ကံဆီးရွာ အလကကျောင်းတွင် KIA အလံအားအစားထိုးလွင့်ထူခိုင်း



ကံဆီးရွာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား KIA တပ်မဟာ(၂) ရင်း(၆)မှ တပ်ရင်းမှူး ဗိုလ်ကြီးလဒွဲ မှ ၁၄ရက်နေ့ မနက် ၉နာရီလောက်မှာ ခေါ်ယူပြီး ကျောင်းအလံတိုင်မှာလွင့်ထူထား တဲ့ နိုင်ငံတော်အလံကိုဖြုတ်ပြီး ၎င်းတို့ရဲ့ KIA အလံကိုဇူလိုင်လ ၂၃ရက်နေ့ကနေစပြီးအစားထိုးလဲလှယ်ရန်ကျောင်းအုပ်ကြီးအား မုန့်ပဲသားရေစာများပေးခဲ့တယ်။ ဒါကို ဖားကန့်မြို့ မြို့နယ်ပညာရေးမှူးမှလည် သဘောတူကြောင်း ဒေသခံတွေကကပြောပါသည်။

ဘယ်ရွာမှာဘဲဖြစ်ဖြစ် ဌာနဆိုင်ရာရုံးတွေ ကျောင်းတွေမှာ ကချင်အလံကို ဘဲလွင့်ထူထားတာပါ။ အခုလို နိုင်ငံတော်အလံကို ဖြုတ်ခိုင်းပြီး ကေအိုင်အေအလံကို လဲခိုင်းတယ်ဆိုတော့ ရွာသားတွေက ဒီနယ်မြေကို သူတို့သီးခြားနိုင်ငံလို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒါနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ကေအိုင်အေဖက်မှ နှစ်ရှည်လများစွာ စိတ်ပါဝင်စား အားတက်သရော လုပ်ဆောင်ခဲ့သော်လည်း မြန်မာစစ်ဖက်ဆိုင်ရာမှ အကြိမ်ကြိမ် ကတိဖောက်ခဲ့သဖြင့် ကေအိုင်အေမှ ယခုလို မြန်မာ့အလံကို ဆွဲချခဲ့ရခြင်း ဖြစ်ကြောင်းကို ထိုရွာကလူတွေက ပြောပါသည်။

About exodus42

0 comments:

Post a Comment