဲ။ ဒါကြောင့် ထင်ထားတာထက် ပိုလို့တောင် အဆင်ပြေခဲ့ပါတယ်။ ဆရာဟာ ဘုရားရဲ့နုတ်ကပတ်တော်ကို ကောင်းကောင်း တိုက်ကျွေးခဲ့တယ်၊ သူ့ရဲ့စာအုပ်တွေပေးဖတ်တယ်။ ဒါတွေအားလုံးဟာ အခုလက်ရှိခံစားနေရတဲ့ ကောင်းချီးတွေပါဘဲ။ စာတောင်အရမ်းရှည်သွားပြီနော်။ အခုလို မျက်စိအညောင်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဂျူးကမ္ဘာနော်။
အမြဲသတိရနေသူ နောင်းနောင်
0 comments:
Post a Comment