KIO ဥက္ကဌ LanyawZawngHra
အစိုးရစစ်တပ်မှ KIA Gidon post အား သိမ်းပိုက်လိုက်ခြင်းအပေါ် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ ၏ ဒူးဝါး LanyawZawngHra ၏ တုန့်ပြန်ပြောကြားချက်
- NLD အစိုးရနင့် ဗမာ့တပ်မတော်အနေနင့် ကချင်နင့် သျှမ်းပြည်မှာတိုက်နေတဲ့စစ်ပွဲတွေဟာ မှားယွင်းတဲ့ စစ်ပွဲဖြစ် တယ်။
- ကချင်တို့ရဲ့တပ်မဟာ ၂၅၂ နေရာယူထားတဲ့ ဂီဒွန်စခန်းကို တိုက်လေယာဉ် လက်နက်ကြီး လူအင်အား အဆမတန် သုံး ပြီး တိုက်ခိုက်သိမ်းယူလိုက်တာဟာ အဓိပ္ပါယ်မရှိဘူး။ အတူနေဖို့စစ်တိုက်ရတယ်ဆိုတာအဓိပ္ပါယ်မရှိဘူး။ ဘာ ကြောင့် လဲဆိုတော့ ၂၁ ရာစုညီလာခံမှာတိုင်းပြည်ကို အေး အေး ချမ်းချမ်း တည်ဆောက်ဖို့အတွက်အစိုးရဖက် ကရော၊ ဗမာစစ်တပ်ခေါင်းဆောင်တွေကရော၊တိုင်းရင်းသား ခေါင်း ဆောင်တွေအသီးအသီးကပါ ပြောထားကြပြီးလို့ဖြစ် တယ်။ ဒီလိုလုပ်တာဟာ အစိုးရအနေနင့်ရော ဗမာ့တပ်မတော် အနေ နင့် ပါ သမိုင်းမှာ အမှားယွင်းဆုံး အလုပ်ကို လုပ်လိုက် တာဖြစ်တယ်။
-ကချင်နိုင်ငံနင့် ဗမာနိုင်ငံဟာစစ်တိုက်ပြီးပေါင်းလာတာမဟုတ်ဘူး။ဗိုလ်ချုပ်အောင်ဆန်းနင့်စားပွဲဝိုင်းပေါ်မှာစကား ပြော ပြီး တော့မှ နိုင်ငံထဲမှာအတူနေဖို့အပြန်အလှန်သဘောတူပြီး ပေါင်းလာခဲ့ကြတာဖြစ်တယ်။လွတ်လပ်ရေးကို အတူ ယူ ခဲ့ ကြတာဖြစ်တယ်။တိုင်းပြည်တခုထဲမှာအတူနေဖို့သဘောတူခဲ့ကြတာဖြစ်တယ်။ကျနော်တို့ကချင်တွေဟာ အရင်က ဗမာ လူမျိုးတွေကိုလဲသိပ်သိခဲ့ကြတာမဟုတ်ဘူး။
-ကချင်တွေဟာပြည်ထောင်စုမပြိုကွဲဖို့အတွက် ဗမာအစိုးရအဆက်ဆက်နင့်ပူးပေါင်းပြီးကြိုးစားခဲ့တာသမိုင်းသက်သေရှိ တယ်။ကွန်မြူနစ် အလံဖြူအလံနီတွေကိုတိုက်ထုတ်ဖို့ဗမာအစိုးရကိုအများကြီးအကူအညီပေးခဲ့တာ ထင်ရှားတဲသမိုင်း သက်သေဖြစ်တယ်။ကွန်မြူနစ်တွေ ရန်ကုန်ကိုသိမ်းတော့မယ့်အချိန်မှာတောင် ဆမားဒူးဝါးလက်ထက်မှာ ကချင် စစ်သား တွေ မြစ်ကြီးနားကနေ လေယာဉ်နင့်ရန်ကုန်ကုန်ကိုလာပြီး ဗမာအစိုးရကိုကူညီခဲ့ဖူးတယ်။
-ကေအိုင်အို/ကေအိုင်အေ အနေနင့် ကိုယ့်ရဲဘော်တွေကို အယင်တုန်းက ဗမာစစ်တပ်က ကချင်းစခန်းတွေ ကို တ ခုပြီးတခုသိမ်းယူခဲ့ပေမယ့် ပြန်ပြီးမတိုက်ခိုင်းခဲ့ဘူး။ခုခံတာလောက်ပဲလုပ်ခိုင်းခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ကြမယ်ဆိုတဲ့ သေဘာထားရှိခဲ့လို့ဖြစ်တယ်။ဂီဒွန်စခန်းကိုကျတော့ ဒါဟာ ကျောရိုးစခန်း အရေးကြီးတဲ့စခန်းဖြစ်လို့ ထပ်ပြီးလက်လွှတ်လို့မဖြစ်တော့ဘူးဆိုပြီး ခုခံခဲ့ကြတာဖြစ်တယ်။
-ရန်သူ့အင်အားအဆမတန် များတဲ့ကြားက၊တိုက်လေယာဉ်ပေါ်ကနေ အမြောက်ကျဉ်ဆန် ပေါင်းထောင်သောင်း ချီ ကြဲချနေတဲ့ကြားက၊လက် နက် ကြီး အမြောက်ကြီးတွေနင့် ထောင်သောင်းချီပစ်နေတဲ့ကြားက ဒီစခန်းကို လေးလ ကျော်ကြာ ကာကွယ်ထားနိုင်ခဲ့တဲ့ ကချင်ရဲဘော်တွေဟာ ကမ္ဘာမှာစံထားရမယ့် ထူးခြားတဲ့သတ္တိရှင် သူရဲကောင်း တွေဖြစ်တယ်။သူတို့ဟာ ကချင်သမိုင်းမှာ သူရဲကောင်းမှတ်တမ်းဝင်သွားခဲ့ပြီဖြစ်တယ်။ကချင်ရဲဘော်တွေကို ဗမာ လူမျိုး တွေ ကရော ကမ္ဘာ့ပြည်သူတွေကပါ ချီကျူးဂုဏ်ပြုသင့်တယ်။တချိန်တည်းမှာ သူတပါးနယ်မြေကို မတရား အင်အား သုံး ကျူးကျော်တဲ့ ဗမာတပ်မတော်အနေနင့် ရှက်သင့်တယ်။သိပ်ရှက်ဖို့ကောင်းတဲ့အပြုအမူအဖြစ်တယ်။
- ကေအိုင်အိုအစိုးရနင့် ကေအိုင်အေ ခေါင်းဆောင်တွေရောဗမာခေါင်းဆောင်တွေအနေနင့်ရော ဗမာတပ်မတော် ခေါင်း ဆောင်တွေအနေနင့်ပါ စဉ်းစားကြရမယ့်အချိန်ရောက်လာပြီဖြစ်တယ်။တဘက်မှာ ဗမာ့တပ်မတော်က ရန်သူလို တိုက် နေ တဲ့အနေအထားမျိုးမှာ ကချင်ခေါင်းဆောင်တွေဖက်ကတော့ မိတ်ဆွေလို ကာကွယ်တဲ့သဘောမျိုးနင့်ပဲ လုပ်နေ တာ ဖြစ်တယ်။ခုဟာက ကချင်တွေကို လူမျိုးရေးအရပါ တိုက်လာတဲ့အနေအထားဖြစ်လာတဲ့အခါ ကချင်တွေ အနေနင့် လဲ တိုက်ပွဲသဏ္ဍာန်ကိုပြောင်းရတော့မယ့်အခြေအနေဖြစ်တယ်။ဘာလို့လဲဆိုတော့ ပြည်သူလူထုကရော အောက်ခြေ ရဲဘော်တွေကပါ တောင်းဆိုလာရင် ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်တွေအနေနင့်လဲ ပြည်သူတွေနင့် ရဲဘော် တွေရဲ့သဘောထားကိုမလွန်ဆန်နိုင်ဘူး။တဘက်က ရန်သူလိုသတ်ဖြတ်ပြီး တိုက်ခိုက်နေပြီး ကိုယ့်ဖက်ကတော့ မတိုက် နင့် လို့ပြောလို့မဖြစ်တော့ဘူး။
- NLD အစိုးရအနေနင့်ဒီနေ့ချက်ခြင်းလွှတ်တော်မှာအစည်းအဝေးခေါ်ယူပြီးဒီကိစ္စကိုဆွေးနွေးရမယ်။ဖြစ်ပြီးတာကိုဖြစ် ပြီး ပြီ။ နောက်ထပ်မဖြစ်ဖို့လုပ်ရမယ်။ ဗမာတပ်မတော်အနေနင့်လဲ သဘော ပေါက်ထားရမှာက ကချင်တွေကို ဘယ် တော့မှာစစ်တိုက်ပြီးအနိုင်ယူလို့မရဘူးဆိုတာပဲ။
-ဗမာလူမျိုးတွေအနေနင့်နင့်လဲ ဗမာ့တပ်မတော်ကိုပြောရမယ်။ဗမာနင့် ကချင်စစ်ဖြစ်နေတာမဟုတ်ဘူး။ စနစ်ကြောင့် ဖြစ် နေတာဖြစ်တယ်။ညီအကိုချင်းသတ်ဖြတ်တာမျိုးမလုပ်သင့်ဘူးဆိုတာပြောရမယ်။ဒီလိုမပြောပဲ လူမျိုးရေးအရ တိုက် လာ ပြီ ဆိုရင်တော့ ကချင်တွေအနေနင့်လဲ ကျူးကျော်လာသူတွေကို ပြန်ပြီးမောင်းထုတ်မှာပဲဖြစ်တယ်။
-ဗမာတွေအနေနင့် ကချင်တွေသိပ်ဆိုးလို့ ကချင်တွေနင့်အတူမနေချင်ဘူးဆိုရင်လဲ ကိစ္စမရှိပါဘူး။ကိုယ့်ဟာကိုယ် သီး ခြား စီ နေရုံပါပဲ။ သီးခြား နေ ဖို့ပဲဖြစ်ဖြစ် အတူနေဖို့ပဲဖြစ်ဖြစ် စားပွဲဝိုင်းမှာ အတူစကားပြောဖို့လိုတယ်။
-ဗမာစစ်တပ်နင့် ဗမာခေါင်းဆောင်တွေအနေနင့် သိထားရမှာက ကချင်ပြည်မှာကချင်လူမျိုးတွေတင်မက အိမ်နီးချင်း နိုင်ငံ တွေကပြည်သူတွေအပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတာဖြစ် တယ်။ ယူကရိန်းကို ရုရှားက ၀င်သိမ်း သလို မျိုး ဖြစ်သွားနိုင်တယ်။သတိထားပါလို့ပြောချင်တယ်။
ကေအိုင်အို ဥက္ကဌ ၏ပြောကြားချက်မှ ကောက်နှုတ်ချက်
0 comments:
Post a Comment