တကယ်လို့ အသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကို လာကြည့်ပါ

သတင်းစာ တစ်ခုမှာ "တကယ်လို့ အသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကို လာကြည့်ပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဒုတိယ ကမ္ဘာစစ်အတွင်းမှ နာဇီ စစ်သာသည်ပုံများ၊ နာဇီအကျဉ်စခန်းပုံ အမြောက်အများတွင်နဲ့ စာဖတ်ပရိသတ်တွေရဲ့ စိတ်ကို အပြည့်အဝ ဆွဲဆောင်နေတဲ့ ဤဖြစ်ရပ်မှန် ဝတ္တုလေးဟာ နောင်းနောင်ရဲ့ စိတ်ကိုလည်း အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါနဲ့ စိတ်ဝင်စားစွာနဲ့ ဖတ်ကြည့်လိုက်တော့ တကယ်ဘဲ သူရဲ့ကောင်း Roddick ရဲ့ သူရဲကောင်းပီသတဲ့ စိတ်နေသဘောထားကို ဘယ်လို့ မလေးစားကို မနေနိုင်လောက်အောင်ကို ဖြစ်ခဲ့မိပါတယ်.. ခွန်လားလည်းရရှိခဲ့ပါတယ်။ ဒီစာကို ဖတ်ခြင်းအားဖြင့်ပေါ့။ ဒါကြောင့် နောင်းနောင် ချစ်တဲ့ မိသားစုတွေ ကိုလည်း ဤစာကို ဖတ်ချင်းအားဖြင့် တစုံတစ်ခု ရစေချင်တဲ့ ရည်ရွယ်ချက်ဖြင့်.......

 
စစ်အကျဉ်းသားထားရာ စခန်းဆီ အပို့မခံရခင်က Roddick ဟာ အင်္ဂလန်စစ်တပ်က ယာဉ်မောင်းတစ်ဦးဖြစ်တယ်။ နာဇီတွေက သူ့ကိုဖမ်းမိချိန် ယာဉ်မောင်းသမားလိုလို့ သူ့ကို ထရပ်ကားမောင်းဖို့ စေခိုင်တယ်။ အစာငတ်ပြီး သေသွားတဲ့ အကျဉ်းကျစစ်သား၊ အသတ်ခံရတဲ့ အင်္ဂလန်စစ်သားတွေကို Roddick က နေ့တိုင်း ထရပ်ကားနဲ့တင်ပြီး မြှုပ်နှံဖို့ သယ်ပို့ပေးရတယ်။ တကယ်တော့ စစ်အကျဉ်းသားတွေထဲမှာ ကားမောင်းတတ်သူတွေ မနည်းပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ နာဇီရဲ့ လက်ကိုင်တုတ်မဖြစ်ချင်ခဲ့ကြဘူး။


Roddick တစ်ယောက်ပဲ ဒီအလုပ်ကို ကျေကျေနပ်နပ် လုပ်ကိုင်ခဲ့တဲ့အပြင် တခြား အကျဉ်းသားတွေကိုလည်း ကျန်ကျောက်လိုက်၊ ဆဲဆိုလိုက်နဲ့ သူအပေါ်စီး ဆက်ဆံခဲ့တယ်။ ပို၍ ဒေါသထွက်စရာကောင်းတာက Roddick ဟာ အသက်မသေသေးတဲ့ အကျဉ်းသားတွေကိုလည်း မြှုပ်နှံဖို့ ကားပေါ်ပစ်တင်တာကိုပါပဲ။ ဒါကြောင့် အကျဉ်းကျစစ်သားတွေက သူ့ကို မုန်းကြတယ်။ သူ့ကို "နိုင်ငံရောင်းစားတဲ့ သူခိုး"၊ "နောက်လိုက်ခွေး" လို့ ဆဲဆိုကြတယ်။

စစ်အကျဉ်းသားတွေ သူ့ကိုမုန်းပေမယ့် နာဇီတွေက သူ့ကို တစ်နေ့တခြား အယုံအကြည်ရှိလာခဲ့တယ်။ စစတုန်းက အလောင်းတွေ သယ်ပို့ရမှာ Roddick နဲ့အတူ နာဇီစစ်သားတွေ လိုက်ပါတတ်သေးတယ်။ နောက်ပိုင်း သူ့ကို ယုံကြည်လာတော့ တစ်ယောက်တည်းပဲ အလောင်းတွေကို သယ်ပို့တော့တယ်။ အကျဉ်းကျ စစ်သားတွေက သူ့ကိုအငြိုးထားပြီး မုန်းကြတာကြောင့် လစ်ရင်လစ်သလို သူ့ကို အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ အကြိမ်ကြိမ် ဝိုင်းရိုက်ခဲ့ဖူးတယ်။


တစ်ခါက အကျဉ်းကျ စစ်သားတွေရဲ့ ရိုက်နှက်ထိုးကြိတ်တာကို Roddick ခံရပြီး လက်တစ်ဘက် ဆုံးရှုံးသွားခဲ့တယ်။ လက်တစ်ဘက် မရှိတော့လို့ ကားမောင်းမရတော့တဲ့သူ့ကို နာဇီတွေက ရက်ရက်စက်စက် စွန့်ပစ်လိုက်တယ်။ နာဇီအစွန့်ပစ်ခံရတဲ့ Roddick ဟာ အကျဉ်းသားစစ်သားတွေရဲ့ မုန်းတီး ရိုက်နှက်မှုကို မကြာခဏခံရပြီး နောက်ဆုံးမှာ တစ်ယောက်တည်း အထီးကျန်ကျန် ကွယ်လွန်သွားခဲ့တယ်။

ဆယ်စုနှစ်ကျော်ကြာပြီးတဲ့နောက် တစ်ရက်မှာ အင်္ဂလန် သတင်းစာထဲကနေ " ကျွန်တော့်ကို ကယ်ခဲ့သူက ကျွန်တော်အမုန်းဆုံးသူ ဖြစ်တယ်" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ ဆောင်းပါးထဲမှာ စာရေးဆရာက "ကျွန်တော် အကျဉ်းကျခဲ့တုန်းက အကျဉ်းစခန်းမှာ Roddick ဆိုတဲ့ သစ္စာဖောက်တစ်ယောက် ရှိခဲ့တယ်။ သူဟာ နာဇီစစ်တပ်အတွက် အလုပ်တွေ လုပ်ပေးခဲ့တယ်။ အဲဒီနေ့က ကျွန်တော်မသေသေးဘူး။ ဒါပေမဲ့ Roddick က အလောင်းတွေမြှုပ်ဖို့ ကျွန်တော့်ကိုပါ အတင်းအဓမ္မ ကားပေါ် ပစ်တင်ခဲ့တယ်။ အဲဒီနေ့က ကားဟာ လမ်းတစ်ဝက်အရောက်မှာ ရပ်သွားခဲ့တယ်။ Roddick က သေလုမျောမျောဖြစ်နေတဲ့ ကျွန်တော့်ကို သစ်ပင်ကြီးတစ်ပင်အောက် ပွေ့ခေါ်သွားပြီး ပေါင်မုန့်တချိုနဲ့ ရေတစ်ပုလင်း ပေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်ကို " တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကို လာကြည့်ပါ" လို့ မှာပြီး ထွက်သွားခဲ့တယ်" လို့ ရေးသားထားတယ်။

သတင်းစာ ထုတ်ဝေပြီး တစ်လအတွင်းမှာ အင်္ဂလန်က အငြိမ်းစား စစ်သား (၁၂) ဦးရဲ့ ဖုန်းကို သတင်းစာတိုက်က လက်ခံရရှိခဲ့တယ်။ ထူးဆန်းတာက ဒီအငြိမ်းစား စစ်သားတွေဟာ အကျဉ်းစခန်းတစ်ခုထဲမှာပဲ အကျဉ်းကျခံခဲ့ရသူတွေဖြစ်တယ်။ သူတို့ကိုလည်း Roddick က သစ်ပင်ကြီး တစ်ပင်အောက်မှာ ထားခဲ့တယ်လို့ဆိုတယ်။ Roddick ကလည်း သူတို့ကို " တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကို လာကြည့်ပါ " လို့ မှာခဲ့တယ်လို့ ဆိုပါတယ်။

အာရုံခံစားမှုကောင်းတဲ့ သတင်းစာအယ်ဒီတာက သူတို့ပြောတဲ့သစ်ပင်မှာ ထူးခြားမှု တစ်ခုခုရှိနိုင်မယ်ဆိုပြီး အငြိမ်းစား စစ်သား (၁၃) ဦးနဲ့အတူ အဲဒီသစ်ပင်ကို သွားရှာခဲ့ကြတယ်။ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဆိုပေမယ့် တောတောင်ဝန်းကျင်တွေက အရင်အတိုင်းပဲ။ အဲဒီ သစ်ပင်ကြီးလည်း ရှိနေပါသေးတယ်။ စစ်သားတစ်ဦးက သစ်ပင်ကိုပွေ့ဖက်ပြီး တွေးတောစဉ်းစားနေရာက သစ်ပင်နားက သစ်ခေါင်းတစ်ခုကို ရုတ်တရက် သတိထားမိလိုက်တယ်။ သစ်ခေါင်းထဲ ဝင်ကြည့်ကြတော့ သစ်ခေါင်းထဲမှာ သံချေးအထပ်ထပ် တက်နေတဲ့ သံသေတ္တာတစ်လုံးကို တွေ့တယ်။ သံသေတ္တာကို သစ်ခေါင်းထဲကနေ ခဲရာခဲဆစ် ဆွဲထုတ်ပြီး ဖွင့်ကြည့်တော့ သေတ္တာထဲမှာ ဝါကျင်ကျင် မှတ်စုစာအုပ်တစ်အုပ်နဲ့ ဓါတ်ပုံတစ်ချို့ကို တွေ့လိုက်တယ်။

သတင်းထောက်တွေက မှတ်စုစာအုပ်ကို တစ်ရွက်ချင်း လှန့်ကြည့်ကြတယ်။ " ဒီကနေ့ စစ်သားတစ်ဦးကို ငါကယ်ထုတ်လိုက်ပြန်ပြီ။ တကယ်လို့ သူအသက်ရှင်ခဲ့မယ်ဆိုရင် ဒါဟာ (၂၈) ဦးမြောက် စစ်သားပဲ.... "

" ဒီကနေ့ စစ်သား အယောက် (၂၀) သေသွားရပြန်ပြီ...."

" မနေ့ညက စစ်သားတွေ ငါ့ကို ထိုးနှက်ကြတယ်။ ငါတောင့်ခံပြီး အသက်ရှင်မယ်။ အဖြစ်မှန်ကို ပြောလို့မဖြစ်ဘူး။ စစ်သားတွေအများကြီး ငါကယ်ရဦးမယ်...."

ဒီအချိန်ကျမှ Roddick ရဲ့ အဖြစ်မှန်ကို လူတွေသိသွားတော့တယ်။ သူကယ်ခဲ့လို့ အသက်ရှင်ကျစ်ရစ်ခဲ့တဲ့ အငြိမ်းစား စစ်သားတွေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေရွဲလို့...... လက်စသတ်တော့ အကျဉ်းစခန်းမှာ လူအမုန်းခံရဆုံးသူက သူရဲကောင်းတစ်ဦး ဖြစ်နေခဲ့ပါပေါ့လား!!!!

Roddick ရဲ့ မှတ်တမ်းအရ သူကယ်ခဲ့တဲ့ အကျဉ်းကျ စစ်သားပေါင်း (၃၆) ဦး ရှိပါတယ်။ အခု အသက်ရှင်နေသူက (၁၃) ဦး ရှိခဲ့တယ်။ သူ့ရဲ့ မှတ်စုနဲ့ သူခိုးရိုက်ခဲ့တဲ့ နာဇီစစ်သားတွေရဲ့ အကျဉ်းသားအပေါ် ရက်စက်ပုံတွေက နာဇီစစ်တပ်ကို စွဲချက်တင်ဖို့ အကောင်းဆုံး သံမဏီ သက်သက်တစ်ခု ဖြစ်ခဲ့တယ်။ သတင်းစာမှာ Roddick ရဲ့ အဖြစ်မှန်ကို တင်ပြခဲ့ပါတယ်။ Roddick ဟာ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့တဲ့အပြင် လူအများက သူ့ကို သစ်ပင်ကြီးအောက် အရောက်သွားပြီး ဂါဝရပြုခဲ့ကြတယ်။

လူတိုင်းလူတိုင်း လှပပြည့်စုံတဲ့ ဘဝရှိဖို့ မျှော်လင့်တောင့်တကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ လူအများရဲ့ စက်ဆုပ်ရွံ့ရှာ၊ အထင်သေးတာကို ခံနေရသည့်တိုင် သူ့ယုံကြည်မှုကို လက်ကိုင်ထားပြီး သူ့ရဲ့ သမိုင်းပေးတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရင် သူ့တစ်သက်က အနှိုင်းမရှိ ထွန်းလင်းတောက်ပမှာ အမှန်ပါပဲ။ အသက်ရှင်နေတုန်း အလင်းမဲ့ခဲ့ရပေမယ့် အသက်သေဆုံးပြီးတဲ့ နောက်မှာတော့ နာမည်က မမေ့မပျောက် ကျန်ရစ်ခဲ့မှာ ဧကန်ဖြစ်ပါတယ်။

မူရင်းရေးသားသူ - Cheng Gang
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

About exodus42

0 comments:

Post a Comment