Dear Seng,
စာလေးချန်ထားခဲ့လို့ ပြောမပြတတ်အောင် ဝမ်းသာမိတယ်... စာရေးရင်းနဲ့ ပြုံးနေတုန်းဘဲ... ပျော်လွန်းလို့ ဖြစ်မယ်ထင်တယ်... ဆိုင်းရဲ့စာကိုဖတ်ပြီး နောင်းနောင်ရယ်ခဲ့မိတယ်... စိတ်မဆိုးနဲ့နော်... ရယ်လို့လေး... ဆိုင်းက ရိုက်မစစ်ဘဲနဲ့ ကိုယ့်ကိုကိုယ် ဝန်ခံနေလို့လေ... ဒီအပြုအမှုလေးက ချစ်စရာကောင်းတယ်... ကျေနပ်တယ်... ဒီတစ်ကြိမ်နဲ့ဆိုရင် နှစ်ခါရှိသွားပြီနော်... ရိုက်မစစ်ဘဲနဲ့ ဝန်ခံတာ... ဒါပေမဲ့ ကိုယ်ရေးတဲ့စာကို ကိုယ်က တာဝန်ယူဖို့ အရေးကြီးတယ်နော်... ဒါနဲ့ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ဆိုင်းက ခံယူရတာလဲ... ကိုယ့်ကိုကိုယ် မနှိပ်စက်ရဘူးနော်... နောင်းနောင်မကြိုက်ဘူး... ကိုယ်က မချစ်လို့ မချစ်ဘူးလို့ ပြောတာ အပြစ်ဖြစ်ရောလား? လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ဆိုတာရော မရှိတော့ဘူးလား...? ဆိုင်းရဲ့ စိတ်ထဲမှာ နောင်းနောင်ကို မိတ်ဆွေတစ်ယောက်လိုဘဲ သဘောထားတယ်ဆိုရင် မိတ်ဆွေလိုဘဲ ခင်ပေါ့... မဟုတ်လာ....? အခုလို ဆိုင်းက တောင်းပန်လာတော့ ဘယ်လိုပြောရမှန်းတောင် မသိ ဖြစ်ကုန်ပြီး... တောင်းပန်ရမယ့်သူက နောင်းနောင်လေး.. နောင်းနောင်ကသာ တဖက်သတ်ဆန်ခဲ့တာ မဟုတ်လား? ဒါနဲ့မေးရအုံးမယ်... " Nawng Nawng ကို ရင်မှ မခုန်တာကို ဘယ်တုန်းကမှလဲ ရင်မခုန်ခဲ့ဘူး " ဒါအမှန်ပေါ့လေ...? တကယ်ဘဲပေါ့ ဟုတ်လား....? မယုံဘူးဆိုရင်ကော...? ကဲပါ နောင်းနောင်က ဆိုင်းကို ပျော်စေချင်လို့ စတာပါ... ဆိုင်းရဲ့ စကားကို နောင်းနောင် ယုံတယ်၊ မယုံဘူး ဆိုတာကို ပြောမပြတော့ဘူးနော်... ကိုယ့်ကိုကိုယ်ဘဲ ပြန်မေးကြည့်နော်... အမေကပြေားဖုးတယ်... မိုးကောင်းကင် မျက်နှာကျက်ပေါ်မှာ အမြဲတန်းဖွင့်နေတဲ့ မျက်လုံးတစ်စုံရှိတယ်တဲ့... နောင်းနောင်တို့ လုပ်ဆောင်နေတဲ့ အရာအလုံးကို မျက်တောင်မခတ်ဘဲ ကြည့်နေတယ်တဲ့နော်...
ပျော်ရွှေသောနေ့လေးဖြစ်ပါစေ... အမြဲသတိရနေသူ နောင်းနောင်
0 comments:
Post a Comment