Dear Seng,
အသံကြားရတာတော့ အရမ်းပျော်ရွှင်နေမှန်း သိသာတယ်။ ဒီလိုဘဲ အမြဲတမ်း ပျော်ရွှင်နိုင်ပါစေနော်။ Seng ကို နောင်းနောင် အမြဲ သတိရနေပါတယ်။ နောက်ပြီး Seng ကို နောင်းနောင် ပြောပြချင်တာလေးတွေရှိတယ်။ နောင်းနောင် ဘက်ကနေ သဘောကျတဲ့ အကြောင်း ဖွင့်ပြောတော့ ဆိုင်းကရယ်တယ် “ဟုတ်ရဲ့လား? သေချာမှလဲ ပြောနော်” “နောင်းနောင်က ဆိုင်းရဲ့အကြောင်းကို သေချာမသိဘဲနဲ့” တကယ်လိုသာ နောင်းနောင် ဆိုင်းရဲ့အကြောင်းကို သိလို့ ပြောမယ်ဆိုရင်တော့ လက်ခံမယ့် သဘောပေါ့နော်…. ဟုတ်လား?။ တကယ်တော့ ဆိုင်းထင်သလို မဟုတ်ရပါဘူး။ နောင်းနောင်က ဆိုင်းရဲ့အကြောင်းကို သိသင့်တလောက်တော့ လုံးဝ သိနင့်နေပါပြီ။ ဒါကြောင့်လဲဘဲ ဆိုင်းကို သဘောကျ၊ မြတ်နိုးရတဲ့အကြောင်း ရိုးရိုးသားသား ၀န်ခံတာပေါ့။ နောင်းနောင်လဲဘဲ ကလေးမှ မဟုတ်တော့တာ။ ကိုယ့်စိတ်ကို ကောင်းကောင်းသိပြီး သေချာမှ ဆုံးဖြတ်တာပါ။ ဆိုင်းနဲ့ ဆိုင်းတို့ မိသားစုနဲ့ပတ်သက်ပြီး နောင်းနောင် ထူးခြားစွာ ခံစားနေရတာကို ရင်ဖွင့် ပြောပြရုံလေးပါ။ နောက်ပြီး ဆိုင်းက နောင်းနောင်းကို သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက်လို ခံစားမိတာပေါ့လေ…ဟုတ်လား? ကိုယ်က တစ်ခါမှလဲ မတွေ့ဖူးဘူး။ နောက်ပြီး သူ့ရဲ့အကျင့် စာရိတ္တကိုလဲဘဲ မယ်မယ်ရရ သိတာမဟုတ်ဘူး။ ဒီလိုလူမျိုးကို ချစ်ဖို့မပြောနဲ့ ခင်ဖို့တောင် မလွယ်မှန်းသိပါတယ်။ ဒါနဲ့တောင် ဆိုင်းက အခုလို အသိအမှတ်ပြုပေးတဲ့အတွက် အရမ်းကျေးဇူးတင်မိတယ် ဆိုင်းရယ်။ ဆိုင်းက ခုထိ နောင်းနောင်ကို လူညာလေးလို့ ခေါ်နေတုန်းဘဲနော်... ဘယ်အချိန်ထိ ခေါ်နေအုံးမလဲ ?။
ပြန်ဆုံမယ့်အချိန်ကို မျှော်နေမယ်နော်... See you Seng.
အမြဲသတိရနေသူ နောင်းနောင်
0 comments:
Post a Comment