Promise လေး ပေးချင်လို့ပါ

စာပို့ထားတဲ့အတွက် အရမ်းဘဲ ၀မ်းသာမိတယ်။ ဆိုင်းရဲ့စာတွေကို လက်ခံရရှိတဲ့ အချိန်တိုင်းမှာ ထူးခြားတဲ့ ပျော်ရွှင်မူတွေကို ခံစာရလေ့ရှိတယ်။ အရာအားလုံးအတွက် ဆိုင်းကို အမြဲ ကျေးဇူးတင်မိတယ်။ မိဘတွေကို စိတ်ချမ်းသာစေတဲ့ သမီးလေး၊ အဖိုး/အဖွားတွေရဲ့ စကားကို နားထောင်တဲ့ မြေးလိမ္မာလေး၊ ညီမလေးတွေက ချစ်ခင်ရိုသေကြတဲ့ အစ်မကြီး (အရှောင်) ဒီလို မိသားစုတွေကို ပျော်ရွှင်စေတဲ့ သား/သမီတွေ ကို နောင်းနောင်က အရမ်းအထင်ကြီးတယ်။ နောက်ပြီး အရမ်း အာကျတယ်။ နောင်းနောင် တန်ဖိုးအထားဆုံး အရာလို့တောင် ပြောမလားဘဲ။ ဒါကြောင့် ဆိုင်းကို နောင်းနောင် အာကျနေမိ တာပါ။ နောင်းနောင် မလိမ်တတ်ပါဘူး။ ဒါကို မွေးရာပါ အားသာ ချက်လို့ ပြောမလား/ အားနည်းချက်လို့ဘဲ ပြောရမလား မသိဘူး။ တကယ်လို့ ဆိုင်း ပြောပြချင်တာလေးတွေ၊ ရင်ဖွင့်ချင်တာလေးတွေ ရှိခဲ့မယ်ဆိုရင် နောင်းနောင်ကို ရင်ဖွင့် ပြောပြနိုင်ပါတယ်။ အချိန်မရွေးပေါ့။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဆိုင်းနဲ့အတူ မျှဝေခံစားမယ်။ နောက်ပြီး ဘယ်လိုအကြောင်းနဲ့မှ နောင်းနောင်နဲ့ ဆိုင်ရဲ့ကြားက ခင်မင်မူတွေကို ပျက်စီးစေမှာ မဟုတ်ပါဘူး။ နောင်းနောင် ဆိုင်းကို ကတိပေးပါတယ်။
       ဘုရားသခင်ထံတော်မှ ကျေးဇူးတော်ခွက်ဖလား ဆိုင်းနဲ့ ဆိုင်းတို့မိသားစုတွေအပေါ် အစဉ် ပြည့်လျှံလျက် ရှိပါစေလို့ ဆုတောင်းရင်း အဝေတစ်နေရာက
အမြဲသတိရနေမိသူ နောင်းနောင်

About exodus42

0 comments:

Post a Comment