မရယ်နဲ့နော်

Dear Seng,
             "တစ်နေ့ တစ်လမ်း၊ ပုဂံ ဘယ်ပြေးမလဲ။ ပျံသန်းရင်းနဲ့ အတောင်စုံအောင် ကြိုးစားပေါ့" ဆိုတဲ့အတိုင်း အတွေ့အကြုံ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဆိုင်း ပြန်လာမဲ့ရက်ကို အမြဲမျှော်နေပါတယ်။ ပြီးတော့ ဘုရားသခင်ထံမှ ကျေးဇူးတော် ဆိုင်းနဲ့အတူ အမြဲ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ဆိုင်းကို နောင်းနောင် ပြောပြစရာလေး တစ်ခုရှိတယ် သိလား… နောင်းနောင်ရဲ့ အိပ်မက်လေး အကြောင်းပေါ့။ တကယ်ကိုရယ်ရတယ်။ ရယ်ရတာမှ အရမ်းဘဲ။ နောင်းနောင်ကို သူဌေးသမီး တစ်ယောက်က လာပြီး တင်တောင်းတယ် ဆိုပြီး အိမ်မက် မက်ခဲ့တယ်။ မရယ်နဲ့နော် ပြောပြမယ်။


တစ်နေ့သော နံနက်ခင်း တစ်ခုမှာ နောင်းနောင်တို့ အိမ်ရှေ့ကို အကောင်းစား ကားတစ်စီး ဆိုက်ရောက် လာခဲ့တယ်။ ကားပေါ်မှ ကောင်မ ချေားချေားလေး တစ်ယောက်နဲ့ အဖိုးကြီး တစ်ယောက် ဆင်းလာတယ်။ ဝတ်စား ဆင်ရင်ပုံကို ကြည့်တာနဲ့ သူဌေးမှန်း သိနေတယ်။ သူဌေးကြီးက နောင်းနောင်ကို မြင်တာနဲ့ တန်းပြီးပြေးဖက် တော့တာဘဲ “ဘယ်သူများလဲလို့ မောင်ရင်လေးကို သမီးလေးက လူရွေး တော်သားဘဲ၊ အဖေလဲဘဲ ဒီလို လိမ်မာတဲ့ တမက်လောင်းကိုဘဲ လိုချင်တာ….” ဒါနဲ့ သူဌေးကြီးဟာ အချိန် ဆွဲမနေတော့ဘဲ လာရင်းကိစ္စကို ပြောတော့တာပေါ့။ “ ဒီနေ့လာရခြင်း အကြောင်းရင်းက ဒီက မောင်ရင်လေးကို ဦးရဲ့သမီးလေးက ကြိုက်ပါတယ်၊ ချစ်ပါတယ်၊ တန်ဖိုးထားပါတယ် ဆိုလို့ လာပြီး တင်တောင်းတာပါ” ဒီစကားကို နောင်းနောင် ကြားလိုက်တာနဲ့ မရယ်မိအောင် ကိုယ့်ကိုကိုယ် မနည်း ထိန်းလိုက်ရတယ်။ ဒီလိုအဖြစ်မျိုးရော ရှိသေးရဲ့လား လို့ပေါ့။ ဒါနဲ့ နောင်းနောင် ပြုံးစိစိနဲ့ စိတ်ထဲက ရှိတဲ့အတိုင်း “ အခုလို သူဌေးသမီး တစ်ယောက်က နောင်းနောင်ကို လာပြီး တင်တောင်းလိမ့်မယ်လို့ တစ်ခါမှတောင် အိပ်မက် မမက်ဖူးဘူး…. ဒါဟာ နောင်းနောင်အတွက် တကယ်ကို ဝမ်းသာစရာ၊ ဂုဏ်ယူစရာဘဲ။ ဒါပေမဲ့ တကယ်စိတ်မကောင်းပါဘူး နောင်းနောင် တန်ဖိုးထား မြတ်နိုးတဲ့ မိန်းကလေးက ရှိနင့်နေပါပြီ” ဆိုပြီး ရင်ကိုကော့၊ ခေါင်းကိုမော့ကာ ပြေားလိုက် တာပေါ့။ ဒါနဲ့ သူဌေးကြီးက အံ့သြစွာ၊ ကပြာကယာနဲ့ နောင်းနောင်ရဲ့ လက်ကို ဆုတ်ကိုင်းရင်း “ မောင်ရင် စဉ်းစားကြည့်ပါအုံး၊ သမီးလေးက နိုင်ငံခြားမှ ဘွဲတွေလေးရပြီးပြီ၊ မောင်ရင်သာ လက်ခံမယ်ဆိုရင် ဦးပိုင်ဆိုင်တဲ့ တိုက်၊ကား အရာ အားလုံး အားလုံး သားနဲ့ သမီးအတွက်ဘဲဖြစ်မှာပါ” "ဟုတ်ပါတယ် ကိုနောင်းနောင်ရယ် ညီမလေးက အကို့ကို တကယ် ချစ်တာပါ" “နောင်းနောင် နားလည်ပါတယ် ညီမလေးဟာ အပြစ်ပြောစရာ မရှိအောင်ကို အရာရာပြည့်စုံပါတယ်၊ ဒါပေမဲ့ နောင်းနောင်က အရာအားလုံးထက် သူမကို ပိုပြီး တန်းဖိုးထာတယ်၊ နောင်းနောင်ရဲ့ အချစ်တွေ သူမအတွက်သာ ထာဝရဖြစ်မှာ။ ဒါကြောင်း နောင်းနောင်း တကယ် စိတ်မကောင်းပါဘူး”

ထွက်သွားတဲ့ ကားနောက်ကို ကြည့်ရင်း ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်းနောင် ကျေနပ်စွာ ပြုံးနေမိခဲ့တယ်။ ပြီးတော့ အခုလို သူဌေးသမီးကို ကျေကျေနပ်နပ်ကြီး ငြင်းလိုက်တဲ့ ကိုယ့်ကိုကိုယ်လဲဘဲ အတိုင်းမသိ အံ့သြ၊ ဂုဏ်ယူ နေမိတယ်။ ဆိုင်း နောင်းနောင် ဘာကြောင့်များ သူဌေးသမီးလေးကို ကျေကျေနပ်နပ်နဲ့ ငြင်းလိုက်မိတာလဲ ……..?

အမြဲသတိရနေသူ နောင်းနောင် 

About exodus42

0 comments:

Post a Comment