ကျေးဇူးတင်တယ်


Dear Seng,
   " နောင်းနောင် ဆယ်ဖို့ တစ်ဖို့ ထည့်လား? God က မရှိလို့ ပေးခိုင်းတာ မဟုတ်ပါဘူး။ နောင်းနောင်ကို ကောင်းချီးပေးချင်လို့ ပြောတာပါ။" ဆိုင်းအခုလို မေတ္တာ၊ စေတနာ အပြည့်အဝနဲ့ စိတ်ပူပေးတယ်၊ လမ်းပြပေးတဲ့အတွက် နောင်းနောင် တကယ်ဘဲ ကျေနပ်တယ်.... စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိတယ် ဆိုင်းရယ်..... နောင်းနောင်နဲ့ ဆိုင်းရဲ့ကြားမှာလဲ ဒီလိုနွေးထွေးတဲ့ ဆက်ဆံရေး အမြဲရှိနေစေချင်တယ်..... ဆိုင်းက အစ်မအကြီးဆုံး ဟုတ်လို့လားမသိဘူး ရင့်ကျက်တယ်၊ ကြင်နာတတ်တယ်။ အခုလို ဆိုင်းနဲ့ ဆုံတွေ့ခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ အလိုတော်ကိုလဲဘဲ ကျေးဇူးတင်တယ်။ ဘုရားသခင်ရဲ့ နာမတော်အားဖြင့် ငြိမ်သက်ခြင်း ဆုကျေးဇူး ဆိုင်းရဲ့အပေါ် အစဉ်တက်ရောက်ပါစေ... စုံစမ်းနှောက်ယှက်ခြင်း အမျိုးမျိုးမှလဲ ကင်းလွတ်၍ နောက်ဆုံးနှစ်ကို အောင်မြင်စွာ လေ့လာ၊ သင်ယူ ပြီးစီးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
သတိရနေသူ နောင်းနောင်

About exodus42

0 comments:

Post a Comment