Gmail မှာ Starred နှင့် Draft ပါပေမဲ့ သူ့ရဲ့လုပ်ဆောင်ပုံက မိမိမေးလ်တွေများနေတဲ့အခါ မိမိ Starred လုပ်ထားတာတွေကို အလွယ်တကူ မတွေ့နိုင်ပါဘူး။ ဒါကြောင့် အောက်ပါနည်းဖြင့် မိမိအရေးကြီးတဲ့ မေးလ်တွေကို Starred ပြပြီး မိမိရေးတာမပြီးသေးတဲ့ မေးလ်တွေကို မိမိမေးလ်မှာ သီးခြား columns တစ်ခုအနေဖြင့် ဖန်တီးထားနိုင်ပါသည်။ တခြား command များကိုလဲ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ယခုက Starred နှင့် draft ကိုသာဖေါ်ပြပေးထားပါသည်။
၁။ Gmail ကို open ပါ။ Setting ကို click ပါ။
၂။ Labs ကို click ပါ။ အောက်ပါအတိုင်း တွေ့ရသောနေရာတွင် Enable ကို click ပါ။
၃။ Gmail ရဲ့အောက်နားမှာ Save changes ကို click ပါ။ ဒါဆိုရင် မိမိမေးလ်ရဲ့ ညာဘက်အခြမ်းမှာ အောက်ပါအတိုင်း တွေ့ရမှာပါ။ နောက်ပြီး မိမိ gmail setting မှာလဲ Multiple Inboxes ဆိုပြီးထပ်ကျလာပါမည်။ Multiple Inboxes ကို click ပြီး မိမိစိတ်ကြိုက် Starred နှင့် Draft သာမက မိမိစိတ်ကြိုက်ပေါင်းထည့်နိုင်ပါသည်။ ပြီးရင် Save changes ကို click ပါ။
0 comments:
Post a Comment