ပျော်ရွှင်သော နေ့လေး ဖြစ်ပါစေ

Dear Seng,
       သတိရပေါင်းများစွာနဲ့ နောင်းနောင် စာရေးလိုက်ပါတယ်။ ဆိုင်းလဲဘဲ အစစအရာရာ အဆင်ပြေပါစေနော်။ လမ်းခရီးဝေးတော့ အရမ်း ပင်ပန်းနေမှာပေါ့နော ဟုတ်လား? ဆိုင်းအခုလို ပင်ပန်းနေတဲ့အချိန်၊ အကူအညီလိုအပ်နေတဲ့အချိန် ဆိုင်းကို နောင်းနောင် ဘာတစ်ခုမ မကူညီနိုင်တာကို စိတ်မကောင်းဘူး.. ဘာဘဲဖြစ်ဖြစ်ပေါ့နော် အရာအားလုံးကို တတ်နိုင်တဲ့ ဘုရားသခင်က ဆိုင်းကို အမြဲအကောင်းဆုံး ပြင်ဆင်ပေးပါစေလို့ အစဉ်ဆုတောင်းလျက်ပါ။ အခုတစ်လော နောင်းနောင်တို့ ဆီမှာလဲဘဲ မိုးတွေအရမ်းရွာတော့ လှိုင်မကောင်းဘူးဆိုင်းရယ်။ ဒါနဲ့ ဓါတ်ပုံပို့ဖို့ကလေး အဆင်မပြေဘူးဖြစ်နေတာ။ ဒီနေ့မှဘဲ လှိုင်ပြန်ထိုင်ဖြစ်တယ်။ နောင်းနောင် ဓါတ်ပုံပို့ထားတယ် ဆိုင်းရယ်။ အရင်တုန်းကတော့ ဆိုင်း နောင်းနောင်ကို လူညာလေး၊ လူလည်လေး၊ ကလေးအဖေလို့ ခေါ်ခဲ့ဖူးတာပေါ့နော်။ အခုတော့ နာမည်တစ်ခု ထပ်တိုးလာတော့မယ်လို့ နောင်းနောင်သိနေတယ်။ မောင်ရုပ်ဆိုး ဆိုပြီးတော့ပေါ့။ ဒီလိုဘဲခေါ်မယ်မဟုတ်လား? ဆိုင်းကြိုက်တလို ခေါ်နိုင်ပါတယ်။ ဆိုင်းခေါ်ချင်တယ်ဆိုရင်ပေါ့နော် နောင်းနောင် စိတ်မဆိုးပါဘူး။ နောင်းနောင်ရဲ့ နှာခေါင်းက နဲနဲကောက်နေတယ်လို့ထင်ရတယ် မဟုတ်လား။ ရပ်ကွက်ဘောလုံးပွဲ ကစားတုန်းက ထိမိတာပါ။. သူငယ်ချင်းက သူကို အမြဲသတိရနေဖို့အတွက် အမှတ်တရလက်ဆောင်အနေနဲ့ တံတောင်နဲ့ နောင်းနောင်ရဲ့
နှာခေါင်းကို တိုက်လိုက်တာလေး။. ဒါကြောင့် နဲနဲကွေးသွားတာပါ။ ဒါနဲ့ စာထဲမှာ ဆိုင်းထင်သလို Phone ထဲမှာ တစ်ယောက် Gtalk မှာတစ်ယောက် မဟုတ်ရပါဘူး။ နောင်းနောင်က တစ်ယောက်ထဲပါ။ ဘာဘဲဖြစ်ဖြစ်ပေါ့နော် အခုလို ပွင့်ပွင့်လင့်လင့် ခံချက်ကို ရင်ဖွင့်လာတဲ့အတွက် ကျေးဇူးတင်တယ် ဆိုင်းရယ်။      နောင်းနောင် ဆိုင်းကို ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူးလို့ အာမခံပါတယ်။ ဆိုင်းရင်ထဲမှာ ခံစားနေရတာတွေ အဆင်ပြေသွားအောင် နောင်းနောင်တို့ vzo chat ရင်ကောင်းမလား မသိဘူး။ နောင်းနောင် ရုံးပြန်ရောက်တဲ့အခါပေါ့။ ရုံကိုတော့ လဆန်း ၁ရက် လောက်မှာ ရောက်မယ်ထင်တယ်။ ဒါက နောင်းနောင် စဉ်းစားကြည့်မိတာလေးပါ။ ဆိုင်းဆီက Idear ကောင်တွေလဲဘဲ မျှော်နေမယ်နော်။ မိသားစုတွေအကြောင်းဘဲဖြစ်ဖြစ် ဆိုင်းရင်ထဲမှာ ခံစားနေရတာတွေ၊ ရင်ဖွင့်ပြောပြချင်တဲ့အရာတွေ ရှိခဲ့မယ်ဆိုရင် နောင်းနောင်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ပါတယ်။ ဘယ်လိုအခက်အခဲ တွေ့ကြုံလာခဲ့မယ်ဆိုလည်း အတူတူ မျှဝေခံစားကြတာပေါ့ ဟုတ်လား?
        ဆိုင်းကို နောင်းနောင် အရမ်းသတိရတယ်… ပျော်ရွှင်သောနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းရင်း အဝေးတစ်နေရာမှ အားငယ်စွာသတိရနေသူ နောင်းနောင်

About exodus42

0 comments:

Post a Comment