Dear Seng,
အစစအရာရာ အဆင်ပြေပါစေလို့ အမြဲဆုတောင်းလျှက်ပါ…. ဆိုင်း နေရာသစ်မှာ ပျော်ရွှင်နေရဲ့လား…? ထင်ထားဒါထက်တောင် ပိုပြီး အဆင်ပြေနေမယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့ အစားအသောက်ရော အဆင်ပြေရဲ့လား….? ရေကို ကြိုချက်ပြီးတော့ သောက်နော်။ တောရွာဘက်က ရေတွေက အများအားဖြင့် မသန့်ဘူး မဟုတ်လား…. ဒါကြောင့် စိတ်ပူတယ်… နောင်းနောင်တော့ ဆိုင်းကို တစ်ရက်မှ မလွမ်းဘူးလို့ ဘယ်လိုမှ ညာလို့ကိုမရဘူး… အရမ်းလွမ်းဒါဘဲ ဆိုင်းရယ်… နောင်းနောင်ရဲ့ အသွေး၊ အသားနဲ့ တည်တဲ့ အချစ်မို့လို့ထင်တယ်…… ဘုရင်သခင်ရဲ့ အမှုတော်ထဲမှာ. အကောင်းဆုံးပါဝင် ဆက်ကပ် နိုင်ပါစေလို့ ဆုတောင်းရင်း.....
မီးအိမ်ရှင်မလေးကို သတိရ လွမ်းနေမိသူ နောင်းနောင်
0 comments:
Post a Comment