Dear Seng,
ဆိုင်း တစ်ခါပြန် လွမ်းရအုံးမယ်ပေါ့နော်… ဆိုင်းကို နောင်းနောင် သဘောကျတယ်။ တကယ်ပါ အရမ်းကို သဘောကျတယ်။ ဆိုင်းဟာ နောင်းနောင်ဘဝရဲ့ တန်ခိုးရှင်လေးပါ။ ထူးဆန်းလိုက်တာ နောင်းနောင်ရဲ့ နှလုံးသားထဲမှာ ဆိုင်းရဲ့ အသွေးအသားတွေ စီးဆင်းနေသလို ခံစားနေရတယ်။ ဆိုင်းရဲ့ မိသားစုတွေကို နောင်းနောင် တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမဲ့ စိတ်ထဲမှာ အရမ်း ရင်းနှီးနေသလို ခံစားရမိတယ်။ နောက်ပြီ ဆိုင်းရဲ့ အငယ်ဆုံး ညီမလေး (မြတ်မြတ်) ကိုရော အရမ်း မြင်ချင်၊ တွေ့ချင် မိတယ်။ ဆိုင်း အိမ်ရောက်ရင် ညီမလေးရဲ့ဓါတ်ပုံ ပို့ပေးမယ်လို့ ယုံကြည်ပါတယ်။ တကယ်တော့ ဆိုင်းတို့ရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်ခွင့်ရချင်မှုဟာ နောင်းနောင် ဘဝအတွက် အလိုချင်ဆုံး ဆန္ဒနဲ့ မျှော်လင့်ချက် အလင်းရောင်လေးပါ။ ရည်ရွယ်ထားတဲ့ ဆိုင်းရဲ့လက်ကိုတွဲကာ ကမ္ဘာအနှံ့ လျှောက်လည်ချင်မိတယ် ဆိုင်းရယ်.....
အမြဲသတိရ နေသူ နောင်းနောင်
0 comments:
Post a Comment