ပျော်နိုင်​ပါစေ...

Dear Seng,


ရယ်စရာလေးတွေပို့ထားတယ်နော်.... စာလေး ချန်ခဲ့လို့ကျေးဇူးတင်တယ်... စာဖတ်းရင်းဘဲ လွမ်းနေတော့မယ်နော်........သတိရနေသူ နောင်းနောင်


ပထမ င်္သခန်းစာ


စီးပွားရေးလုပ်မယ့်သားကို အဖေက သင်ပေးတယ်။


အဖေ။ ။ ကဲ ပထမဆုံး သင်ခန်းစာအဖြစ်


အဲဒီ ပေနှစ်ဆယ်မြင့်တဲ့နေရာက ခုန်ချစမ်း။


သား။ ။ နာမှာပေါ့အဖေ။


အဖေ။ ။ မင်းမနာအောင် အောက်မှာ စီစဉ်ထားပါတယ်။


ခုန်ချလိုက်တော့ သားဟာ


ခြေထောက်နာပြီး လုံးဝမထနိုင်ဘူး။


ဒီတော့အဖေက အနားရောက်လာပြီး


အဖေ။ ။ ဒါ ပထမသင်ခန်းစာပဲကွ


မှတ်ထား…. စီးပွားရေးလုပ်မယ်ဆိုရင်


မင်း ဘယ်သူ့မှ မယုံနဲ့။






နောက်တစ်မျိုးက


ဆရာ။ ။ သဘာဝလောကကြီးကို တည်နေအောင်


ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဓာတ်ကြီးလေးပါးကို ပြောစမ်း။


ကျောင်းသား။ ။ မြေ-လေ-မီး… မီးပြီးတော့……ပြီးတော့…..


ဆရာ။ ။ မင်းလက်ကို သန့်ရှင်းအောင် ဘာကိုသုံးရသလဲ။


ကျောင်းသား။ ။ ဆပ်ပြာ






ရှုပဗေဒ


ဆရာ။ ။ မိုးခြိမ်းရင် လျှပ်စီးလက်တာကို အရင်မြင်ရပြီး


အသံကိုနောက်မှကြားရတာ ဘာလို့လဲ။


ကျောင်းသား။ ။ မျက်စိက နားထက် ရှေ့နည်းနည်းပိုရောက်နေလို့ခင်ဗျ။






ဆက်သွယ်လိုလျှင်


မေး။ ။ ခရစ်တိုဖာ ကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁ - ၁၅၆၀) ဆိုပြီး ပါတယ်။


အဲဒီဂဏန်းတွေရဲ့ အဓိပ္ပာယ်ကို သိရဲ့လား။


ဖြေ။ ။ ကိုလံဘတ်ရဲ့ တယ်လီဖုန်း နံပါတ်ပါဆရာ။






ပြောပြပါ့မယ်


ဆရာ။ ။မင်းရဲ့ အိမ်စာတွေမှားနေတယ်။ ဆရာရှင်းပြမယ်။


သေသေချာချာနားထောင်။


ကျောင်းသား။ ။ ဟုတ်ကဲ- ကျွန်တော် မေ့မေ့ကို သေသေချာချာ ပြန်ပြောပြပါမယ်။






တာဝန်ကိုယ်စီ


ဆရာ။ ။ မင်းရဲ့အိမ်စာတွေကို ဖြေဖို့ မင်းအမေကိုချည်း အမြဲမေးနေတာပဲလား။


ကျောင်းသား။ ။ အဖေက အလုပ်မအားလို့ပါ။






အိုင်ဒုန့်နိုး


ဆရာ။ ။ အင်္ဂလိပ်စာသင်ချိန်မှာ မကြာခဏကြားရတဲ့ စကားသုံးလုံး


ကျောင်းသူ။ ။ I don’t know ပါဆရာ။


ဆရာ။ ။ မှန်တယ်။






မှန်တော မှန်ပါရဲ့


ဆရာ။ ။ နာမ်တစ်ခုကိုပြောပါ။


ကျောင်းသား။ ။ “နွား” ပါဆရာ။


ဆရာ။ ။ မှန်တယ်၊ ကဲ…..နောက်တစ်ယောက်ပြောပါဦး။


နောက်ကျောင်းသား။ ။ နောက်ထပ်နွားတစ်ကောင်ပါ ခင်ဗျ။






စီအေတီ


ဆရာ။ ။ CAT ကက်ရဲ့ အဓိပ္ပာယ်သိရဲ့လား။


ကျောင်းသား။ ။မသိဘူးခင်ဗျ။


ဆရာ။ ။ မင်းအိမ်မှာ ကြွက်တွေကို ဘယ်သူဖမ်းသလဲ။


ကျောင်းသား။ ။ အဖေထောင်ခြောက် ထောင်ပြီး ဖမ်းပါတယ်။






မလာသေးလို့


တစ်နေ့မှာ ဆရာက “ကျွန်တော်မန်နေဂျာ ဖြစ်ခဲ့လျှင်” ဆိုပြီးစာစီစာကုံး ရေးခိုင်ပါတယ်။


ကျောင်းသားတွေအားလုံးရေးပေမယ့် တစ်ယောက်က မရေးဘူး။ ဒီတော့ ဆရာက အဲဒီကျောင်းသားနားသွားပြီး


ဆရာ။ ။ မင်းကဘာလို့ မရေးသေးတာလဲ။


ကျောင်းသား။ ။ အတွင်းရေးမှူးကို စောင့်နေတာပါ။






ကျွန်တော်ပါ


ဆရာ။ ။ အခြေခံအကြောင်းရင်းဆိုတာဘာလဲ။


ကျောင်းသား။ ။ အဖေကတော့ အိမ်မှာ ဘာပြဿနာပဲဖြစ်ဖြစ်


အခြေခံအကြောင်းရင်းကတော့ မင်းပဲလို့ ပြောတယ်ခင်ဗျ။






မှန်လိုက်လေ


မေး။ ။ ၁၈ ရာစုက အဖြစ်အပျက်တွေထဲက တစ်ခုကို ပြောပြပါ။


ဖြေ။ ။ သူတို့အားလုံးသေကုန်ပြီ။






မနေ့ကမှဝယ်ထားတာ


မေး။ ။ ကဲဖြေစမ်း ဆရာက မင်းကို ယုန်ငါးကောင်ပေးမယ်။


နောက်ရက်ကျတော့ တစ်ခါယုန်သုံးကောင်းပေးရင် မင်းဆီမှာ


ယုန်ဘယ်နှစ်ကောင်ဖြစ်သွားမလဲ။


ဖြေ။ ။ ကိုးကောင်ပါ ဆရာ။


မေး။ ။ ရှစ်ကောင်ဖြစ်ရမှာပေါ့။


ဖြေ။ ။ ကျွန်တော် မွေးထားတဲ့ တစ်ကောင်ရှိသေးတယ်ဆရာ။

About exodus42

0 comments:

Post a Comment