Virus ကြောင့် ပုံနေတဲ့ Files တွေကို ရှာကြမယ်

Dear Seng,
တစ်ခြားစက်တွေမှာက Floder ပေါ်ပြီး မိမိစက်မှာကတော့ Floder တွင် မပေါ်ဘူးဆိုတာက မိမိ memory stick မှာ Virus ရှိနေတဲ့အတွက်ကြောင့် Files တွေပုံးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ဒါကြောင့် Virus ကြောင့် ပုံးနေတဲ့ Files တွေပြန်ပေါ်လာအောင် လုပ်ကြည့်ရအောင်နော်....


ကဲ (၁) အနေနဲ့ My Computer ကိုဖွင့်လိုက်မယ်...
အောက်ကပုံဟာ my computer ကိုဖွင့်လိုက်သောအခါ မြင်ရမဲ့ ပုံလေးဖြစ်ပါတယ်
ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း ဆက်လုပ်ကြည့်နော်
မိမိ memory stick ကို left click နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်မယ်...
right click ထောက်ပြီး open ဆိုလဲအဆင်ပြေပါတယ်..
အဓိကတော့ မိမိ memory stick ကိုဖွင့်ဖို့ဘာဘဲ



အောက်ကပုံဟာ မိမိရဲ့ stick ကိုဖွင့်လိုက်တဲ့အခါ မြင်ရမဲ့ပုံဖြစ်ပါတယ်...
ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း ဆက်လုပ်ကြည့်နော်
Tools ဆိုတဲ့စာလုံးလေးကို အရင်ရှာလိုက်နော်... အနီရောင်အဝိုင်လေးနဲ့ ဝိုင်းပြထားတယ်...
Tools ကိုနှိပ်လိုက်ရင် box လေးကျလာမယ်.. အဲဒီထဲက Folder Options ဆိုတာလေးကို နှိပ်မယ်..



အောက်ပုံက မိမိရွေးလိုက်တဲ့ Floder Options ကြောင့် ပေါ်လာမဲ့ Box လေးဘဲဖြစ်ပါတယ်
ဒီထဲမှာ General / View / File Types / Offline Files ဆိုတဲ့ အခန်းလေးတွေ ရှိပါတယ်..



အဲဒီအခန်းလေးတွေထဲက View လေးကိုရွေးမယ်နော်...
အနီရောင်နဲ့ ဝိုင်းပြထားပါတယ်...
ပြီးရင် show hidden files and folders ဆိုတဲ့စာကြောင်းလေးရှေ့က အဝိုင်းလေးကို နှိပ်မယ်..
ဒါဆိုရင် အဝိုင်းလေးဟာ အစိမ်ရောက်ဖြစ်သွားပါမယ်...
ပြီးရင် ok ကို နှိပ်မယ်...


အားလုံးပြီသွားရင် ok ပေါ့... အဆင်ပြေပါစေနော်..... အမြဲသတိရနေသူ နောင်းနောင်

About exodus42

0 comments:

Post a Comment