အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ

Dear Seng,
             ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာ ဆိုင်းနဲ့ အမြဲ အတူရှိနေပါစေလို့ အစဉ်ဆုတောင်းလျက်ပါ။ ဒီနေ့ ရာသီဥတုက ကောင်းပါတယ်။ ကောင်းကင်တစ်ခုလုံး ကြည်လင်တောက်ပနေပြီး၊ နေသာတဲ့ ရက်လေးပေါ့။ ဒါပေမဲ့ နောင်းနောင် ဒီနေ့ ဘယ်လိုမှ မပျော်နိုင်ဘူး ဖြစ်နေတယ်။ မနေ့ညက အိပ်မက်မကောင်းဘူး။ ညက ဆိုင်းကို အိပ်မက်မက်တယ်။ ဒါပေမဲ့ ဆိုင်းက နောင်းနောင်ကို မခေါ်ဘူး။ နောင်းနောင်ကို မသိဘူးလို့ပြောတယ်။ နောက်ပြီး ယောက်ျားလေး သူငယ်ချင်း တစ်ယောက်နဲ့ပေါ့။ ဒါကြောင့် ဒီနေ့ နောင်းနောင် ဘယ်လိုမှ မပျော်နိုင်ဘူး ဖြစ်နေတယ်။ နောင်းနောင် စိတ်ထဲက ဝမ်းနည်းနေသလို ခံစားရတယ်။
အမြဲတမ်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း
အားငယ်နေမိသူ နောင်းနောင်

About exodus42

0 comments:

Post a Comment