Dear Seng,
နောင်းနောင်က စိတ်ရောဂါအထူးကု ဆရာဝန်တော့မဟုတ်ပါဘူး…. ဒါပေမဲ့လေး ရရှိခဲ့တဲ့ အခန်းလေးကြောင့် ဆိုင်းအနည်းငယ်တော့ စိတ်အနှောက်အယှက်ဖြစ်ခဲ့တာတော့ သိသာတယ်… ဒါပေမဲ့ နေတတ်ရင် လောကကြီက ပျော်စရာကြီးဘဲတဲ့ ဆိုင်းရယ်…. ဟုတ်ပါတယ် ဆိုင်း ထင်သလိုဘဲ ဒီအရာတွေဟာ မတည်မြဲပါဘူး…. လူတစ်ယောက်ရဲ့စိတ်ကို နေရာဒေသ ပတ်ဝန်းကျင်က ရပ်တန့်အောင် မလုပ်နိုင်ပါဘူး၊ မိမိသာလျှင် ရပ်တန့်အောင်လုပ်နိုင်တယ်တဲ့… နောက်ပြီး ပတ္တမြားမှန်ရင် နွမ်းမနှစ်ဘူးဆိုတဲ့ ဆိုရိုးစကားရှိတယ်မဟုတ်လား? ဆိုင်းအတွက် နောင်းနောင်ဂုဏ်ယူတယ်… ဖြစ်လာတမျှအားလုံး အကောင်တွေဘဲ ဆိုတဲ့ခံယူချက်နဲ့ ကြုံလာတဲ့ပြဿနာတွေကို လွယ်ကူစွာ ဖြေရှင်းခဲ့တဲ့ ဆိုင်းရဲ့ လုပ်ဆောင်ချက်ကို နောင်းနောင် မချီးကျူးဘဲ ဘယ်လိုမှ မနေနိုင်တော့ဘူး… ဆိုင်းဟာတကယ်ကို ထက်မြက်ပြီး ပါရမီရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ဒီအရာတွေက ကောင်းကောင်း သက်သေပြနေတယ် ဆိုင်းရယ်.... ဆိုင်းကို သတိရလွမ်းနေတာကို ထပ်ပြီဝန်ခံပါရစေနော်... ကျန်းမာရေးဂရုစိုက်နော် ဆိုင်း... ဘုရားသခင် ဆိုင်းနဲ့အမြဲအတူရှိနေမှာပါ။ ပြန်ဆုံမယ့်အချိန်ကို နောင်းနောင် မျှော်နေပါတယ်။
0 comments:
Post a Comment