ကချင်​တို့၏ ဘဝ​ကောက်​​ကြောင်း တစ်​​စေ့တစ်​​စောင်း။


ကချင်​လူမျိုးများ ကို တိုက်​ခိုက်​မည်​ဆိုလျှင်​ ၎င်းတို့၏သမိုင်း​ကြောင်းကို အရင်​​လေ့လာရန်​လိုသည်​။
ကချင်​လူမျိုးတို့ထက်​ လူဦး​ရေအဆ မတန်​ကြီးမား​သော တရုတ်​လူမျိုးများနှင့်​ပင်​ ဆယ်​စုနှစ်​များစွာ စစ်​ပွဲဆင်​နွဲခဲ့ကြ​သော အာဂသတ္တိခဲများဖြစ်​ခဲ့ကြသည်​။
ကချင်​တို့၏ ဆင်းသက်​လာ​သော သမိုင်းလမ်း​ကြောင်းတစ်​​လျှောက်​ ခက်​ခဲကြမ်းတမ်း​သော တိုက်​ပွဲများနှင့်​သာရင်​ဆိုင်​​ကျော်​ဖြတ်​လာခဲ့ရသည်​ဖြစ်​၍ ငြိမ်းချမ်းမှုဆိုသည်​မှာ ကချင်​လူမျိုးတို့မခံစားဖူး​သော ​ဝေါ်ဟာရ တစ်​ခုဆိုရင်​လည်း မှားမည်​မထင်​ပါ။
အောင်​ဆန်းဦး​ဆောင်​​ခေါ်သွင်းလာ​သော ဖက်​ဆစ်​ဂျပန်​တပ်​များနှင့်​ ဗမာ့တပ်​မ​တော်​ပူး​ပေါင်းတပ်​များသည်​လည်း ကချင်​လူမျိုးအ​ပေါ် အငြိုးအ​တေးဖြင့်​ နှိပ်​ကွပ်​သတ်​ဖြတ်​မှုများပြုလုပ်​လာကြ​သော​ကြောင့်​ ​နေမဝင်​အင်​ပါယာ ဆို​သော ဂျပန်​ + ဗမာ တပ်​မ​တော်​ကို ရရာလက်​နက်​ဖြင့်​ ဦးစွာခုခံ​ခြေမှုန်းနိုင်​ခဲ့​သော ကမ္ဘာ့ အံ့မခန်း​ပျောက်​ကျားစစ်​သည်​​တော်​များ​အဖြစ်​ မှတ်​တမ်းတင်​ခဲ့ကြပြီ..မျက်​​မှောက်​​ခေတ်​အထိ ကမ္ဘာ့သမိုင်းမှာ သည်​လိုစစ်​သည်​များ မရှိ​သေးပါ။
ထို့​ကြောင့်​ ခက်​ခဲကြမ်းတမ်း​သော ခုခံစစ်​ပွဲသည် လည်းကချင်​တို့အတွက်​ အစဉ်​အလာလိုဖြစ်​​နေ​သော​ကြောင့်​ ​ပျော့​ပျောင်းသိမ်​ငယ်​တတ်​​သော စိတ်​အလျဉ်းမရှိ ပို၍ပင်​ခိုင်​မာလာပြီး တစ်​ပါးအမျိုးသားတို့၏ ကျူး​ကျော်​ရန်​လို၊ဖိနှပ်​မှုကို မခံမရပ်​နိုင်​၍ ဆင်​နွဲ​သောစစ်​ပွဲသည်​ ကချင်​​ယောင်္ကျားတိုင်းတို့အတွက်​ ဘူမိနက်​သန်​ ​နေရာမွန်​ပမာ ဖြစ်​ခဲ့ကြပြီ​လေ...
ဂျပန်တော်လှန်ရေးမှသည် ကချင်ပြည်နယ်ထိ.....
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့်အတူ ဖက်ဆစ်ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဗြိတိသျှ တပ်များ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများမှ တစ်ဆင့် အိန္ဒိယပြည်သို့ ဆုတ်ခွာကြလေသည်။ ကုန်းကြောင်း ဆုတ်ခွာရာတွင် ရခိုင်ကမ်းမြောင်၊ ချင်းတောင်တန်းနှင့် အများဆုံးမှာ ကချင်ဒေသ ဟူးကောင်းတောင် ကြားမှတစ်ဆင့် ဆုတ်ခွာကြလေသည်။ ဖက်ဆစ် ဂျပန်များ သိမ်းပိုက်ပြီး များမကြာမီ ကချင်ဒေသ သို့ ရောက်ရှိလာကြရာ ဗြိတိသျှတို့အား အစဉ်အဆက် သစ္စာခံပြီး စစ်တပ်ဝန်ထမ်း များအဖြစ် အမှုထမ်းနေကြသော ကချင်လူမျိုးတို့အပေါ် မုန်းတီးစိတ် အပြည့်ဖြင့် ညှဉ်းပန်း ရက်စက်မှုများ ပြုလာကြလေသည်။
ဖက်ဆစ်များ၏ ရက်စက်မှုများကြောင့် ဟူးကောင်းတောင်ကြားမှ အိန္ဒိယပြည်သို့ ဗြိတိသျှများ ဆုတ်ခွာရာတွင် ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်စစ်သည်အချို့မှာ လိုက်ပါသွား ခြင်းမပြုဘဲ၊ ဆွမ်ပရာဘွမ် ဒေသ တွင် နေရာယူကာ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး ရရာလက်နက်ဖြင့် ဖက်ဆစ် ဂျပန်များအား ခုခံတော်လှန်ရန် အတွက် ပြင်ဆင် ကြလေသည်။ အိမ်တွင်းလုပ် တူမီးသေနတ်များဖြင့် ခုခံကြရာတွင် အမေရိကန် ပြည်တွင်းစစ် အတွင်း အသုံးပြုခဲ့သော တစ်လုံးထိုး တူမီး သေနတ်မှာ ကချင်ပြောက်ကျားများ၏ အကောင်းဆုံး လက်နက် ဖြစ်ခဲ့ လေသည်။
မြန်မာတစ်ပြည်လုံးတွင် မည်သူ၏ အကူအညီမျှ မပါဘဲ ဖက်ဆစ် ဂျပန်အား ပထမဆုံး ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသူ များမှာ ကချင်တိုင်းရင်းသား များသာလျှင် ဖြစ်ခဲ့လေသည်။
ဗြိတိသျှများ ဆုတ်ခွာပြီးချိန်တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွား ခဲ့ရာ ၆ လမျှ ကြာမြင့်ခဲ့လေသည်။ သို့သော်လည်း ကချင်ပြောက်များ ထံတွင် ဝိုင်ယာလက် ဆက်သွယ်ရေး စက်ရှိကြောင်း၊ ဗြိတိသျှတို့ ကြားသိရ သဖြင့် အဆက်အသွယ် ပြုလုပ် နိုင်ရန် ကြိုးပမ်းကြတော့သည်။ ဆက်သွယ်ရေးတပ် ရဲဘော်များ တစ်ရက်တွင် ၂၄ နာရီ ဆက်သွယ်ရေး စက် ဖွင့်ပြီး ကချင်ပြောက်ကျားများ၏ အဆက်အသွယ်ကို စောင့်ဆိုင်းနေကြပေရာ ၄ လခန့်အကြာ ၁ ရက်တွင် တီတီ.. တီတီတီ.. တီတီတီတီတီတီ… ဆို သော ဆက်သွယ်မှု အချက်ပြသံ မြည်လာရာ ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်ပြောက်ကျားများထံမှ ရေဒီယို ဆက်သွယ်မှုဖြစ်နေတော့သည်။ ယင်း သို့ အဆက်အသွယ် ရပြီး ပြီးချင်း ဗြိ တိသျှတို့မှ ကချင်ပြောက်ကျားများ အား အကူအညီပေးရန် ကြိုးစားလေ တော့သည်။
ဖက်ဆစ်ဂျပန်တို့သည် အိန္ဒိယပြည်အား အောင်မြင်အောင် တိုက်ခိုက်ရန်အတွက် ပူတာအိုဒေသအား မဖြစ် မနေ ရရှိရန်မှာ အလွန်တရာမှ အရေးကြီးကြောင်း သိကြရသဖြင့် ပူတာအို ဒေသသိမ်းပိုက်ရေးအတွက် ကြိုးပမ်း ကြလေရာ ပူတာအိုဒေသသို့ ရောက်ရှိရန် အတွက်မူ ဆွမ်ပရာဘွမ် ဒေသအား ကျော်ဖြတ်သွားရမည်ဖြစ်လေ သည်။ သို့သော်လည်း ဆွမ်ပရာဘွမ် ဒေသတွင် ကချင်ပြောက်ကျားများ နေရာယူထားပြီးဖြစ်လေရာ ဖက်ဆစ် များအတွက် အလွန်တရာမှ အခက်အခဲ ဖြစ်နေတော့သည်။
အစတွင် ဂျပန်တို့သည် ကချင် ပြောက်ကျားများအား အထင်အမြင် သေးစွာဖြင့် ချီတက်လာရာ လမ်းတစ်လျှောက် လုံးတွင် ကချင်ပြောက်ကျား များ၏ ဆီးကြို တိုက်ခိုက်မှုအား ကြုံတွေ့ရလေတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှနှင့် ကချင်ပြောက်ကျား များ အဆက်အသွယ် ကောင်းမွန်စွာ ပြန်လည် ရရှိပြီးသည့် နောက်တွင် ဆွမ်ပရာဘွမ်ဒေသ ဂေါ့နန်ကျေးရွာ (Fort Hertz) တွင် ဗြိတိသျှများ လေထီး ဖြင့် ပြန်လည် ရောက်ရှိလာပြီးကာ နယ်ဖိုဒ်ဦးစီးကာ ဗြိတိသျှ ကချင် လေဗီးစ် (…) တပ်ဖွဲ့စတင်ဖွဲ့စည်း ကြရာ နောက်ပိုင်း တွင် တပ်ဖွဲ့ဝင် အင် အား ၄ ထောင်မျှရှိခဲ့လေသည်။ ထို တစ်ချိန်တည်းမှာပင် အိန္ဒိယသို့ ဆုတ် ခွာခဲ့ကြသော ဗြိတိသျှတို့မှလည်း မေဂျာဂျင်နရယ် ဝင်းဂိတ်ဦးဆောင် ကာ ချင်းဒစ်(ခြင်္သေ့)အမည်ရှိ ပြောက် ကျားတပ်ဖွဲ့ ဖွဲ့စည်းရာ ကချင်စစ်သည် ထောင်ဂဏန်းမျှ ပါဝင်ခဲ့ကြလေသည်။
ထိုသို့ ပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်း ပြီးနောက် လေဗီးစ်တပ်ဖွဲ့ဝင်များက ဆွမ်ပရာဘွမ်ဒေသသို့ ကျူးကျော်လာ သော ဖက်ဆစ်များကို တိုက်ခိုက် ခြင်းနှင့် ချင်းဒစ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနား မန္တလေး မီးရထားလမ်း အနောက်ဘက်ပိုင်းများထိ ထိုးဖောက် ဝင်ရောက်ကာ ဖက်ဆစ်များအား စတင် တိုက်ခိုက်ကြလေသည်။ ၁၉၄၃ ခုနှစ်တွင် မဟာမိတ် အမေရိကန် တပ်ဖွဲ့များ မြန်မာအိန္ဒိယ နယ်စပ်သို့ရောက်ရှိလာပြီး ပန်ဆောင်၊ နန်းယွန်း၊ ရှင် ဗွေယန်ဒေသမှ မြန်မာပြည်တွင်းသို့ ထိုးစစ်ဆင်နွဲရန် ရောက်ရှိလာပြီး ဒေသခံ ကချင်များ၏ အကူအညီဖြင့် မြစ်ကြီးနား မြို့သိမ်း တိုက်ပွဲအား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြလေသည်။ ထို့နောက် အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ကို ဆက်လက်ဖွဲ့စည်းရာ ကချင်စစ်သည် တစ်သောင်းကျော် ပါဝင် တိုက်ခိုက်ခဲ့ကြ လေသည်။
ထိုသို့ဖြင့် လေးဗီးစ်၊ ချင်းဒစ်၊ ရိန်းဂျား တပ်ဖွဲ့ဝင်များသည် မဟာ မိတ်တို့နှင့်အတူ ဖက်ဆစ်များအား ပူးပေါင်း တိုက်ခိုက်ခဲ့ရာ မန္တလေး၊ သာ စည်၊ တောင်ကြီး၊ လွယ်လင်၊ ရပ် စောက် စသည့် ဒေသများထိ ဖက်ဆစ် များအား လိုက်လံ တိုက်ခိုက်ခဲ့ကြလေသည်။ ၁၉၄၅ ခုနှစ် မတ် ၂ဝ ရက်တွင် ဒေသအနှံ့သို့ ရောက်ရှိနေသော အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ဝင်များအား ဗန်းမော်သို့ လေ ယာဉ်အစီး ၃ဝ ဖြင့် ပြန်လည်ခေါ်ယူ ကာ မတ် ၂၄၊ ၂၅၊ ၂၆ ရက်တွင် စိန်လုံကဘားတွင် ဖက်ဆစ်ဂျပန်အား စစ်နိုင်သော အထိမ်းအမှတ် မနောပွဲ တော်ကြီးကို ၃ ရက်တိုင် ခြိမ့်ခြိမ့် သဲ ကျင်းပခဲ့ကြလေသည်။ အမေရိ ကန် ကချင်ရိန်းဂျားတပ်ဖွဲ့ဝင် ကချင် စစ်သည်များ ပြန်သွားကြသော်လည်း ဗြိတိသျှတပ်ဖွဲ့ဝင်၊ ကချင်လေဗီးစ် (British Kachin Levis) တပ်ဖွဲ့ဝင်များနှင့် ခြင်းဒစ် (Chindit) ကချင်စစ်သည် များက ရန်ကုန်၊ မော်လမြိုင်၊ တာချီလိတ် စသည့် ဒေသများထိ သွားရောက် တိုက်ခိုက် ခဲ့ကြလေသည်။ သို့ ဖြင့် ဒုတိယကမ္ဘာစစ် ပြီးတွင် ကချင် စစ်သည်များတွင် ဘီဂျီအမ် (Burma Gallantry Medal)၊ အယ်မ်စီ (Militry Cross) သူရဲကောင်းဘွဲ့ရ ၂ဝဝ ခန့်နှင့် အခြား သူရဲကောင်း ဘွဲ့တံဆိပ်ရ ၄ဝဝ ခန့်ရှိခဲ့ကြောင်း သိရလေသည်။ ကချင် ပြောက်ကျားများ၏ ခုခံတိုက်ခိုက်မှုကြောင့် ဖက်ဆစ်များသည် ပူတာအို ဒေသအား မသိမ်းပိုက်နိုင်ခဲ့သဖြင့် အိန္ဒိယနိုင်ငံအား မသိမ်းနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာပြည်တွင် ဖက်ဆစ် များ စစ်ရှုံးမှု စတင်ခဲ့ရခြင်း ဖြစ်ခဲ့လေသည်။
ထို့အတူ ဖက်ဆစ်များသည် တရုတ်ပြည်နောက်ကျောဖြစ်သော ယူနန်နယ်မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ရန် ကြိုးပမ်းမှုတွင်လည်း ပန် ဆိုင်းကြူကုတ်၊ စိန်လုံကဘား၊ လိုင် ဇာဒေသများတွင် ကချင်ပြောက်ကျား များ၏ တိုက်ခိုက်မှုအား မထိုးဖောက် နိုင်သဖြင့် တရုတ်ပြည်သို့ ဝင်ရောက် နိုင်ခြင်း မရှိခဲ့ကြချေ။ တရုတ်ပြည် သို့ နောက်ကျောမှ မဝင်ရောက်နိုင်သဖြင့် မြန်မာပြည်တွင်းမှပင် တရုတ် အမေရိကန် အင်္ဂလိပ်တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။
မြစ်ကြီးနားမြို့သိမ်း တိုက်ပွဲဖြစ်ပြီး ဖက်ဆစ်တို့သည် ဧရာဝတီ မြစ် ကြောင်းမှ ဝါးလုံး တစ်ချောင်းတည်းဖြင့် လည်းကောင်း၊ အုန်းသီးတစ်လုံးအား ဖက်တွယ်၍ လည်းကောင်း၊ ခြုံဖုတ်ကလေးများ၊ ဒိုက်ကလေးများ အား ဖက်တွယ်၍ လည်းကောင်း ညအချိန်တွင် ရေစုန်မျောကာ ထွက်ပြေးရာ ကချင်ပြောက်ကျား လက်ဖြောင့် တပ်သားများ၏ လက်ချက်ဖြင့် တစ်ဦးတစ်ယောက်မျှ လွတ်ထွက်သွား ခြင်းမရှိကြောင်း …. အမည်ရှိ စာ အုပ်တွင် General Donovan Webstar က ရေးသားလေသည်။ သို့ဖြင့် ကိုလိုနီ မြန်မာပြည်၏ နောက်ဆုံး ဒုတိယ ဘုရင်ခံ ဖြစ်သော ဆာဒေါ်မန်စမစ်သည် Col.Ian Fellowes Gordon ၏ Battle for Naw Seng’s Kingdom အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း အမှာစာ ရေးသားခဲ့လေသည်။
“The battle for Naw Seng’s Kingdom”, foreword by The Rt Hon Sir Reginald Dorman Smith, G.B.E, Governor of Burma, 1941-1946”. I can only envy who had the privilege of fighting alongside the Hill peoples of Burma, without courage and determination the whole history of our generation might have been changed with the Japanese.
နော်ဆိုင်းနှင့် သူ၏ ရဲဘော် ကချင်ပြောက်ကျားများ၏ အကူအညီ မရှိခဲ့လျှင် ကျွန်ုပ်တို့ သားစဉ် မြေးဆက်များ၏ သမိုင်းသည် ဂျပန်သမိုင်း ဖြစ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။
သက္ကရာဇ် ၂ဝဝဝ ခုနှစ် ကချင် ဒေသသို့ အလည်လာရောက်သော ဖက်ဆစ်ဂျပန်စစ်ပြန်စစ်သည်တစ်ဦး က ရင်ဖွင့်ပြောဆိုရာတွင် ဖက်ဆစ် ဂျပန်များသည် ကချင်တိုင်းရင်းသား များအား မစည်းရုံးနိုင်ခဲ့ခြင်းသည် မဟာအမှားပင်ဖြစ်ကြောင်း၊ အင်္ဂလိပ် တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် ကချင် တိုင်းရင်းသားများအား ရက်ရက် စက်စက် နှိပ်ကွက်ခဲ့ခြင်းကြောင့် ကချင်တိုင်းရင်းသားများ ဖက်ဆစ်ဂျပန်အား အမုန်း ကြီးမုန်းကာ ပြန်လည် ခုခံ တိုက်ခိုက်သည် သာမက မဟာမိတ် တပ်များ နှင့် ပူးပေါင်းကာ မဟာမိတ်တပ်များ အား တောတွင်း စစ်ဆင်ရေးနှင့် ပြောက်ကျား တိုက်ခိုက်နည်းများ သင်ပေးခြင်း၊ အိန္ဒိယနယ်စပ်မှ မြစ်ကြီးနားမြို့ ရောက်အောင် ကမ္ဘာကျော် အမေရိကန်တပ်ဖွဲ့ဖြစ်သည့် Merill’s Maruders တပ်ဖွဲ့ဝင်များအား လမ်းပြပေးခြင်းဖြင့် မြစ်ကြီးနားမြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းပင် ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့လေသည်။
ဂျပန်တပ်များ ဆုတ်ခွာရာ လမ်းကြောင်းရှိ ကျေးရွာများတွင် ဂျပန် အသံထွက်ဖြင့် ကချင်ရှိမရှိ မေးမြန်းရာ ဂျပန် အသံထွက်ဖြင့် ကြားသူများမှ ရှိကြောင်း သစ်ပင်ပေါ်သို့ ညွှန်ပြရာ ဖက်ဆစ်ဂျပန်များ ချက်ချင်းပင် ထွက်ပြေး ကြကြောင်း၊ အမှန်တွင် ဂျပန်များ အသံထွက်တွင် “ကချင်” အား “ခါချဉ်” ဟု အသံထွက်သဖြင့် ခါချဉ်ဟု ကြားသူများမှ သစ်ပင်ပေါ်သို့ ညွှန်ပြကြကြောင်း၊ ဖက်ဆစ်များသည် ကချင်ပြောက်ကျားများအား အလွန်ပင် ကြောက်ရွံ့ခဲ့ကြကြောင်း ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇန်ထဆင်က သူ၏ ဒီမိုကရေစီ ပြောင်းပြန် အမည်ရှိ စာအုပ်တွင် ရေးသားခဲ့လေသည်။
ထို့အတူ ၂ဝဝ၃ ခုနှစ် ဝန်းကျင်က ထိုင်ဝမ်နိုင်ငံမှ မြစ်ကြီးနားသို့ တစ်ဖန်အလည်ရောက်လာသော ယခင် တရုတ်ဖြူ တပ်သားဟောင်းများမှ လည်း ကချင်ပြောက်ကျားများ၏ ခုခံ မှုသာမရှိခဲ့လျှင် ဖက်ဆစ်ဂျပန်များ သည် တရုတ်ပြည်နောက်ကျော၊ ယူ နန်ဒေသမှ တရုတ်ပြည်အတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယူနန် ဒေသသို့ ဂျပန်တပ်များ ဝင်ရောက် နိုင်လျှင် တရုတ်ပြည် စစ်ရေးအခြေ အနေမှာ ပြောင်းလဲသွားနိုင်ကြောင်း ဖြင့် ပြောဆိုခဲ့ကြောင်း၊ ကချင် တိုင်းရင်းသားများအား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သံကိုလည်း ကြားသိခဲ့ရသည်။
ဖက်ဆစ်ဂျပန်များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော ကချင်စစ်သည်များသည် ဗြိတိသျှတပ်ဖွဲတွင် ဆက်လက် အမှုထမ်းခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးနောက် ချက်ချင်းပင် မြန်မာ့ တပ်မတော်သား များအဖြစ် ဆက်လက်အမှုထမ်းကာ တိုင်းပြည်ကာကွယ်ရေးတွက် ဆက်လက် တာဝန်ယူခဲ့ ကြလေသည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်ချိန် တွင် ပြ
ည်ထောင်စုအစိုးရ ဝန်ကြီးချုပ် မှ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင် ဝါးနောင်အား အကူအညီတောင်းခံသ ဖြင့် ဒုတိယကမ္ဘာစစ်ပြန် ကချင်ရဲဘော် ထောင်ပေါင်း များစွာအား ပြန်လည် စုစည်းကာ ယခုမြစ်ကြီးနား တက္က သိုလ်ရှေ့ လေယာဉ်ကွင်းမှ လေယာဉ် များဖြင့် ရန်ကုန်မြို့ သို့ သယ်ဆောင်ကာ ရန်ကုန်မြို့ကြီးနှင့် အောက်မြန် မာနိုင်ငံတစ်ဝန်းအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ ကြလေသည်။ ထိုသို့ သယ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံ မှ လေယာဉ်နှင့် လေယာဉ်မှူးများကို ငှားရမ်းကာ အသုံးပြုခဲ့ရကြောင်း စစ် သည်ဟောင်းတစ်ဦး၏ ပြောဆိုချက် ကို မှတ်သားရသည်။ ရောင်စုံသူပုန် များလက်မှ မြန်မာပြည်အား ပြန်လည် တိုက်ခိုက်သိမ်းယူကြသည်မှာ လည်း ကချင်တပ်သားများပင်ဖြစ်လေ သည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ကာလ အင်းလေးဒေသတွင် ကွန်မြူနစ် သူပုန် ၄၉ ယောက်အား မိမိ တစ်ယောက်တည်း တိုက်ခိုက် အနိုင်ယူပြီး လက်နက် ၃၉ လက် သိမ်းဆည်းနိုင်သဖြင့် တပ်သားဘဝမှ ချက်ချင်း ဗိုလ်အဆင့်သို့ တိုးမြှင့်ခံရပြီး သူရ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော ဗိုလ်ကြီး သူရ ဖော်ဝုန်လတောင် ဆိုသူမှာလည်း ယခုထိတိုင် ကျန်းမာစွာဖြင့် မြစ်ကြီး နားမြို့တွင် နေထိုင်လျက် ရှိသည်။ ထို့အတူ တရုတ်ဖြူ ကျူးကျော်မှု တွင်လည်း အဓိက တိုက်ခိုက် နှိမ်နင်းခဲ့သူများမှာ ကချင်စစ်သည် များနှင့် ဂေါ်ရခါး စစ်သည် များပင် ဖြစ်ကြလေ သည်။
သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဖက်ဆစ်ဂျပန်များ အား အင်အား ၂ သောင်းခန့်ဖြင့် အဓိက တိုက်ခိုက် တွန်းလှန်ခဲ့ကြသော မြန်မာပြည်တွင် ပထမဆုံး ဖက်ဆစ်များကို ခုခံတိုက်ခိုက်ခဲ့ကြ သော ကချင် စစ်သည်များသည် လွတ်လပ်ရေး ရယူခဲ့သော မြန်မာ့တပ်မတော်တွင် နေ့မဆိုင်း ဆက်လက် အမှုထမ်းခဲ့ကြပြီး ၁၉၄၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်း တိုင်းပြည်ချောက် ထဲကျဖို့ လက်နှစ်လုံးအလိုမှ ကယ်တင်ခဲ့ကြသော (ဝန်ကြီးချုပ် ဦးနု ပြောစကား) ကချင်စစ်သည်များသည် လွတ်လပ်ရေး မော်ကွန်းဝင် လျှောက်ထား ရာတွင်မူ မဟာမိတ် တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သဖြင့် ကချင်စစ်သည် အများအပြား မော်ကွန်းဝင် အဆင့် မရရှိခဲ့ကြချေ။
ကချင်ပြည်နယ် ဖြစ်ပေါ်လာပုံသမိုင်း
===================
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော် သည် ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့ သည့် လက်အောက်မှ လွတ်လပ် ရေး ရရှိခဲ့ပြီး နောက်ထပ် ၆ ရက်အကြာ ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။
ထိုနေ့တွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ နံနက် ၈း၀၀ နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး ဦးစပ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်၍ မနော မဏ္ဍပ်ကြီး ဖွင့်လှစ်ကာ ပထမဆုံးသော ကချင် ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆမားဒူဝါ ဆင်ဝါးနောင် အား ကချင်ပြည်နယ်၏ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင် မြှောက် လျက် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကျမ်းကို ကချင်ပြည်နယ်၏ ဥက္ကဋ္ဌသစ်ဖြစ်သော ဦးဆမားဒူဝါ ဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ အပ်နှံပေးခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် အစိုးရကိုလည်း ထိုနေ့တွင်ပင် ဖွဲ့စည်းလျက် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ သတ်မှတ် အတည်ပြုထားခဲ့ခြင်းဖြစ် သည်။ ထိုနေ့မှစကာ နှစ်စဉ် ဇန်နဝါရီ (၁၀) ရက်နေ့ ရောက်တိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူ မနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင် ရိုးရာ မနောပွဲတော်ကြီးကို ကျင်းပလေ့ရှိခဲ့ကြသည်။
ဤကဲ့သို့ ဖြစ်ပေါ်လာသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ တော်သည် ၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ တက်လာသည့်အချိန်မှ စပြီး၊ ခေတ်ကာလတစ်ခု မှေးမှိန်သွားခဲ့လေသည်။ ၁၉၉၃ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ရခါစ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား တစ်ဖန်ပြန် လည် ကျင်းပလာခဲ့ကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ကျင်းပနိုင်ခွင့် မရှိခဲ့ပေ။ ၂၀၀၅ ခုနှစ်မှ စ၍သာ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား နှစ်စဉ်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် နောက်ခံ သမိုင်း
ကချင်လူမျိုးတို့သည် ရှေးပဝေသဏီက စပြီး အရှေ့သံလွင်မြစ် (Sakhkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခု တရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေ့မြောက၊် မွန်ဂိုးလီးယား ကနေ တောင်ဘက် (လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်) သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေနေရာများပင် ဖြစ်ကာ နှစ်ပေါင်း များစွာ နေထိုင်လာခဲ့ကြသည်။
၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့ သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့ တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။
အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ် တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ခုနှစ် မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့ သည်။ သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသ တစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ် အုပ်ချုပ်လာနိုင်ခဲ့သည်။
ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ် ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံး တောင်းခံခဲ့သည်။ သို့သော် ကချင်ခြေ လျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V Force Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။
၁၉၄၄ခုနှစ် သြဂုတ်လ (၃) ရက်နေ့တွင် N.K.L, V Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ် ပြည် ယူနန်ပြည်နယ် ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထား သည်။
၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆) ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင် တိုက် ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံ မနောပွဲ) ကျင်းပခဲ့ကြသည်။ ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ် တပ် ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ခုနှစ် သြဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက် ထုတ်နိုင်ခဲ့သည်။
စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် သြဂုတ် (၁၄-၁၉) ရက်ကြား ၆ ရက်တိတိ “အောင်ပွဲခံ မနော” (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။ ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်း ဖော(ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲဒါကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံး မယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင် သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန် အပ်ပေးမယ်။” ဟု ပြောခဲ့သည်။
တတိယအကြိမ်ဖြင့် ၁၉၄၆ခုနှစ် ဒီဇင်ဘာလဆန်း (၂) ရက်နေ့၊ မန်ခိန် ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။
ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ် အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့ သည်။ ဗိုလ် ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက် နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများ နေထိုင်သည့် တောင်တန်း ဒေသတို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စုစနစ်” ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသား တန်းတူညီမျှ ရေး ဆောင်ရွက်ခဲ့သည်။ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်း မှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ် လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ် ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေး ချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈)ဦးနှင့် ဗန်းမော်မှ ခေါင်း ဆောင် (၄)ဦးသွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁း၀၀ နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြား ဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များ အားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင် တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည် ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင် ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့ နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့ လောင် ဂျီတွဒ် ၉၆ံနှင့် ၉၈ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ံ ၃၇’ နှင့် ၂၈ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ် သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ် ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။
Copy ယူလာ​သော ကချင်​သမိုင်း အပိုင်းအစသာဖြစ်​သည်​။
လေးစားလျက်.....ZLT

https://www.facebook.com/saiga.brang/posts/1111396455623786

About exodus42

0 comments:

Post a Comment