G-Mail Account Lock ကျသွားလျှင်ဖြေရှင်းနည်း

G-mail သုံးစွဲသူတွေအတွက် G-mail အကောင့်တွေ Lock ကျသွားတာတွေကြုံဖူးမှာပါ။ အကောင့်ကို ဝက်လိုက်ရင် username နဲ့ password လဲမှန်တယ် အကောင့်ကဝင်လို့မရပဲ စာလုံးလေးတွေရိုက်ပြီး ဝင်ခိုင်းတယ်။ ဝင်တော့လဲမရဘူး နောက်ထပ်ပြောင်းပြီးရိုက်ခိုင်းနဲ့ ရွာပတ်နေတတ်ပါတယ်။ G-Mail အကောင့်များပျက်သွားပြီလား သုံးလို့များမရတော့ဘူးလားဆိုပြီး စိတ်မပူပါနဲ့။ အောက်မှာပေးထားတဲ့ လင့် (အပြာရောင် စာသား) လေးကနေသွားလိုက်ပါ။ Google ကအဲ့လိုပြဿနာတွေကြုံလာရင် ဖြေရှင်းဖို့ နည်းလမ်းလေး ပေးထားပါတယ်။ တကယ်လို့ကို သုံးနေတဲ့ G-Mail အကောင့်က လော့ကျနေတယ်ဆိုရင် အောက်မှာပေးထားတဲ့ လင့် (အပြာရောင် စားသားလေး) ကိုနှိပ်လိုက်ပါ။ ပြီးရင် Username နဲ့ Password ရိုက်ထည့်ပါ။ ပြီးရင်ပေးထားတဲ့ စာလုံးတွေကို မှန်အောင်ရိုက်ထည့်ပေးပါ။ ပြီးရင် unlock ကိုနှိပ်လိုက်ယုံပါပဲ။ လော့ကျနေတဲ့ G-mail အကောင့်လေး ပြန်ပွင့်သွားပါလိမ့်မယ်။

About exodus42

0 comments:

Post a Comment