ပျော်ရွှင်မူ့အပေါင်းခညောင်းတဲ့ နေ့လေးဖြစ်ပါစေလို့ ရှေ့ဦးစွာဆန္ဒပြုလိုက်ပါတယ်။ နောင်းနောင် မိသားစုတွေနဲ့ Online ပေါ်မှာ တွေ့တဲ့အချိန်က အရမ်းကို နည်းတယ်။ ဒါကြောင့်ရော နောင်းနောင် စိတ်ထဲ ခံစားနေရတဲ့ အဖြစ်အပြတ်လေးတွေကို ရင်ဖွင့်ဖို့ နေရာ ရှာမတွေ့ခဲ့တလို နားထောင်ပေးမဲ့ သူငယ်ချင်းလေး မရှိခဲ့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွင်မှုတွေ တစတစကင်းမဲ့လာပြီး မွန်းကြပ်တဲ့ စိတ်လေးတွေဘဲ နေရာယူလာခဲ့တယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဆိုင်းနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ ဆိုင်းက နောင်းနောင်ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးတယ်၊ မျှဝေခံစားပေးတယ်။ ဆိုင်းနဲ့တွေ့ တဲ့နောက်ပိုင် နောင်းနောင် ပြန်လည် ပျော်ရွှင်လာခဲ့တယ်။ ဒါကြောင့်လည်းဘဲ နောင်းနောင်ရဲ့ ပျော်ရွှင်မှုတွေ တစ်ခါ ပြန်လည် ရှင်သန်လာခဲ့ပြီလို့ ပြောတာပေါ့။ ကဲ အောက်မှာ နောင်းနောင်ရဲ့ အလွမ်းသံစဉ်လေးကို နားဆင်ကြည့်ပါအုံး.......
ကောင်းကင်ပေါ်တွင် လင်းလက် တောက်ပနေတဲ့ ကြယ်ကလေးများကို မော့ကြည့်ရင်း နောင်းနောင် ရင်ထဲက အိမ်ကို လွမ်းဆွတ်မိသည့် စိတ်က ထိမ်းချုပ်လို့ မရအောင်ကို ရင်ထဲက တိုးထွက်လာတယ်။ သေချာပါတယ် သည်အချိန်ဆို နောင်းနောင် မိခင် နှင့် မိသားစုတို့သည် အိမ်ရှေ့ ပြတင်းပေါက်ကို ဖွင့်ပြီး ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သားတစ်ယောက် ကိုလည်း သတိရ နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီညမှာတော့ ကောင်းကင်ပေါ်မှာ ကြည်လင်နေတဲ့ အနက်ရောင် ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လို့ထင်ရတဲ့ ကြယ်ပွင့်လေးတွေ ပြေးဆော့နေကြတယ်။ ကြယ်တွေကို မော့ကြည့်နေတဲ့ နောင်းနောင်ကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို စိတ်ထဲ ခံစားမိတယ်။ ကြယ်တွေ တကယ်ရော ပြုံးတတ်ကြရဲ့လား ဆိုင်း … ဒါကိုတော့ ခံယူသူနဲ့သာ သက်ဆိုင်မယ်လို့ ထင်တယ်။ နောင်းနောင် ကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်လို့ ယုံကြည်မိတယ်။ ကြယ်တွေကို မော့ကြည့်ရင်း နောင်းနောင် အမြဲရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ” နောင်းနောင်အတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က ၂၂ နှစ်ပေါ့ ငယ်တော့ မငယ်တော့ဘူးပေါ့နော်…. အိမ်နဲ့ ခွဲခွာရတဲ့ အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း အခုမှ နောင်းနောင် နားလည် ခံစားတတ်လာတယ်။ အိမ်နဲ့ ခွဲခွာရတဲ့အချိန်တွေကို မုန်းတီးမိသည်။ ဘာကြောင့်လဲဆိုရင် ဘ၀ရဲ့ အချိန် အတော်များများကို အိမ်မှာ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေရချိန်ကသာ အများဆုံးပေါ့။ အိမ်နဲ့ ခွဲနေရချိန်တွေမှာ နောင်းနောင် အိပ်မက်မက်လေ့ရှိတဲ့ အိမ်မက်ကတော့ အိမ်ကိုပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်တဲ့ နောင်းနောင် နှစ်သက်တဲ့ ဟင်းလျာများဖြင့် ကြိုဆိုနေတယ် ဆိုပြီးတော့ပေါ့။ စုံလင်လှတဲ့ ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မယ်လို့ ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်မိရုံနဲ့ အိပ်မက်က နိုးတော့တာဘဲ။ နိုးလာတိုင်းလည်း အမေချက်ထားတဲ့ ထမင်းဟင်းကို မစားလိုက်ရတဲ့အတွက် စိတ်တိုမိသည်၊ ၀မ်းနည်းမိသည်။ အကြိမ်ပေါင်းများစွာ ဒီအိပ်မက်ကို မက်တတ်ခဲ့တယ်.... မက်ခဲ့တယ်။ ယခုချိန်ထိလည်း ဒီအိပ်မက်ကို မက်နေဆဲဘဲ။ အိပ်မက်က နိုးလာတဲ့အချိန်တိုင်း ခြောက်ကပ်တိတ်ဆိတ်၊ မွန်းကြပ်နေခဲ့တဲ့ ကိုယ့်ကခန်းကိုလေး မုန်းမိတယ်။ တစ်ခါတစ်ခါ အိမ်ကိုပြန်ချင်းတဲ့ စိတ်ကို ထိမ်းချုပ်ဖို့ အရမ်းကို ခက်တယ်…. ဒီလို အချိန်းမျိုးမှာ နောင်းနောင်ကတော့ အားရှိသလောက် အောင်းလိုက်မိတယ်။ ဆိုင်းလိုပေါ့ ၁၀ အိမ်ကြား ၊ ၂၀ အိမ်ကြားအောင်ပေါ့။ ဒါပေမဲ့ နောင်းနောင်ရဲ့ဘဲမှာ လူသူကင်းတဲ့အခါမှ အော်တာပါ။ နို့မို့ရင် အရှုးလို့ ထင်ကုန်မှာပေါ့နော်။ အော်လိုက်မှလဲ ရင်ထဲပေါ့သွားသလို ခံစားရမိလို့ပါ။ အိမ်ပြန်ပြီး နောင်းနောင်ချစ်တဲ့ မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့တယ်။
ဖုန်းဆက်တိုင်း အမေးရဲ့ ငိုသံကို တွေးမိတိုင်း ရင်ထဲ ဆူးနစ်အောင် ခံစားရတယ်။ အရှောင် မိုင်းမိုင်ကပြောပြတယ် အိမ်းမှာ ရောက်တိုင်း အရင်က မိသားစု စုံစုံလင်လင် ရှိခဲ့တဲ့ ထမင်းဝိုင်းကို ကြည့်ပြီး ခဏခဏ ငိုမိတဲ့ အကြောင်းပေါ့။ နောက်ပြီး ဟင်းရည် တစ်ခွက်လေးနဲ့ ထမင်းစားနေတဲ့ အမေ့မျက်နှာ ကိုလည်း မကြည့်ရက်တော့ဘူး။ နောင်းနောင်လဲ အိမ်းကို အရမ်းလွမ်းတယ်။ အရင်က နောင်းနောင် မိသားစုတွေအပေါ် ဆိုးခဲ့တာတွေကို တွေးမိတိုင်း အရမ်း ဝမ်းနည်းမိတယ်... ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိတယ်။ အခုသာ နောင်းနောင် အိမ်ကိုပြန်ရောက်ခွင့် ရခဲ့မယ်ဆိုရင် မိသားစု အားလုံးကို တောင်းပန်းချင်တယ်။ မိသားစုတွေအားလုံးကို ဖက်ထားချင်တယ်။ နောက်ပြီး နောင်းနောင် အခု အရမ်းလိမ်မာသွားပြီ ဆိုပြီးတော့လည်း ပြောပြချင်တယ်။ အခုဆိုရင် အိပ်မပျော်တဲ့ညရဲ့ ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးမှာရပ်၊ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း နောင်းနောင်ရဲ့ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့တဲ့ အကြိမ်ပေါင်းလည်း နည်းတော့မည် မထင်ဘူး။ နောင်းနောင်ရဲ့ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်တယ်လို့ နောင်းနောင်က ယုံကြည်မိတယ်။ နောက်ပြီး ကြယ်လေးတွေကိုမြင်တိုင်း အမေပြောလက်ပြောထရှိတဲ့ စကားကို သွားသတိရမိတယ် “နောင်းနောင်ကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သားရယ်.. အမေတောင် သားကိုပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သားက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတယ် ”။ အမေ့ စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို နောင်းနောင်ကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိတယ်။ ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ.. ဒီလိုဆိုလျှင်ဖြင့် နောင်းနောင်ရဲ့ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမယ် မဟုတ်လား။
နောင်းနောင် ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက် အပြည့်ဖြင့် ပြောမိသည်မှာ “ အဖေ၊ အမေတို့အိမ်လောက် နွေးထွေး လုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး ... နောင်းနောင် တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. နောင်းနောင်ကို စောင့်နေပါ အဖေနဲ့အမေရယ်” တိုက်တိုက် ဆိုင်ဆိုင် Stage show သွားကြည့်တုန်းကပေါ့ အဆိုတော်တစ်ယောက်က အိမ်ကို လွမ်းနေတဲ့ သူငယ်ချင်းများ အားလုံးအတွက်ဆိုပြီ ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည” ဆိုတဲ့ သီချင်းလေးကို ဆိုခဲ့တယ်။ အဆိုတော်က အသံအေးအေးလေးနဲ့ နားထောင်းလို့ အရမ်းကောင်းတယ် စာသားလေးရော အရမ်းထိတယ်။ နောင်းနောင် မခံစားနိုင်တဲ့အဆုံး ပန်းစည်း သွားပေးမိခဲ့တယ်။ နောက်ပြီ ကျေးဇူး အရမ်းတင်တယ် ဆိုတဲ့ စကားတစ်လေးရော ပြောလိုက်မိတယ်။ ကြယ်တွေ စုံတဲ့ညတွေကို လူတိုင်း မျှော်လင့်ခွင့်ရှိပါတယ်။ သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိနေတယ်။ နောင်းနောင် လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်နော်။ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့် အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ ဒီထဲမှာ ဆိုင်းရော ပါမယ်လို့ထင်တယ် ဟုတ်လာ။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်၊ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေလိမ့်မယ် မသိဘူးနော်… လူတွေသည် မပြည့်စုံနိုင်တဲ့ အိပ်မက်များဖြင့် လှုပ်ရှား၊ရုန်းကန် နေကြရသူတွေ များလှပါတယ်။ ထိုအထဲတွင် နောင်းနောင်သည်လည်း အပါအ၀င် ဖြစ်ပါတယ်။ ကြယ်တွေကိုကြည့်ရင်း နောင်းနောင် ဆုတောင်းလိုက်မိသည်က “သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့်ရကြပါစေ နောင်းနောင် နှစ်သက်မိတဲ့ ထူးအိမ်သင်ရဲ့ "ကြယ်တွေစုံတဲ့ည" သီချင်းလေးကို ဆိုင်းအတွက် လက်ဆောင်အဖြင့် ပို့ပေးလိုက်ပါတယ်။ နားထောင်ကြည့်ပေါ့နော်….. ဆိုင်းသဘောကျမယ်လို့ မျှော်လင့်ပါတယ်။

အချိန်တိုင်း ဘုရာသခင်ရဲ့ အသစ်သော ကောင်းကြီးမင်္ဂလာ ဆိုင်းနဲ့အမြဲ တည်ရှိနေပါစေ...... အမြဲသတိရနေသူ နောင်းနောင်
0 comments:
Post a Comment