တစ်နေ့လုံး ပြုံးနေမိတယ်

Dear Seng,
           အမြဲတမ်း သတိရနေပါတယ်... Seng ဆီက စာကိုစဖတ်လိုက်တော့ "ဘယ်တော့မှ မမေ့တော့ဘူးနော်" ဆိုတဲ့ စာကိုမြင်လိုက်ရော ထခုန်မတတ်ဘဲ။ ဒါပေမဲ့ "ကချင်ဒံပေါက်ကိုလေး" ဆိုတဲ့ စာကြောင်းလေးကို မြင်ရော ဟုတ်မှာပေါ့လေး ဆိုပြီးတော့ ..........။ တကယ်ထူးဆန်တယ် ကျွန်တော်လဲဘဲ မတွေ့ရတာ အရမ်းကြာနေသလို ခံစားရတယ်...အရင်နေ့တွေမှာဆိုရင် စိတ်တွေ အလိုလိုနေရင် ထိုင်းမိုင်နေခဲ့တယ်။ ဒါပေမဲ့ Seng ဆီကစာကို မျှော်လင့်မထားဘဲ ဖတ်လိုက်ရတော့ တကယ်ဘဲ အရမ်းပျော်မိတယ်။ နောက်ပြီ တစ်နေ့လုံး ပြုံးနေမိတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စာပို့ထားတဲ့အတွက် ကျေးဇူးတင်မိတာတော့ အမှန်ဘဲ။ Seng က ကဗျာရေးတာ တော်တယ်နော။ ကျွန်တော် အရမ်းကို သဘောကျပါတယ်။ နောက်လည်း ရေးပေးအုံးနော။အော်တာနဲ့ စာမေးပွဲရော ဖြေပြီးပြီလား? စာတွေနဲ့ နပန်းလုံးနေတော့ မောပန်းနေမာပေါ့နော။ ညနက်ထိ စာမလုပ်မိစေနဲ့ ကျန်မာရေးကိုရော ဂရုစိုက်အုံနော စိတ်ပူလို့ပြောတာပါ။ ဒီလိုအချိန်မှာ "အားအင် ကုန်ခမ်းနေသူတို့ အတွက်ဆို.... ကချင်ဆန်ပြုတ်က အကောင်းဆုံးလေ" ဆိုတဲ့ အမေ့စကားကို ပြန်သတိရမိတာနဲ့ ဒီနေ့ Seng ကို ကချင်ဆန်ပြုတ်လေး လုပ်ကြွေးပါရစေနော... ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်ရအောင်လို့ပေါ့ ဟုတ်လာ။



ကဲ...လာပါပြီ..ဟောဒီမှာ...ကြက်သား ကချင်ဆန်ပြုတ်ပါဗျား။ ကြက်သားက အများကြီးနော်။ မိုက်ခရိုစကုတ်နဲ့ ကြက်သားကို ရှာစားစရာ မလိုအောင် အများကြီး ထည့်ထားပေးတယ်။ ဆီမပါ သန့်သန့်လေး ချက်တာမို့ ကျန်းမာရေးနဲ့ရော ညီညွတ်ပါတယ်....။ အားမနာနဲ့နော အဝစား..... လိုက်ပွဲတွေပါ ထပ်လုပ်ပေးအုံးမယ်....... စေတနာကတော့ အကောင်းသားနော...

ဘုရာသခင်ရဲ့ ကောင်းချီမင်္ဂလာ သူငယ်ချင်းရဲ့ဘဝမှာ အစဉ်အမြဲ ပြည့်ရှမ်ပါစေလို့ ဆုတောင်းရင်း.....
အပြင်မှာ တကယ် ချက်ကျွေးနိုင်ဖို့ မျှော်လင့်နေသူ D.H.N

About exodus42

0 comments:

Post a Comment