သတိရတဲ့ အကြောင်းလေးပါ

Dear Nawng Nawng,
     နေကောင်းနေမယ်လို့ မျော်လင့်ပါတယ်။ အစစအရာရာလည်း အဆင်ပြေနေတယ် မဟုတ်လား ? နောင်းနောင်ကို နေ့တိုင်း သတိရမိတယ်။ ထူးဆန်းတယ်နော် ခင်တာက ဘယ်လောက်မှ မကြာသေးဘဲနဲ ဘာလို ဒီလောက်သတိရတာလဲလို စဉ်းစားမိတယ်။ နောင်းနောင် စဉ်းစားထားသလို မလေးကို ပြောင်းမယ်ဆိုရင် ကောင်းတယ်လေ ဆုတောင်းထားတယ် မဟုတ်လား ? ဘုရားသခင် လမ်းပြသလို ပေါ့ ( ဆာလံ၂၃ မှာ ပါသလို စိမ်းလန်းသော ကျက်စားရာ အရပ်သို့ ငါ့ကို ပို့ဆောင်တော်မူ၏ ) လို့ ပြောထားတယ်လေ။ ဆုတောင်းပြီးမှ လုပ်တာ မမှားပါဘူး။ နို့နဲ့ ပျားရည် စီးသောပြည် ခါနန်ပြည်ပေါ့။ ဆိုင်တို့ မိသားစုလည်း အဲလိုဘဲလေ တောင်ကြီးဘက်မှာက လုပ်စားရတာ အဆင်ပြေလို နေဖြစ်သွားတာလေ။ မနေ့ညက စောင့်နေသေးလား? ပြန်ထွက်လို့ မရတော့လို့ မလာဖြစ်တာလေး။ ရထားလက်မှတ်ရတယ်။ သူငယ်ချင်းတွေ တန်းစီးပေးတာလေ။ မနက်ဖြန် (ကြာသပတေးနေ့) သွားမယ်။ နောင်းနောင် ဖုန်းဆက်ရင် ပိုက်ဆံ အရမ်းကုန်တယ် မဟုတ်လား အဆင်ပြေပမလား? ဆိုင်း ကော်ဖီကြိုက်မှန်း ဘယ်လိုသိလဲ?ဲ နောင်းနောင်ကော ကြိုက်တာလား? စာလုံးပေါင်း ပြင်ဖတ်နော်။ ဘုရားသခင်မှ အသစ်သော ကောင်းချီး မင်္ဂလာ ခံစားရပါစေ။

အမြဲသတိရသူ ဆိုင်းဆိုင်း

About exodus42

0 comments:

Post a Comment