ချစ်မိသားစု အားလုံးကို မင်္ဂလာပါလို့ နုတ်ဆက်လိုက်ပါတယ်။ ဒီလဟာ ဆိုရင် ဂျာမနီနိုင်ငံရဲ့ “harvest thanksgiving festival” ကျင်းပတဲ့လလေး ဖြစ်တဲ့အကြောင်း အမ Jamungdan တင်ထားတဲ့ post အားဖြင့် သိခဲ့ရတယ်.... နောက်ပြီး ပွဲတော်မှာ အသီးအနှံနဲ့ ပန်းအလှဆင် ပြုလုပ်ထားတဲ့ လက်ရာတွေကို ကျွန်နော်အရမ်းကို သဘောကျမိပါတယ်.... ဒါကြောင့် နောင်းနောင်ရဲ့ ချစ်မိတ်ဆွေအားလုံးလည်းဘဲ သဘောကျ နှစ်သက်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် မျှဝေလိုက်ပါတယ်....
ဒီပုံတွေကတော့ ဂျာမနီနိုင်ငံ Frankfurt မြို့ရဲ့ Nordwest Center ဈေးအပေါ်ထပ်မှာ ပြုလုပ်ထားတဲ့ Thanksgiving အထိမ်းအမှတ်တခုပါ။ အားလုံး အသီးအနှံတွေနဲ့ အလှဆင်ထားတာပါ။
ဖရဲသီးများကို လက်ရာမြောက်စွာနဲ့ ပန်းပုံဖေါ်ထားတာလေးက ကြည့်လို့ကောင်းတယ်နော်....
သင်္ဘောသီးကို အလှဆင်ထားတဲ့ပုံပါ။ ၀ါသနာရင် စမ်းကြည့်ရအောင်နော်။ နောင်းနောင်တော့ မလုပ်တတ်ဘူး... ဟီး..ဟီး.. ကြုံတုန်း အရည်အချင်းကို ထုတ်ပြတဲ့သဘောပါ...
ကော်ပြန့်ကြော်၊ ကြက်ကောင်လုံးကင်၊ အသဲနှလုံးပုံကိတ်
ဒါက အကင်ကင်ဖို့အတွက်ပြင်ဆင်ထားတာပါ။ မိသားစုတွေဆိုတော့ အားလုံး ၀ိုင်းလုပ်ဝိုင်းစားကြတာပေါ့နော်...
ချစ်မိသားစုအားလုံး ပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ ဆန္ဒပြုရင်... အဝေတစ်နေရာမှ သိရလွမ်းနေမိသူ နောင်းနောင်
0 comments:
Post a Comment