အပြင်မှာတွေ့ရင်ကော ခင်နိုင်မလား.....?

Dear Seng,
         ဆိုင်း နင်ဟာ နောင်းနောင်အတွက် ဘုရာပေးတဲ့လက်ဆောင်လား…… ဒါမှမဟုတ် ဆိုင်းဟာ နတ်သမီးလေး တစ်ပါးဘဲလား….. နောင်နောင်ရင်ထဲ ခံစားနေတာတွေကို ဘာကြောင့် ဆိုင်းက ကြိုးပြီး သိနှင့်နေတာလေး….. ကန္တာရလို ပျော်ရွှင်မှုတွေ ခြောက်ကပ်နေတဲ့ နောင်းနောင်ရဲ့ နလုံးသားထဲကို ဘာကြောင့်များ ပျော်ရွှင်မှုတွေ တပွေ့တပိုက်ကြီးနဲ့ ဝင်လာခဲ့တာလဲ…. ဒါမှမဟုတ် နောင်းနောင် ရင်ထဲမှာ အမှန်တကယ် ဆာလောင် ငတ်မွေ့ တောင်တနေတဲ့ အရာတွေကို သိလို့ သနား၍ လူရောင်ဆောင်ပြီး ရောက်ရှိလို့လာတဲ့ နတ်သမီးလေးလာ….. ဒါမှမဟုတ် နောင်းနောင်ကဘဲ အိပ်မက် မက်နေတာလာ…. ဘယ်လိုဘဲဖြစ်ဖြစ် ဆိုင်းကို ပြောမပြနိုင်အောင် (နှိုင်းယှဉ်းနိုင်မဲ့) စကားလုံးတွေ ရှာမတွေ့နိုင်အောင်ကို ကျေးဇူးတင်မိတာတော့ အမှန်ပါဘဲ.….. ဆိုင်းဟာ နောင်းနောင်အတွက်တော့ ကန္တာရထဲက အိုအေစစ်လေးပေါ့……

ကန္တာရလို ခြောက်ကပ်နေတဲ့ နောင်းနောင်ရဲ့ နှလုံးသား၊ သက်ရှိအပင်ဆိုလို့ ဘာတစ်ခုမှ မပေါက်ရောက်နိုင်တော့ဘူးလို့ လုံးဝ ယုံကြည် လက်ခံထားတဲ့ နှလုံးသား နယ်ပယ်ထဲကို ဒီနတ်သမီးလေဟာ ဆိုင်းအဖြင့်နဲ့ အံ့သြစွာ ရောက်ရှိလို့ လာခဲ့တယ်…… ပျိုးစေ့တွေလာချတယ်….. တာတင်မကဘူး….. အပင်ရှင်သန်လာအောင် နတ်သမီးလေးဟာ ကောင်းကင်ဘုံကနေပြီတော့ မနက်တိုင်း မနက်တိုင်း ဆင်းလာပြီး အမြဲရေးလောင်းပေးခဲ့တယ်….. မျှော်လင့်ချက်မဲ့နေတဲ့ နောင်းနောင်ရဲ့ နှလုံးသားကို ဆိုင်းရဲ့လက်နဲ့ အသက်ပြန်သွင်းပေးခဲ့တယ်….. ဟောကြည့် အခုတော့ နောင်းနောင်လုံးဝ မထင်ထားတဲ့ ဂန္တာရထဲမှာ လှပတဲ့ အချစ်ပန်းပင်လေး ပေါက်လို့လာခဲ့ပြီ……. လောကကြီးရဲ့ အလှတရားတွေကို အခုမှ သိမြင်ခံစားတတ်ခဲ့ပြီ….. နောင်နောင် ရင်ထဲက အချစ်ပန်းလေး ဆိုင်းနဲ့တွေ့မှ တဖန်ပြန်လည် ရှင်သန်ခွင့်ရခဲ့ပြီ ….. ပန်းလေးက အခုမှ အဖူးဘဲရှိသေးတယ် တာပေမဲ့ လောကကြီးရဲ့ လှိုင်းလုံးတွေကို ကျော်ဖြတ်ဖို့ အားတွေပြည့်နက် နေတလို ပန်းလေးက ခံစားနေရပြီ….. သူရဲ့ ဘဝ တဖန်ပြန်လည်တောက်ပလာခဲ့ပြီ….. ဒါပေမဲ့ ပန်းလေးဟာ အခုတော့ တစ်စုံတစ်ခုကို စိုးရိမ်၊ သွေးပူနေလေပြီ..…. တစ်နေ့တစ်ချိန်ချိန်မှာ နတ်သမီးလေးဟာ ဒီပန်းပင်လေးကို ရေမလောက်တော့ဘဲ ပြစ်ထား သွားခဲ့မဲ့ ရက်လေးကိုပေါ့…. ဒါဆိုရင် ဒီပန်းပင်လေးဟာ နေပူကြဲကြဲအောက်မှာ ဝေဒနာတွေကို ထွေးပိုက်ရင်း တစ်သက်လုံး ခံစားနေရတော့မယ်….. နတ်သမီးလေးသာလျှင် ပန်းလေးရဲ့ဘဝကို လှပအောင် လုပ်ပေးနိုင်တယ် မဟုတ်လာ…… နောင်နောင်အတွက် ဒီနတ်သမီးလေးဟာ တန်းဖိုး မဖြတ်နိုင်တဲ့ ရတနာလေးပေါ့…..

ငွေလဝန်းရဲ့ အလင်းအိမ် မှေးမိန်တဲ့အခါ ရှိပေမဲ့
နောင်းနောင်ရဲ့ မေတ္တာ သာနေမှာ အမြဲပါ….
အမြဲစီးတဲ့ စမ်းချောင်းလည်း ခမ်းခြောက်တဲ့အခါ ရှိပေမဲ့
နောင်းနောင်ရဲ့ မေတ္တာ စီးဆင်းနေမှာ အမြဲပါ…..
သုံးရာသီမှာ ပွင့်တဲ့ ပန်းတွေလည်း ညှိးနွမ်းတဲ့အခါ ရှိပေမဲ့
နောင်းနောင်မေတ္တာ လန်းဆန်းနေမှာ အစဉ်အမြဲပါ….
မသေချာတဲ့ လောကထဲ မသေချာခြင်းတွေ ရှိနေပေမဲ့
နောင်းနောင်ရဲ့ မေတ္တာ နတ်သမီးလေး ဆိုင်းအတွက် သေချာနေမှာ အစဉ်အမြဲပါ…..

ဆိုင်း…. ဆိုင်းအတွက် ငွေလမင်း ဆိုတဲ့ သီချင်းလေး နောင်းနောင် ပို့ထားတယ်နော်…. ဒီသီချင်းလေးကို နောင်းနောင် ဆိုင်းကို ဆိုပြနေတယ် ဆိုတဲ့ စိတ်ကူးလေးနဲ့ နားထောင် ပေးစေလိုပါတယ်…. ဖြစ်တယ် မဟုတ်လာ….? ဖြစ်ပါတယ်နော်…… နောက်ပြီး ဆိုင်းရွေးချယ်ထားတဲ့ Understanding the biblical study on Luke 10:27 comparing between Buddha's teaching and Jesus teaching applying the present christian community ဆိုတဲ့ ဒီကြောင်းအရာလေးဟာ အင်မတန်မှ ကောင်းတဲ့ ရွေးချယ်မှုလေးလို့ နောင်းနောင်မြင်တယ်….. ဒါပေမဲ့ ရိုးသားစွာ ဝန်ခံရရင် ဒီအကြောင်းအရာလေးဟာ နောင်းနောင်အတွက် heavy တော့ဖြစ်တယ်….. အဖြေကတော့ ရှင်းရှင်းလေးပေါ့…. Buddha's တရားတွေကို အပေါ်ယံဘဲ နားလည် သဘောပေါက်လို့ပေါ့….. ဒါပေမဲ့ ဆိုင်းကတော့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်…. ဆိုင်းအတွက် အသုံးဝင်မယ်ထင်တဲ့ Buddha's တရားတွေကို ပို့ပေးလိုက်ပါတယ်….. ဆိုင်းသာ လက်ခံမယ်ဆိုရင် ပါဝင်ကူညီဖို့ အမြဲတမ်း Welcome ပါဘဲ..... 
ဆိုင်းရဲ့ ပါရမီတွေကို အမြဲ ဖြည့်စည်းပေးချင်နေမိသူ နောင်းနောင်

About exodus42

0 comments:

Post a Comment