" HAPPY MOTHER'S DAY "


Dear Seng,
          " HAPPY MOTHER'S DAY " နော်.... ဒီလိုပျော်ရွှင်သော အမေများနေ့မှာ မွေးမိခင်ကို ပျော်ရွှင်ပြီး စိတ်ချမ်းသာစေသော သမီးလေး၊ ဆိုင်းအားဖြင့် မိခင် ဝမ်းသာပီတိ မျက်ရည်ကျရသော သမီးလေး အစဉ်အမြဲ ဖြစ်နိုင်ပါစေလို့ နောင်းနောင် ဆန္ဒပြုလိုက်ပါတယ်... ဒီနေ့ဆိုင်း အမေ့ကို ဘာလက်ဆောင်တွေ ပေးဖြစ်ခဲ့လဲ? အမေ့ကို ဖက်ထားပြီတော့ ဆိုင်းအမေ့ကို အရမ်းချစ်တဲ့အကြောင်းရော ပြောဖြစ်သေးလား? အာဝါးရေား ပေးမိလား? ဘယ်နှစ်ကြိမ် ပေးလိုက်လဲ? အကြိမ် (၁၀၀) ထက် မနည်း ပေးမိလိမ့်မယ်လို့ ယုံကြည်လိုက်မယ်နော်.. ဖြစ်တယ်မဟုတ်လား......? အချို့သော နောင်းနောင်ရဲ့ သူငယ်ချင်းတွေက အမေမရှိကြတော့ဘူးလေး... သူတို့က ဒီလိုနေ့မျိုးတွေမှာဆိုရင် အရမ်းခံစားရမှာဘဲနော်... နောင်းနောင် ဒီမနေ့ အမေ့ကို ဖုန်းဆက်တော့ အမေအရမ်း ပျော်တယ်... အိမ်မှာ မိသားစုတွေအားလုံးလည်းဘဲ စုံစုံညီညီနဲ့ပေါ့... အမေက မနှစ်တုန်းက MOTHER'S DAY နေ့မှာ နောင်းနောင်ပို့ပေးလိုက်တဲ့ သီချင်းကို နားထောင်နေတယ်.... အမေကတော့လည်း နောင်းနောင်ကို သတိရတဲ့အခါ ဒီသီချင်းကို နားထောင်ပြီး ငိုလေ့ရှိတယ်လို့ အမတွေက ပြောပြတယ်... ဒါတွေကို ကြားရတော့ နောင်းနောင် ရင်ထဲမှာ စို့နှစ်နေအောင်ခံစာရတယ်... မိဘတွေက သား/သမီးတွေအပေါ် ကောင်းလွန်းအားကြီးတယ်.... ဒါမေမဲ့ နောင်းနောင်ကတော့ ခုချိန်ထိ အမေ့ကို ဘာတစ်ခုမှ အကူညီနိုင်သေးဘူး .... စိတ်မကောင်းစရာဘဲနော်.... ဒါနဲ့ အိမ်ကို သတိရတဲ့ အခါတိုင်းမှာ နောင်းနောင်ရဲ့ အသွေးအသားကနေပြီ အောင်ဆိုလေ့ရှိတဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရ လက်ဆောင်အနေနဲ့ ပို့ပေးလိုက်တယ်....
ပြန်ဆုံတဲ့အခါ

အခုနေတော့ ဝေးထားလိုက်ဦးပေါ့ ကံကြမ္မာရယ်
ဒို့တွေရဲ့ ချစ်ခြင်းမေတ္တာတွေ လျော့သွားမှာမှ မဟုတ်ဘဲ
ခဏလေးခွဲခွာရတာများ ငိုမယ်မထင်လိုက်လေနဲ့
ဒို့မိသားစုတွေအားလုံး ပြန်ဆုံချိန်မှ
တစ်ယောက်နဲ့တစ်ယောက်
နဖူးချင်း၊ ခေါင်းချင်းဆိုင်ပြီးတော့
ပြိုင်တူ ဟားတိုက်ရယ်မောလိုက်မယ်
အခုနေတော့ ဝေးထားလိုက်ဦးပေါ့

အဝေးတစ်နေရာမှ သတိရလွမ်းနေမိသူ နောင်းနောင်

About exodus42

0 comments:

Post a Comment