Dear Seng,
နေကောင်ကျန်းမာနေမယ်လို့ မျှော်လင့်ပါတယ်.... ဒီနေ့မှာတော့ Seng အတွက် အသုံးဝင်မယ်ထင်တဲ့ Computer နဲ့ပတ်သတ်တဲ့ အကြောင်းအရာလေး တစ်ခု ပို့ပေးလိုက်ပါတယ်.... တကယ်ကို သိသင့် သိထိုက်တယ် ထင်လို့ပါ။
အင်တာနက် ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူး သတိ ထားရမယ့် အချက် တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါ နှင့်တော့။
အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာ ဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်း လိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှအားလုံး မှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူ ခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့ သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်း နံပါတ်တို့ ရိုက်ထည့် လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက် ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။
ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ် ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါ ထည့်ပေး လိုက်တယ်။
နောင်းနောင်
0 comments:
Post a Comment