အားတင်းထားနော်...

Dear seng,

ဘုရားသခင်ရဲ့ နုတ်ကပတ်တော်ကို လေ့လာ ဆည်းပူး သင်ယူနေတဲ့ ကိုယ်သိပ်ချစ်ရတဲ့သူရယ် အရမ်းသတိရတာဘဲ… ဒီခရီမှာ ဆိုင်း မောပန်းနေမှာပေါ့… အိပ်ရေးပျက်ခဲ့တဲ့ညတွေ၊ ဆာလောင် ငတ်မွတ်မှု ဒဏ်တွေလဲ ဆိုင်း ခံခဲ့ရမှာဘဲ… မိသားစု အိမ်တွင်းရေး အစဉ်မပြေတဲ့အခါ၊ ကျောင်းပညာ လေ့လာဆည်းပူးရေး၌ အဆင်မပြေမှုတွေကို ကြည့်ရင် ဆိုင်း စိတ်ဓါတ်ကျမိမှာဘဲ… စိတ်ဓါတ်မကျနဲ့နော်… စိတ်မယိုင်ဘဲ ယေရှုရဲ့ မျက်နှာကိုထောက်လျက်/ ကြည့်လျက် အားယူ၍ ဘုရာရဲ့ အမှုတော်မှာ ဆက်ကပ်ပါ… ဖြူစင်စွာ ပါဝင်ဆက်ကပ်မှုဟာ ဆိုင်းအတွက် အမွန်မြတ်ဆုံးအရာ ဖြစ်ပါတယ်…. ဘုရားသခင်ဟာ ဆိုင်းနှင့် ဆိုင်းရဲ့လိုအပ်ချက်များ အပေါ် အလွန်စိတ်ဝင်စားတော်မှုတဲ့အတွက် ဆိုင်းနှင့် အမြဲအတူ ရှိနေတယ်ဆိုတာ သတိရနော်… ကမ္ဘာမြေပေါ်မှ ရွှေ၊ ငွေ ဥစ္စာ မရပေမဲ့ ကောင်းကင်ဘုံမှ သံချေးပိုးမွှား မဖျက်ဆီးနိုင်သော ကောင်းချီးမင်္ဂလာ ဆိုင်း ခံစားရမှာ အသေအချာဘဲ… ဘုရားအမှုတော်မှာ ဇွဲမလျော့ဘဲ ကြိုးစားနော်…. ဆိုင်းဟာ ဘုရားသခင်ရှေ့မှောက်မှာ မွှေးကြိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ ယစ်ပုလ္လင်ထက်က သိုးသူငယ်လေးပေါ့… သန့်ရှင်းသော ကိုယ်တော်ရဲ့ နာမတော် ဘုန်းတန်ခိုး ထင်ရှားလာအောင် သစ္စာရှိစွာနှင့် တာဝန်ကျေပွန်စွာ ဆက်ကပ်နိုင်ရန် ဝိညာဉ်ခွန်အား၊ ယုံကြည်ခြင်း ခွန်အား ပိုမိုခိုင်မာစေရန် အမြဲဆုတောင်းပေးနေပါတယ်…


ဒီတောင်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းရင်း
အဝေးတစ်နေရာမှ အမြဲသတိရနေသူ နောင်းနောင်

About exodus42

0 comments:

Post a Comment