အသက် ဝင်လာသော ပန်းတစ်ပွင့်

Dear Seng,
      “ ဆိုင်း ငယ်ငယ်တုန်းကတော့လေး လေယာဉ်မယ်လည်း ဖြစ်ချင်ခဲ့တာပေါနော်….. ဒါပေမဲ့ အဲဒီအိပ်မက်ကတော့ အကောင်အထည် မဖေါ်နိင်တော့ဘူး” ဆိုပြီး လက်မြောက်လိုက်တဲ့ လေသံနဲ့ ဆိုင်း နောင်းနောင်ကို ရင်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ ဒီစကားသံ ကြားလိုက်တဲ့ အချိန်မှာ နောင်းနောင်ကတော့ အရမ်း ပျော်ရွှင်ခဲ့မိတယ်၊ ဆိုင်အတွက် ဂုဏ်ယူခဲ့မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်း ကိုယ်တိုင်က လေယာဉ်မယ် တစ်ယောက် ဖြစ်နေလို့ဘဲ။ လေယာဉ်မယ်တောင်မှ ရိုးရိုးလေယာဉ်မယ် မဟုတ်ဘူး သိလား?။ အထူး Special လေယာဉ်မယ်ပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လေယာဉ်မယ်နဲ့မှ နှိုင်းယှဉ်လို့ မရတဲ့၊ တန်းဖိုး ဖေါ်မပြနိုင်တဲ့ လေယာဉ်မယ်လေးပေါ့။ ဒါကို ဆိုင်း စဉ်စားမိရဲ့လား ? သတိထားမိရဲ့လား ? ဒါမှ မဟုတ် ဆိုင်း ခေါင်းတွေ ရှုပ်ကုန်ပြီလား ? ဆိုင်းဟာ ဘယ်လို လေယာဉ်မယ်ဖြစ်တယ်၊ ဘယ်လေယာဉ်ပေါ်မှာ အမှုထမ်းနေတယ် ဆိုတာကို ပြောပြမယ်နော်…. ဒီအကြောင်းအရာလေးဟာ အင်မတန် အရေးကြီးသလို၊ အင်မတန်မှ စိတ်ဝင်စား စရာကောင်းတယ်။

ဆိုင်းဟာ ဘယ်လိုလေယာဉ်မယ် ဖြစ်တယ်ဆိုတာ မပြောခင် ရိုးရိုးလေယာဉ်မယ် တစ်ဦးကို အရင် စဉ်းစားကြတာပေါ့နော်။ လေယာဉ်မယ် တစ်ယောက်ဖြစ်ဖို့ဆိုတာ လုံးဝ မလွယ်ကူပါဘူး။ တော်ရုံ အရည်အချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လေယာဉ်မယ် တစ်ဦးဖြစ်ဖို့ဆိုတာ ကန့်သတ်ထားတဲ့ အရည်အချင်းတွေ အားလုံး ပြည့်မီရမယ် မဟုတ်လား ? ဥပမာ - အသက် အကန့်အသက်၊ ကိုယ်ခန္ဓာ အရပ်အမောင်း၊ ကျန်းမာရေး၊ ပညာရေး၊ တကိုယ်ရည် သန့်ရှင်ရေး၊ လူမှု ဆက်ဆံရေး နှင့် မျိုးရိုးက အစ အားလုံး အရည်အချင်းပြည့်မည် ရမယ်လေး။ ဒါကြောင့် လေယာဉ်မယ် တစ်ဦးဖြစ်ဖို့ဆိုတာ လုံးဝ မလွယ်ကူဘူးလို့ နောင်းနောင် ပြောနေတာပေါ့။ ဒါကြောင့်လဲ လေယာဉ်မယ်တွေကို လူတွေက အထင်ကြီး လေးစားကြတယ်၊ ချစ်ခင်ကြတယ် ဆိုတာလဲဘဲ အစမ်းတော့ မဟုတ်ဘူးပေါ့နော်။ ဒါတောင်မှ ဒီအရည်အချင်း ကန့်သတ်ချက်တွေဟာ လူ့ ဦးနှောက်နဲ့ တွေးခေါ် စဉ်းစားပြီး ထုတ်ပြန်ထားတဲ့ အရာပေါ့။

ကမ္ဘာပေါ်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားလာဖို့ လေယာဉ်ရှိတယ် ဆိုတာ ဆိုင်းလဲ အသိပါဘဲ။ ဒီအကြောင်းကို ထွေထွေထူးထူး နောင်းနောင် ရှင်းပြစရာ လိုမယ်မထင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားမှာ နေ့တိုင်း သွားလာနေတဲ့ လေယာဉ်ရှိတယ် ဆိုတာကိုလဲဘဲ ဆိုင်း စဉ်းစားမိရဲ့လား။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားမှာ နေ့တိုင်း သွားလာနေတဲ့ လေယာဉ် တကယ်ရှိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လေယာဉ်တွေနဲ့ ဒီလေယာဉ်ဟာ ကွားခြားချက်တွေတော့ ရှိတာပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ လေယာဉ်တိုင်းဟာ မျက်စိနဲ့ မြင်နိုင်တယ်၊ အဖိုးအခပေးပြီး စီးရတယ်။ ဒါပေမဲ့ ဒီလေယာဉ်လေးဟာ မျက်စိနဲ့ မမြင်နိုင်ဘူး၊ နောက်ပြီး အဖိုးအခလည်း ပေးစရာမလိုဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလေယာဉ်လေးဟာ သူ့ကို လက်ခံ ယုံကြည်တဲ့ လုတွေကို ကောင်းကင်ဘုံသို့ ပို့ဆောင်ဖို့ ဘုရားသခင်ကိုယ်တိုင် အထူး စီစဉ်ထားတဲ့ လေယာဉ်မို့လို့ပေါ့။ သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်လိုက်တာနဲ့ ဒီလေယာဉ်ကို အခမဲ့ လိုက်ပါ စီးနှင်းနိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားတယ်။ ဒီလေယာဉ်ပေါ်က ဝန်ထမ်းတွေ အားလုံးကိုလဲ ဘုရားသခင်ကိုယ်တိုင် တရားသောအားဖြင့် ရွှေးချယ်ထားတဲ့ အထူး လေယာဉ်မယ်လေးတွေပေါ့။ ဒီလေယာဉ်မယ်ထဲမှာ ဆိုင်းလေး တစ်ဦး အပါအဝင်ပေါ့။

ဆိုင်း စဉ်းစားကြည့်လေး၊ လူ့ဦးနှောက်လေးနဲ့ စဉ်းစားပြီး ကန့်သတ်ထားတဲ့ လေယာဉ်မယ် တစ်ယောက် ဆိုရင်တောင် လူတွေက အရမ်း လေးစားကြတယ်၊ တန်ဖိုးထား ဂုဏ်ယူတတ်ကြတယ် မဟုတ်လား?။ ဒါဆိုရင် နောင်းနောင်တို့ လူ့ ဦးနှောက်နဲ့ လက်လှမ်း မမီနိုင်တဲ့ ဘုရားရဲ့ အကြံအစီတော်အားဖြင့် ရွေးနုတ်ထားတဲ့ လေယာဉ်မယ်ဆိုရင် ဘယ်လောက်ထိများ ဂုဏ်ယူစရာ ကောင်းမလဲ။ ဒါကြောင့် ဆိုင်း အတွက် နောင်းနောင် ဂုဏ်ယူမိခဲ့တာပါ၊ နောက်လဲ အမြဲ ဂုဏ်ယူနေမှာပါ။ အားရပါးရကြီး ဂုဏ်ယူလိုက်စမ်းပါ ဆိုင်းရယ်။ ဘုရားသခင်က ပြေားထားတယ် “သင်တို့အပြစ်တွေ လွတ်ပေးလို့ ပျော်မနေနဲ့ သင်တို့နာမည် ထာဝရ အသက်စာဆောင်မှာ စာရင်းဝင်သွားတဲ့အတွက် ပျော်ရွှင်ကြပါ။” လောကရဲ့ လေယာဉ်မယ် ဖြစ်ခွင့် မရတဲ့အတွက် ဝမ်းနည်းနေမဲ့အစား၊ ဒီထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ ဘုရားသခင်ရဲ့ လေယာဉ်မယ် ဖြင့်ခွင့်ရတဲ့အတွက် ရဲရဲကြီးဂုဏ်ယူ၊ ပျော်ရွှင်လိုက်စမ်းပါ ဆိုင်းရယ်။ ဆိုင်းကို နောင်းနောင် အားပေးနေတာ မဟုတ်ဘူးနော်။ ဆိုင်း သတိ မထားလိုက်မိတဲ့ ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာတွေကို နောင်းနောင် ရေတွက်မိလို့ပါ။ နောက်ဆိုရင် ဆိုင်းဟာ ဘုရားသခင်ရဲ့ ဒေသနာတော်တွေကို ဝေငှ ရတော့မယ် မဟုတ်လား?။ ပျောက်ဆုံးနေတဲ့ တိုးမည်းများကို လမ်းမှန်ပေါ် ပြန်ရောက်အောင် လမ်းပြရတော့မယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဘယ်လိုရောက်နိုင်တယ်၊ ဘုရားသခင်ရဲ့ လေယာဉ်ကို ဘယ်လို လိုက်ပါ စီးနှင်းခွင့်ရှိတယ် ဆိုတာတွေကို ပြောပြရတော့မယ်။ ဒါကြောင့် လူအများ…. ကြီး…… အများ………..ကြီးကို ဘုရားသခင်ရဲ့ ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးနိုင်သော၊ ဘုရားသခင်အပေါ် သစ္စာရှိသော လေယာဉ်မယ်လေး ဖြစ်ပါစေလို့ ဆုတောင်းရင်း
ဆိုင်းအတွက် အမြဲ ဂုဏ်ယူနေမဲ့ နောင်းနောင်

About exodus42

0 comments:

Post a Comment